တိုကျို၊ ဇူလိုင်-၁၈-၂၀၁၉ မျိုးဆက် (VOM) ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ အန်နီမေးရှင်း စတူဒီယိုတစ်ခုမှာ သံသယဖြစ်ဖွယ်မီးရှို့တိုက်ခိုက်ခံရတာကြောင့် လူ ၁၃ ဦးးထက်မနည်းသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အရေးပေါ်စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အမျိုးသားတစ်ဦးဟာ ကျိုတိုအန်နီမေးရှင်းကုမ္ပဏီ စတူဒီယိုအတွင်းကို ဇူလိုင် ၁၈ ရက်က ချိုးဖောက်ဝင်ရောက်ပြီး အမျိုးအမည်မသိ အရည်တွေနဲ့ ပက်ဖြန်းရာကနေ မီးလောင်ကျွမ်းမှုစတင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီးဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ အမည်ဖော်ပြမထားတဲ့ အဲဒီ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ထိခိုက်ဒဏ်ရာရရှိထားတာကြောင့် ဆေးရုံတင်ပို့ထားပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသွားတဲ့ လူ ၁၀ ဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိနေတယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဇူလိုင် ၁၈ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်က…
Read MoreMonth: July 2019
စစ်ကိုင်း ဧမြဝတီရပ်ကွက်မှာ ဧရာဝတီမြစ်ရေဝင်ရောက်လို့ မြေနိမ့်ပိုင်းက လူနေအိမ်အချို့ ပြောင်းရွှေ့နေရပြီ
စစ်ကိုင်း၊ ဇူလိုင် ၁၈- ၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်မှာ ဧရာဝတီမြစ်ရေဝင်ရောက်တဲ့အတွက် မြေနိမ့်ပိုင်းမှာနေထိုင်တဲ့ လူနေအိမ်အချို့ စတင်ပြောင်းရွှေ့နေရပြီလို့ ဒီနေ့မနက်ပိုင်းမှာ ဒေသခံတွေဆီက သိရပါတယ်။ ”ရေက တနေ့ကို တစ်ပေ၊ တစ်ပေခွဲလောက် တက်လာတယ်။ ရပ်ကွက်နေပြည်သူတွေက ချိုင့်ဝှမ်းထဲမှာနေရတဲ့ အခါကျတော့ တဖြည်းဖြည်း ရွှေ့ပြီးနေထိုင်လာရာကနေ ခုက ရပ်ကွက်အတွင်းမှာ ထားစရာနေရာမရှိတော့ ခံတပ်ကြီးရဲ့ မြောက်ဘက် ဆေးရုံဝန်ထမ်းအိမ်ရာဘေးမှာ နှစ်စဉ်ထားနေတဲ့ နေရာလေးမှာပဲ နေရာချထားပေးမယ်။”လို့ ဧမြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောပါတယ်။ ဧမြဝတီရပ်ကွက်မှာ နှစ်စဉ် ဧရာဝတီမြစ်ရေ ဝင်ရောက်တဲ့အတွက် မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့ အိမ်ထောင်စုတွေဟာ ရပ်ကွက်ဝင်ရာလမ်းပိုင်းဘေးဝဲ၊ယာနဲ့ ဘုန်းကြီးကျောင်းအချို့မှာ ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။ ဒါပေမယ့် အချို့အိမ်ထောင်စုတွေက နေထိုင်မှု၊ သန့်ရှင်းသပ်ရပ်မှုမရှိလို့ဆိုပြီး ဒီနှစ်မှာတော့ ဘုန်းကြီးကျောင်းတွေက လက်မခံတော့ဘူးလို့ ဧမြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။…
Read Moreမန္တလေးမှာ ဝါတွင်းကာလ သံဃာတော် ၃၇၀၀၀ အတွက် ဆွမ်းဆန်လောင်းလှူ
