မြောက်ဦး၊ ဇူလိုင် ၅-၂၀၁၉ ခိုင်လင်းစံ (VOM) မိုးတွင်းကာလကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် လေးမြို့မြစ်ရေဟာ မြင့်တက်လာနေတာကြောင့် မြောက်ဦးမြို့နယ်အတွင်းက စင်္ဘောကိုင်း စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကို ကျေးရွာအတွင်းက နေအိမ်တွေမှာ ယာယီပြောင်းရွှေ့ထားရတယ်လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။ အဲ့ဒီစခန်းဟာ လေးမြို့မြစ်အထက်ပိုင်းက စင်္ဘောကိုင်းကျေးရွာအရှေ့ဘက် မြစ်ဝှမ်းသဲသောင်ခုံပေါ်မှာ ယာယီ တည်ဆောက်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလကနေစတင်ပြီးတော့ မြစ်ရေမြင့်တက်လာခဲ့တဲ့အတွက် အခုလို ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။ “အဲ့ဒီမှာနေလို့ မရတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေကို ရွာထဲကို ပြောင်းရွှေ့ထားရပါတယ်။ မြစ်ရေတက်လာတော့ စခန်းတစ်ခုလုံးကို ရေဝင်လာတယ်။ ဒါကြောင့် နေအိမ်တွေမှာပဲ ယာယီ နေရာချပေးထားရတာပေါ့။”လို့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။ လက်ရှိမှာ အဲ့ဒီစခန်းကို နေရာပြောင်းရွှေ့လိုက်ရတဲ့အတွက် ဒုက္ခသည်တွေကို ယာယီထားပေးမယ့် တဲအိမ်တွေ ဆောက်လုပ်ဖို့ အခက်အခဲရှိနေပြီး နေအိမ်တချို့ကိုတော့ အပြည်ပြည်ဆိုင်ရာ…
Read MoreMonth: July 2019
ရန်ကုန်မှာ ပြသလိုင်စင်မရှိဘဲ TV ပြသ လုပ်ကိုင်နေတဲ့ဆိုင်တွေ တွေ့ရင် အရေးယူမယ်
ရန်ကုန် ၊ဇူလိုင် ၅ – ၂၀၁၉ သိဂီ င်္(VOM) ရန်ကုန်တိုင်းအတွင်းမှာ ပြသလိုင်စင်မရှိဘဲ TV ပြသ လုပ်ကိုင်နေတဲ့ဆိုင်တွေ တွေ့ရှိရင် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ မင်္ဂလာဒုံမြို့နယ် မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့ကနေ သိရပါတယ်။ တိုင်းအတွင်းက စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ အလှပြုပြင်ရေးဆိုင်၊ အအေးဆိုင်တွေမှာ ပြသလိုင်စင်မရှိဘဲ TV ပြသနေရင် ၃၂(က) လိုင်စင်မဲ့ ဗီဒီယိုစည်းမျဉ်း / စည်းကမ်းဥပအေရ အရေးယူသွားမှာ ဖြစ်ပါတယ်။ အရင်ကတည်းက အရေးယူမှုတွေရှိခဲ့ပေမယ့် ထိထိရောက်ရောက်ဆောင်ရွက်မှု အားနည်းတာကြေင့် ဒီနှစ်မှာ စီမံချက်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ “အခုနှစ်ကစပြီးတော့ ဒီစီမံချက်နောက်ပိုင်းမှာ အရမ်းဆိုးဆိုးရွားရွားတွေ ရှိလာတာတွေ့ရင် အရေးယူတာတွေ ရှိလာပါမယ်။” လို့ မင်္ဂလာဒုံမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့ အတွင်းရေးမှူး ကိုထွန်းက ပြောပါတယ်။ …
Read Moreမီတာခတွေ တိုးမြင့်လာပြီးနောက် လျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲသူတွေကို အရေးယူမယ်
နေပြည်တော်၊ ဇူလိုင် – ၄ -၂၀၁၉ ကိုထွန်း(VOM) လျှပ်စစ်ဓါတ်အားသုံးစွဲခတွေ တိုးမြင့်လာပြီးနောက် လျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲတာတွေ၊ ဝန်ထမ်းတွေနဲ့ပေါင်းပြီး မသမာမှုလုပ်တာတွေကို အရေးယူသွားမယ်လို့ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း အခမ်းအနားက သိရပါတယ်။ “လျှပ်စစ်ဓါတ်အားကို ခိုးယူသုံးစွဲတာကို ကျနော်တို့ သိလို့ ဖမ်းတာရှိသလို ပြည်သူနဲ့ပူးပေါင်းပြီး ဖေါ်ထုတ်မှုတွေလည်း လုပ်ရပါမယ်။ အဲ့လိုမသမာမှုတွေ လုပ်နေတာကို သိရင် ကျနော်တို့ဆီကို ချက်ချင်း သတင်းပေးပါ။ သတင်းပေးသူကို လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းက ပါဝင်ပတ်သက်နေရင်လည်း ထိရောက်စွာ အရေးယူမှာ ဖြစ်သလို သုံးစွဲသူကိုလည်း ထိရောက်စွာ အရေးယူသွားပါမယ်။” လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောပါတယ်။ လျှပ်စစ်ဓါတ်အားသုံးစွဲခတွေကို ဇူလိုင် ၁ ရက်က စပြီး…
Read Moreတရုတ်နိုင်ငံပိုင် ရေနံကုမ္ဗဏီတစ်ခုမှာ မြန်မာနိုင်ငံသား ၉၀၀နီးပါး ဝင်ရောက်လုပ်ကိုင်နေ
မန္တလေး၊ဇူလိုင်၎-၂၀၁၉ ဟိန်းကို(VOM) မြန်မာ-တရုတ်နှစ်နိုင်ငံစွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်းလုပ်ဆောင်နေတဲ့ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းSEAOP/SEAGP ကုမ္ပဏီမှာမြန်မာနိုင်ငံသားအယောက် ၈၉၀ကျော်ဝင်ရောက်လုပ်ကိုင်နေပါတယ်။ အဲဒီကုမ္ပဏီဟာ ရန်ကုန်တိုင်းမှာအခြေစိုက်ပြီးမန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာရုံးတွေဖွင့်လှစ်ထားပြီးမြန်မာနိုင်ငံသားဘွဲ့ရဝန်ထမ်းတွေကိုရွေးချယ်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေပေးထားတာဖြစ်ပါတယ်။ ” ကုမ္ပဏီမှာမြန်မာနိုင်ငံသားလုပ်သားဦးရေစုစုပေါင်း၈၉၈ ယောက်ရှိပါတယ်၊အဲ့ဒီ၈၉၈ယောက်ကကုမ္ပဏီဝန်ထမ်းအားလုံးရဲ့၈၀ရာခိုင်နှုန်းဖြစ်ပါတယ်၊ဘွဲရဝန်ထမ်းတွေကိုပိုက်လိုင်းတည်ဆောက်ရေးကာလတွေမှာရွေးချယ်ခေါ်ယူပြီးခန့်အပ်ထားတာဖြစ်တယ်”လို့SEAOP ကုမ္ပဏီဥက္ကဋ္ဌမစ္စတာကျန်းချန်ကပြောပါတယ်။ မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို၂၀၁၀ခုနှစ်ကစတင်လည်ပတ်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံရဲ့ရေနံနှင့်သဘာဝကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုလုပ်ကိုင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ ” ကုမ္ပဏီကမြန်မာနိုင်ငံမှာတည်ရှိနေတဲ့အတွက်မြန်မာဝန်ထမ်းတွေအများကြီးလိုအပ်တယ်၊ကုမ္ပဏီအတွက်လည်းများစွာအကျိုးရှိမယ်လို့ယူဆပြီးမြန်မာဝန်ထမ်းအများစုကိုတာဝန်တွေပေးထားတာဖြစ်ပါတယ်၊မြန်မာနိုင်ငံမှာစီမံကိန်းစာချုပ်ချုပ်ထားတာက၂၃နှစ်ကျန်နေသေးတော့ဝန်ထမ်းအင်အားလိုအပ်ရင်လည်းထပ်ပြီးခေါ်သွားမှာပါ” လို့ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ်မစ္စတာLi Yong ကပြောပါတယ်။ မြန်မာနိုင်ငံလုပ်သားဝန်ထမ်းများနဲ့လုပ်အားကြောင့်မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ၆နှစ်တိုင်တိုင်လည်ပတ်ခဲ့ပြီးဖြစ်ကာ၊တရုတ်နိုင်ငံကိုသဘာဝဓာတ်ငွေ့၂၂၁ဘီလျံကုဗမီတာပို့လွှတ်ထားပြီး၊မြန်မာနိုင်ငံအတွက်၃၅ ဘီလျံ ကုဗမီတာပို့လွှတ်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံသားဝန်ထမ်းများရဲ့ရာထူးနဲ့ ဝင်ငွေလစာတွေကိုချိန်ညှိပေးခြင်း၊ကုမ္ပဏီဝန်ထမ်းတွေရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး သင့်တော်တဲ့လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေးစီမံကိန်းကိုရေးဆွဲခြင်း၊နိုင်ငံတကာအဆင့်မှီဝန်ထမ်းဖြစ်အောင်လည်းလုပ်ဆောင်ပေးနေတာတွေရှိတယ်လို့ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဆောင်ရွက်နေတဲ့ဝန်ထမ်းတွေက ပြောပါတယ်။ #voiceofmyanmar # SEAOP/SEAGP #တရုတ် #ရေနံ #သဘာဝဓါတ်ငွေ့
Read Moreနေပြည်တော် သက်ငယ်မုဒိမ်းမှု တရားခံအစစ်ဖြစ်ဖို့လိုလားနေကြ
ရန်ကုန်၊ ဇူလိုင်-၄-၂၀၁၉ သိဂီင်္(VOM) နေပြည်တော်က Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ ၃နှစ်မပြည့်သေးတဲ့ ကလေးငယ်ကို အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တကယ့်တရားခံအစစ်ကိုအရေးယူစေချင်တဲ့အပြင် မှားယွင်းအရေးယူတာမျိုးဖြစ်ခဲ့ရင် ဥပဒေအဖွဲ့အစည်းတွေမှာလည်းသက်ရောက်မှုတွေရှိလာနိုင်တယ်လို့အထက်တန်းရှေ့နေတစ်ဦးက ပြောဆိုလိုက်ပါတယ်။ “ရန်ကုန်မှာဆန္ဒပြပွဲလုပ်မယ်ကြားတယ်။နောက်ဒီနေ့မှာ ဖမ်းလိုက်ပြီ၊ ဒရိုင်ဘာကိုဖမ်းလိုက်တယ်လို့သိရတယ်။ကျွန်တော်တို့ပြည်သူတွေသံသယရှိတာကတခြားလူဖြစ်နေတယ်။ ဒီတော့အခြေနေက နည်းနည်းလေးသွေးဆူတဲ့အခြေနေဖြစ်လာတယ်။တိုက်ဆိုင်မှုလားတော့မပြောတတ်ဘူး။”ဘူးလို့ အထက်တန်းရှေ့နေကပြောပါတယ်။ ဒီကနေ့ဇူလိုင်၎ရက်နေ့မှာနေပြည်တော်ဒက္ခိဏခရိုင်တရားရုံးပြန်ကြားရေးအရာရှိကပြည်သူအများစုစိတ်ဝင်စားနေတဲ့နေပြည်တော်သက်ငယ်မုဒိမ်းမှုကျူးလွန်သူအဖြစ်ယာဉ်မောင်းအောင်ကျော်မျိုး(ခေါ်)အောင်ကြီး ဖြစ်ကြောင်းနဲ့တရားစတင်စွဲဆိုလိုက်ပြီဖြစ်သလိုနေပြည်တော်ထောင်မှာစတင်ချုပ်နှောင်ထားလိုက်ပြီလို့ပြောဆိုလိုက်တဲ့အပေါ်အထက်တန်းရှေ့နေတစ်ဦးကပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီလိုအလားတူပဲဆိုရှယ်မီဒီယာနဲ့ပြင်ပလူပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြားမှာလည်းဝေဖန်မှုတွေမြင့်တက်နေပါတယ်။တရားရုံးရဲ့ပြန်ကြားရေးအရာရှိ မီဒီယာတွေကိုပြောဆိုခဲ့တာကတော့ “ရဲကစုံစမ်းဖော်ထုတ်ပြီးဒီနေ့တရားစတင်စွဲဆိုလိုက်တယ်။ အမှုမှာကသက်သေ၂၆ယောက်ပြထားတယ်။သူ့ကို၃၇၆နဲစွဲထားတယ်။ သက်ငယ်မုဒိမ်းမို့လို့ခရိုင်တရားရုံးကစစ်ဆေးတာဖြစ်တယ်။ဒီနေ့တရားစတင်စွဲပြီဖြစ်လို့စတင်စစ်ဆေးတော့မှာပါ။ရုံးချိန်းကို၁၅ရက်နေ့ပြန်ချိန်းထားတယ်။နှစ်ဖက်စလုံးကိုမျှမျှတတစစ်ဆေးသွားမှာပါ”လို့ပြန်ကြားရေးအရာရှိဦးညိုဌေးကပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒရိုင်ဘာကိုတရားခံအဖြစ်စွဲချက်တင်လိုက်တဲ့ကိစ္စကိုအယုံအကြည်မရှိကြောင်းနဲ့တကယ်တရားခံအစစ်အမှန်ဆိုပါကအများပြည်သူကိုပွင့်လင်းမြင်သာသစွာချပြဖို့လိုအပ်ကြောင်း၊တရားဥပဒေစိုးမိုးရေးကိုယုံကြည်မှုရှိလာအောင်ချပြသင့်တယ်လိုဝေဖန်နေကြတာပဲဖြစ်ပါတယ်။ “ဒရိုင်ဘာကိုတရားခံဆိုတာမယုံကြည်ပါဘူး။ဘာကြောင့်ဆိုနဂိုကြားထားတဲ့စကားတွေလည်းရှိတယ်။ကလေးပြောခဲ့တဲ့စကားတွေကတကယ်သေချာရင်ဒရိုင်ဘာတရားခံအစစ်လို့လက်ခံဖွယ်ရာမရှိတဲ့အခြေအနေပါ။ နောက်ပြီးသက်သေပေါ့။ ဒီတရားခံကိုအရင်ကဖမ်းပြီးစစ်မေးဖူးတယ်။မခိုင်လုံလိုပြန်လွှတ်တယ်။ ခုပြန်ဖမ်းတယ်ဆိုတော့သက်သေပြချက်ခိုင်ခိုင်မာမာရလို့လားသိချင်တယ်။ တရားစီရင်ရေးစနစ်ကဖိအားပေးမှရမယ့်အခြေအနေဖြစ်နေပြီး၊ ရဲတပ်ဖွဲ့အနေနဲ့စီအိုင်ဒီအနေနဲ့တရားခံကိုဘယ်လိုစစ်ဆေးဖော်ထုတ်ခဲ့တယ်ဆိုတာပြည်သူကိုအသိပေးဖို့တောင်းဆိုချင်တယ်။ ဗစ်တိုးရီးယားလေးအတွက်တရားမျှတမှုရဖို့တောင်းဆိုချင်ပါတယ်။”လို့ရန်ကုန်မြို့နေပြည်သူတစ်ဦးဖြစ်တဲ့ကိုသန်းထွန်းအောင်ကပြောပါတယ်။ ရန်ကုန်မှာ ဆန္ဒပြဖို့လုပ်နေတဲ့သူတွေကလည်းဇူလိုင်၆ရက်မှာအင်းစိန်စီအိုင်ဒီရုံးရှေ့မှာပဲအမှုမှန်ပေါ်ပေါက်ရေး၊တရားခံအစစ်ကိုအရေးယူရေး၊တရားစီရင်ရေး ၊တရားဥပဒေစိုးမိုးရေးလုပ်ငန်းကိုလုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းမှန်မှန်ကန်ကန်ဆောင်ရွက်ပေးဖို့အတွက်အဓိကဦးတည်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ဒီကိစ္စအမှုမှန်ပေါ်ပေါက်ဖို့ နိုင်ငံတော်သမ္မတရုံးက လိုလားတဲ့အကြောင်းထုတ်ပြန်ပြီးတဲ့နောက်မှာ ခုလို တရားခံမိထားပြီဆိုပြီး ကျောင်းကားမောင်းသူကို ဖမ်းဆီးရုံးတင်လိုက်တာဖြစ်ပါတယ်။ #voiceofmyanmar #သက်ငယ်မုဒိမ်း #wisdom Hill #သမ္မတရုံး…
