အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်စိုး နုတ်ထွက်စာတင်

မန္တလေး ဇူလိုင် ၂၄-၂၀၁၉

နေလင်း(VOM)

 

 

အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးလည်းဖြစ် တနသာင်္ရီတိုင်း သရက်ချောင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးဟာ ဒီကနေ့ ရက်စွဲနဲ့  ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်း စာတင်ခဲ့ပါတယ်။

 

ဦးအောင်စိုးကို ဗီအိုအမ်က ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူဘာမှမပြောလိုသေးကြောင်း ဆိုပါတယ်။

 

အန်အယ်လ်ဒီပါတီရဲ့  ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့

 

“ ဦးအောင်စိုးနုတ်ထွက်စာတင်တာမှန်ပါတယ်။ ဒီကနေ့ရောက်လာပါတယ်။ ဒီကိစ္စကို ပါတီရဲ့ ဒုတိယဥက္ကဋ္ဌရဲ့ သဘောထားကို တောင်းခံထားကြောင်းနဲ့ လောလောဆယ်မှာတော့ နုတ်ထွက်စာထဲကအကြောင်းအရာတွေကိုတော့ မပြောလိုသေးပါဘူး၊ ဒီကိစ္စဟာ တာဝန်ယူမှုတာဝန်ခံမှုရှိရပါတယ်ခင်မျာ့ မိမိတာဝန်ယူတဲ့ကာလမှာ ပါတီအတွက် နစ်နာမှုရှိလာရင် တာဝန်ခံတဲ့အနေနဲ့ နုတ်ထွက်တာမျိုးပါ “ လို့ဆိုပါတယ်။

 

ဦးအောင်စိုးနဲ့ ပတ်သက်လို့  အောက်ခြေက တိုင်ကြားစာတွေတော့ ရှိတဲ့အကြောင်းနဲ့ အသေးစိတ်ကိုတော့ ပြောမပြနိုင်သေးဘူးလို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

 

ဦးအောင်စိုးဟာ အစိုးရကဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်လည်းဖြစ်ပြီး အဂတိလိုက်စားမှုရှိတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတဲ့  တနသာင်္ရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ရဲ့ ခဲအိုတော်စပ်သူဖြစ်ပါတယ်။

ဦးအောင်စိုးနဲ့ နီးစပ်သူတွေအပြောအရတော့ အန်အယ်လ်ဒီပါတီကနေ နုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ရပ်တည်မယ်လို့ သိရပါတယ်။

#voiceofmyanmar   #ဦးအောင်စိုး     #အန်အယ်လ်ဒီ #ဒေါက်တာမျိုးညွန့်

ဓါတ်ပုံ ပြည်သူ့လွှတ်တော်

Related posts

Leave a Comment

VOM News

FREE
VIEW