မန္တလေး၊ ဇူလိုင် ၁၈ – ၂၀၁၉ ဖြူဖြူ (VOM) မြန်မာ ဓလေ့ထုံးထမ်းအရ ဝါဝင်ပြီဆိုတာနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ဝါတွင်းကာလမှာ မိုးရွာတတ်တဲ့အကြိမ်အခါတွေများတာကြောင့် သံဃာတော်တွေအနေနဲ့ ဆွမ်းခံထွက်ဖို့ အခက်အခဲရှိတတ်တော့ ဆွမ်းကွမ်းလိုအပ်မှုတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် သံဃာ့ထုံးထမ်းအစဉ်အလာအရ ပရိယတ္တိစာပေတွေကို ဝါတွင်းကာလမှာ အထူးလေ့လာသင်ကြားနေတာကြောင့်လည်း ဆွမ်းဆန်လိုအပ်တတ်ပါတယ်။ အဲဒါကြောင့် ဆွမ်းအတွက် မပူပန်ရအောင် ဆန်လှူအသင်းတွေက လောင်းလှူလေ့ ရှိကြပါတယ်။ မန္တလေးမြို့မှာလည်း ချမ်းသာကြီး ဆန်လှူအသင်းကနေ ဝါဆိုသံဃာ ၃၇၀၀၀ ကျော်အတွက် ဆွမ်းဆန်တွေ လောင်းလှူနေပြီ ဖြစ်ပါတယ်။ မန္တလေးခရိုင်အတွင်းရှိ ခြောက်မြို့နယ်က ဝါဆိုသံဃာတွေအတွက် ဒီနေ့ ဝါဆိုလဆုတ် ၂ ရက်ကနေ ၈ ရက်အထိ လှူဒါန်းသွားမှာပါ။ ဝါဆိုသံဃာတစ်ပါးကို ဆွမ်းဆန် ၄ ပြည် ၊ လွယ်အိတ်တစ်လုံး၊ ဆွမ်းစားပန်းကန်…
Read Moreပုဒ်မ ၅၉ (စ)မပြင်ဆင်ရေး ရန်ကုန်မှာ ဆန္ဒဖော်ထုတ်
ရန်ကုန်၊ ဇူလိုင် ၁၇ – ၂၀၁၉ သိဂီ င်္(VOM) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနဲ့ သံဃာအချင်းချင်းသင်းကွဲအောင် သွေးခွဲစော်ကားနေမှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ဒီနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ရန်ကုန်မြို့မှာ လူအင်အားသောင်းနဲ့ချီ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနဲ့ တိုင်းရင်းသားအချင်းချင်း သင်းကွဲအောင် သွေးကွဲစော်ကားနေတဲ့သူတွေကို ဆန့်ကျင်ရှုတ်ချဖို့၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အချုပ်အခြာအာဏာကိုကာကွယ်ဖို့ ဆန္ဒဖော်ထုတ်တာ ဖြစ်ပြီး ဒီပွဲမှာ ကြေးစားတွေ မပါဝင်ဘူးလို့ အမျိုးသားရေးဆောင်ရွက်သူတွေက ပြောပါတယ်။ ” မိမိလူမျိုး ဘာသာသနာကို ကာကွယ်စောင့်ရှောက်တဲ့ ရဟန်းရှင်တွေ၊ အများပြည်သူတွေ အမျိုးသားရေး ချစ်မြတ်နိုးသူတွေကိုကျ ကြေးစားတဲ့ ပြောကြတယ်။ အမှန်က ကြေးစားရဲ့ ဝေါဟာရကို မသိလို့။ ကိုယ့်နိုင်ငံ…
Read Moreစစ်ကိုင်းမြို့မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထောင်နဲ့ချီပြီး ထောက်ခံ
စစ်ကိုင်း၊ ဇူလိုင် ၁၇ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံတဲ့အနေနဲ့ ဒီနေ့ မနက်ပိုင်းက လူဦးရေ ထောင်နဲ့ချီပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီ ဆန္ဒဖော်ထုတ်ပွဲကို စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း၊ ဆားတောင်၊ ရွာသစ်ကြီး၊ မင်းကွန်းနဲ့ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်က ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။ စစ်ကိုင်းမြို့ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့ကနေ လူစုပြီး တာရိုးလမ်းကနေ မြို့မဈေးလမ်းကတစ်ဆင့် ဗိုလ်ချုပ်ပန်းခြံအထိ အခြေခံဥပဒေပြင်ဆင်ရေးအစီရင်ခံစာအတည်ပြုရေး ဒို့အရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေး မူကြမ်းအသစ်အတည်ပြုပေးရေး ဒို့အရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒ အောင်ရမည် စတဲ့ ကွေးကြော်သံတွေနဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ #voiceofmyanmar #၂၀၀၈ခြေ၊ဥပြင်ဆင်ရေး #ထောက်ခံပွဲ #စစ်ကိုင်း
