၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေး ကန့်ကွက်မှုတွေနဲ့ ပတ်သက်လို့ NLD ဒုဥက္ကဋ္ဌ ပြောကြားချက်

မန္တလေး၊ ဇူလိုင် ၁၉ – ၂၀၁၉

ဖြူဖြူ(VOM)

 

ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈) ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ထောက်ခံသူတွေရှိသလို ကန့်ကွက်သူတွေလည်း အများအပြား ရှိနေပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး NLD ပါတီ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ပြောဆိုတာကတော့ “ဘုရားလက်ထက်ကတောင် အဇာတသတ်လို၊ ဒေဝဒတ်လိုလူပေါ်ခဲ့သေးတာ။ ဗိုလ်ချုပ်အောင်ဆန်းက ဒီလောက် တိုင်းပြည်ကောင်းအောင် လုပ်ခဲ့တာတောင် ဦးစောလိုလူ ပေါ်ခဲ့သေးတာ။ စနစ်တစ်ခုကို တည်ဆောက်တဲ့အခါ အကောင်းမြင်တဲ့သူရှိရင် ဆန့်ကျင်တဲ့သူရှိမှာပဲ။ ဒါပေမယ့် ကျနော်တို့ နိုင်ငံအတွက် ဘာအခြေခံ လိုအပ်ချက်လဲဆိုတာ လူတိုင်းသိပါတယ်။ ငြိမ်းချမ်းရေးပဲ။ လူ့အခွင့်အရေးတွေနဲ့ ပြည့်ဝတဲ့၊ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ပြည့်ဝတဲ့ စံချိန်စံညွှန်းနဲ့ညီတဲ့ အခြေခံဥပဒေကလည်း အရေးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။” လို့ ဆိုပါတယ်။

 

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ပြင်ဆင်တာဟာ နိုင်ငံအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ ဝေဖန်မှုတချို့အပေါ်မှာတော့ ဒါဟာ သုံးစွဲသူတွေရဲ့ ရင်ထဲက ဆန္ဒအပေါ်မှာသာမူတည်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဘယ်သူ့အတွက် အန္တရာယ်ရှိတာလဲဆိုတာ ပြည်သူပြည်သားတွေကို လိုက်မေးကြည့်ရင် အဖြေထွက်လာပါလိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။

 

#voiceofmyanmar #မန္တလေး #ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) #ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် #NLD

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW