ဒေါ်အောင်ဆန်းစုကြည်ကို ကျောင်းသားသမဂ္ဂများ ဆန္ဒပြ

ရန်​ကုန်​ ၊ ဇူလိုင်​ ၂၀-၂၀၁၉

သူရိန် (VOM)

 

 

 

ရန်ကုန်တက္ကသိုလ်က ​မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူခြင်း အခမ်းအနားကို တက်​​ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဆိုင်းဘုတ်​​တွေကိုင်​​ဆောင်​ပြီး ဆန္ဒပြခဲ့ကြပါတယ်​။

 

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်ပြီးပုဒ်မ ၁၉ နဲ့ဖမ်းဆီးထားတဲ့ ကျောင်းသားများကို ချက်ချင်းလွှတ်ပေးရေး၊ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း၊ အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား မောင်ထူးဝေယံကို လွှတ်ပေးရေး၊ ကျောင်းသူများ လိင်အကြမ်းဖက်ခံရမှု​တွေကို ဖြေရှင်းပေးရေး၊ ဖိနှိပ်သော အဆောင်စည်းကမ်းများ ဖျက်သိမ်းရေး စတဲ့ စာတန်း​တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 

“အဓိက က​တော့ မတရားဖမ်းဆီးခံရတဲ့​ ကျောင်းသား​တွေ အတွက် အသံတိတ်​ဆန္ဒပြရတာပါ။ ပထမ​တော့​ ကြွေး​ကြော်​သံ​တွေနဲ့​ တောင်းဆို​ပေမယ့်​ ဝန်​ကြီးချုပ်​နဲ့​ထွေအုပ်​က လာ​ရောက်​ညှိနှိုင်းလို့ အသံတိတ်​ ဆန္ဒပြရတာပါ။ ဆဲဗင်းဇူလိုင် မှာချီတက်​အ​လေးပြုတာကို တိုင်းအစိုးရအမိန့်​နဲ့ ​ကျောင်းသား​တွေကို မတရားဖမ်းဆီးတာ​တွေလည်း လုပ်​​နေ ကြလို့ အခုလို လုပ်​ရတာပါ” လို့​ ဆန္ဒပြပွဲမှာပါဝင်​တဲ့​ ကျောင်းသားတစ်​ဦးက ပြောပါတယ်​။

 

နိုင်ငံတော်​၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီ​နေ့မနက်​ ၉ နာရီက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပြီး၊ ကင်းထောက်လုပ်ငန်းစဉ်တွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတွေအတွက် လမ်းညွှန်မှာကြားတဲ့ အခမ်းအနားနဲ့ ရန်ကုန်တက္ကသိုလ်၊ ကံ့ကော်ဥယျာဉ်မှာ အမှတ်တရ သစ်ပင်စိုက်ပျိုးတဲ့ အခမ်းအနားကို တက်ရောက်​ခဲ့တာပါ။

 

#voiceofmyanmar #ဗကသ #ဒေါ်အောင်ဆန်းစုကြည် #ရန်ကုန်တက္ကသိုလ် 

Related posts

Leave a Comment

VOM News

FREE
VIEW