Read More၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးဟာ လူထု သဘောထားမဟုတ်၊ နိုင်ငံရေးလူတစ်စု ဆန္ဒသာဖြစ်တယ်
နေပြည်တော်၊ ဇူလိုင် ၁၇ – ၂၀၁၉ ကိုထွန်း (VOM) ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ဖို့ဆိုတာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ သဘောထားမဟုတ်ဘဲ နိုင်ငံရေးလူတစ်စုရဲ့ ဆန္ဒသာဖြစ်တယ်လို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဒီနေ့ ဇူလိုင် ၁၇ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ ပြောဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ပြင်ဆင်ရေး လုပ်ငန်းစဉ်ဟာ ဥပဒေနဲ့မညီသလို ဆက်ပြီးလုပ်နေဆောင်နေတာဟာလည်း တိုင်းပြည်အတွက် မကောင်းဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အခြေခံပြည်သူလူထုဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားလည်သိရှိမှုနည်းသလို ဒီဥပဒေ ရှိခြင်း၊ မရှိခြင်းက သူတို့အတွက်ဘာပြသနာမှ မရှိဘူးလို့လည်း ဆိုပါတယ်။ အလားတူပဲ တိုင်းရင်းသားတွေမှာလည်း ဘာပြသနာမှ မဖြစ်သလို တပ်မတော်ပါဝင်ပတ်သက်တာ၊ မပတ်သက်တာကလည်း ပြသနာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။…
Read Moreလုပ်ငန်းခွင်မှာ အနိုင်ကျင့်တဲ့ အလုပ်ရှင်တွေကို ထောင်ချတော့မယ်
ဆိုးလ်၊ ဇူလိုင်-၁၇-၂၀၁၉ မျိုးဆက် (VOM) အလုပ်ရှင်တွေကို ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်ဒဏ်ပေးမှုတွေနဲ့အတူ လုပ်ငန်းခွင်မှာ အနိုင်ကျင့်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို တောင်ကိုရီးယားမှာ ပြဌာန်းလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်နှောင့်ယှက်တာတွေနဲ့ပတ်သက်ပြီး အလုပ်ရှင်တွေကို အရေးယူဖို့လိုအပ်တာကြောင့် ပထမဆုံးအကြိမ်အဖြစ် အဲဒီဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။ အတင်းပြောတာမျိုး၊ ကုမ္ပဏီလုပ်ငန်းတွေကို အတင်းအကြပ်စေခိုင်းတာမျိုး အပြုအမူတွေကိုပါ အလုပ်သမားတွေအနေနဲ့ တိုင်ကြားနိုင်တော့မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း နှောင့်ယှက်အနိုင်ကျင့်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် ပေါ်နေပြီး ၀န်ထမ်း ၇၀ ရာခိုင်နှုန်းကို သက်ရောက်မှုရှိနေတယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဥပဒေသစ်အရ လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရကြောင်း တိုင်ကြားတဲ့ဝန်ထမ်းကို ထုတ်ပယ်တာအပြင် ဘယ်လိုအရေးယူမှုမျိုးကိုမှ မပြုလုပ်ဖို့ အလုပ်ရှင်ကို ပိတ်ပင်တားမြစ်ထားပါတယ်။ လုပ်ငန်းခွင် အနိုင်ကျင့်တယ်လို့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ် ဒါမှာမဟုတ်…
Read Moreမြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့ အစီအစဉ်တွေ အပြီးသတ်ရေးစွဲနေ
