အလုပ်သမားအမှုတွေကို အမြန်လုပ်ဆောင်ပေးဖို့ အလုပ်သမားသမဂ္ဂက ရွှေပြည်သာတရားရုံးရှေ့မှာ ဆန္ဒဖော်ထုတ်

 

 

ရန်ကုန် ဇူလိုင် ၂၆-၂၀၁၉

မိုးယံ (VOM)

 

သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်ပြီး ရန်ကုန်တိုင်း ရွှေပြည်သာတရားရုံးရှေ့မှာ လူဦးရေ ၅၀ဝန်းကျင်က ရွှေပြည်သာမြို့နယ်တရားသူကြီးဦးသိန်းဆွေဦးကို အလုပ်သမားအမှုတွေ မြန်ဆန်စွာလုပ်ဆောင်ပေးဖို့ မနေ့ ဇူလိုင် ၂၅ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ် ။

 

ဆန္ဒဖေါ်ထုတ်ပွဲမှာ ပါတဲ့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဒေါ်မျိုးမျိုးအေးက

 

“ မကြူကြူခိုင်ကို ဥပဒေ မဲ့အလုပ်ထုတ်မှုနဲ့ တရားရုံးမှာ တစ်နှစ်လောက် အမှုဆိုင်ရတယ် လုပ်ငန်းရှင်က လုံးဝမလာဘူး ဒါကြောင့် တစ်ဘက်သတ်အမိန့်ချပေးဖို တောင်းဆိုလို့ တရားသူကြီးက တစ်သိန်းဘဲအမိန့်ချတယ် `မကြူကြူခိုင်ရဲ့လးစာက တစ်လ နှစ်သိန်း ၁၁လဘဲအလုပ်လုပ်လို့ တစ်ဝက်ကြေး ဘဲ အမိန့်ချတယ် နစ်နာကြေး ကြားကာလကြေး မပါဘူး ဥပဒေ အရခရိုင် ဆက်တက်ရမှာဖြစ်ပင်မယ့် နောက်မှာ အလုပ်သမားအမှု နှစ်မှုရှိသေးတယ် ကျမတို့အလုပ်သမားတွေက တစ်နှစ်ကျော် နှစ်နှစ် အမှုဆိုင်ရတယ် တရားသူကြီးတစ်ဦးအနေနဲ့ ဆက်စပ်တဲ့အလုပ်သမားဥပဒေတွေကိုမဖတ်ခဲ့တဲ့ မလေ့လာခဲ့တဲ့အတွက် အခုလိုဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်လို့”  ပြောပါတယ်။

 

နယူးဝမ်းချိုင်းအထည် အလိပ်ကုမ္ပဏီ မှာ ဒေါ်ကြူကြူခိုင်ဟာ ထမင်းချက်အလုပ်ကို တစ်လ နှစ်သိန်းနဲ့အလုပ်လုပ်ခဲ့ပြီး ၁၁လပြည့်တဲ့အခါ အလုပ်ရှင်က လစာတစ်သိန်းနဲ့ သန့်ရှင်းရေး အလုပ်ခိုင်းတာမကျေနပ်လို့ လေဘာရုံးမှာတိုင်တဲ့အခါ သုံးကြိမ်စလုံးလုပ်ငန်းရှင်ကမလာခဲ့လို့ ကျမတို့ သမဂ္ဂက ကူညီပေးခဲ့တာပါလို့ပြောဆိုပါတယ်။

 

“ ကျမ နယူးဝမ်ချိုင်း အထည်အလိပ်ကုမ္ပဏီ မှာ ထမင်းချက်အလုပ်လုပ်ပါတယ် ၈လပိုင်းမှာအလုပ်ထုတ်ခံရပါတယ် ဒီတရားရုံးမှာ တစ်နှစ်နီးပါးအမှုဆိုင်နေရတာပါ ကျမသိန်း၂၀ ရလိုမှုနဲ့ တရားစွဲတာကို တရားသူကြီး က တစ်သိန်းဘဲအမိန့်ချတယ် ကျမ ရှေ့နေကြေး သွားလာခ အားလုံး၆သိန်းကုန်ခဲ့ပါတယ် တရားသူကြီး ဟာ နစ်နာကြေး မပေးဘဲ အလုပ်နားခိုင်းရင် တရားသူကြီး ဟာ ရှေ့ပတ်စာရေးအဖြစ် ရာထူးချခံရရင်ဘယ်လိုနေမှာပါလဲ တရားသူကြီး က ကုမ္ပဏီ ဘက်ကကာကွယ်ပြီး အမိန့်ချလို အခုလိုဆန္ဒထုတ်ဖော်တာပါလို့ “ ဒေါ်ကြူကြူခိုင်ကပြောပါတယ်။

 

ရွှေပြည်သာမြို့နယ် တရားသူကြီး အလုပ်သမားဥပဒေ ဖတ်ပါ တရားသူုကြီးတစ်ဦးရဲ့ဆင်ခြင်တုံ တရား ဂုဏ်သိက္ခာစောင့်ထိန်းပေးပါ ဒေါ်ကြူကြူခိုင်အမှုဆုံးဖြတ်ချက် လုံးဝလက်မခံ စတဲ့စာသားပါ စက္ကူ ကတ်အထူတွေကိုင်ပြီး အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အပါ အလုပ်သမားမိသားစုများ ၅၀ဦးက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ သူတို့တောင်းဆိုတာမရသေးရင်  ဒေါ်ကြူကြူခိုင်ကိုအလုပ်ထုတ်ခဲ့တဲ့ နယူးဝမ်ချိုင်း အထည်အလိပ်ကုမ္ပဏီရှေ့နဲ့ စတားတက်သိုးမွှေးအထည်စက်ရုံရှေ့မှာ အလုပ်သမား သမဂ္ဂအဖွဲ့ အလုပ်ထုတ်ခံရတဲ့အလုပ်သမားအဖွဲ့တွေ လာမယ့် ရက်သတ္တပတ်အတွင်း ဆန္ဒဖော်ထုတ်သွားဦးလို့ လို့လည်း ဦးဆောင်သူတွေကပြောပါတယ်။

 

#voiceofmyanmar #ရွှေပြည်သာ  #အလုပ်သမားသမဂ္ဂ  #နယူးဝမ်ချိုင်း #စတားတက်

 

Related posts

Leave a Comment

VOM News

FREE
VIEW