ရန်ကုန်၊ ဇူလိုင် ၁၇ – ၂၀၁၉ သူရိန် (VOM) ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုဖြစ်တဲ့ မြောက်ဦးကို ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်။ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေး အစီအစဉ်တွေ ရေးဆွဲတာ၊ စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်တာတွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ပြည်တွင်းပညာရှင်တွေ ပူးပေါင်းညှိနှိုင်းရေးဆွဲနေပြီး အခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။ “ဒီဒေသတစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့အတွက် လက်ရှိမှာ စီမံခန့်ခွဲမှုအပိုင်းကို ရေးဆွဲနေပါတယ်။ မူကြမ်းအားဖြင့်တော့ တော်တော်လေး ပြီးနေပါပြီ။ အစည်းအဝးကတော့ နောက်ထပ် နှစ်ကြိမ်၊သုံးကြိမ်လောက်တော့ လုပ်ရဦးမှာပါ။ ဒီနှစ်ထဲ အပြီးသတ်ရေးဆွဲပြီးတော့ တင်သွားဖို့ရှိတယ်။” လို့…
Read Moreဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်
ဝါရှင်တန်၊ ဇူလိုင်-၁၇-၂၀၁၉ မျိုးဆက် (VOM) ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ခဲ့တဲ့အပေါ် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြားစစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ အမေရိကန်က ဇူလိုင် ၁၆ ရက်မှာ ကြေညာလိုက်ပြီး သူတို့ကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။ ဒီိလိုအရေးယူပိတ်ဆို့မှုတွေ ချမှတ်ရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လက်ထောက် ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ အခြားထိပ်တန်းစစ်ဘက်အရာရှိနှစ်ဦးနဲ့ သူတို့ရဲ့ မိသားစုတွေပါဝင်ပြီး ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူရာမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို မြန်မာအစိုးရက အရေးယူမှုမပြုလုပ်နိုင်သေးတာနဲ့ နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေ ထပ်ပြီးထွက်နေတဲ့အပေါ် စိုးရိမ်ပူပန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ …
Read More၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးမှာ ၅၉(စ) လို မပြင်သင့်တဲ့ ပုဒ်မတွေ မပြင်ဖို့ ဆန္ဒဖော်ထုတ်
မန္တလေး၊ ဇူလိုင် -၁၇ – ၂၀၁၉ ဖြူဖြူ (VOM) ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စု လွှတ်တော်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(ခြေ/ဥ) ပူးပေါင်းကော်မတီကနေ ၂၀၀၈ ခြေ၊ဥ ပြင်ဆင်ဖို့ လေ့လာတွေ့ရှိချက်တွေ တင်သွင်းလိုက်ပြီးတဲ့နောက် မပြင်ဆင်သင့်တဲ့ ဥပဒေတချို့ကို မပြင်ဖို့ ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ၂၀၀၈ ခြေ၊ဥမှာ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာတွေ ပါဝင်သလို လုံးဝမပြင်ဆင်သင့်တဲ့ ၅၉(စ)လို ပုဒ်မတွေ မပြင်ဖို့ဆိုပြီး လူအင်အား ၅၀၀ နဲ့အထက်ဟာ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ အဲဒီဆန္ဒဖော်ထုတ်ပွဲမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ၊ ၂၀၀၈ခြေ၊ဥ ပြင်ဆင်လိုတဲ့ ပါတီဝင်အချို့နဲ့ ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ပုဒ်မ ၁၂ ပါ ပြဌာန်းချက်များပြင်ဆင်ပေးရေး၊ ပုဒ်မ ၅၉(စ) မူလအတိုင်းဆက်လက်ထားရှိရေး၊ ပုဒ်မ ၄၃၆…
Read More