Read Moreအမျိုးသားရေးလှုပ်ရှားသူတွေဦးဆောင်ပြီး ကလေးသူငယ်ဥပဒေကြမ်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖေါ်
ပုသိမ်၊ ဇူလိုင် ၄ – ၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်းအတွင်းရှိ မြို့ နယ် ၂၆ ခုက အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ စုပေါင်း ပြီး ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်း ကန့်ကွက်ဆန္ဒထုတ်ဖေါ်ပွဲကို ဒီနေ့ ဇူလိုင် ၄ ရက် နေ့လည်ပိုင်းက ပုသိမ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားရေး လှုပ်ရှားသူတွေက ဦးဆောင်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ နဲ့ မိတ်ဖက် အဖွဲ့အစည်းများ၊ သံဃာတော်များလည်း ပါဝင်ခဲ့ပြီး စုစုပေါင်း အင်အား ၅၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ပုသိမ်မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြပြီး ပုသိမ်မြို့ပြည်ထောင်စုကွင်းမှာ လူထုဟောပြောပွဲ ကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar # အမျိုးသားရေးလှုပ်ရှားသူတွေဦးဆောင်ပြီးဆန္ဒထုတ်ဖေါ် #ကလေးသူငယ်ဥပဒေကြမ်း ကန့်ကွက် #ဧရာဝတီ #ပုသိမ် #ပြည်ခိုင်ဖြိုး
Read Moreအစိုးရဆောက်ပေးမယ့်စခန်းတွေမှာ နေထိုင်မယ့် စစ်ရှောင်မိသားစုပေါင်း ၁၁၀၀ ကျော်သာရှိ
စစ်တွေ၊ ဇူလိုင် ၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထာားရှိဖို့အတွက် ရခိုင်ပြည်နယ်အစိုးရက ဒုက္ခသည်စခန်းတွေ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒေသတွင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်အတွက်ကို နေအိမ်တွေ ဆောက်လုပ်ပေးဖို့ စီစဉ်ခဲ့ပေမယ့် အဲ့ဒီစခန်းတွေမှာ နေထိုင်မယ့်အိမ်ထောင်စုပေါင်း ၁၁၀၀ ကျော်သာ ရှိတယ်လို့ အစိုးရအဖွဲ့က ပြောပါတယ်။ “ကျနော်တို့ ပြည်ထောင်စု အစိုးရကို တင်တဲ့အခါမှာ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်အတွက်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်ဟာ လာနေပါ့မလားဆိုပြီး သုံးသပ်တဲ့အတွက် စာရင်းတွေ ကောက်ယူတဲ့အခါမှာ နေဖို့စာရင်းပေးတဲ့ အိမ်ထောင်စုက ၁၁၀၀ ကျော်ပဲရှိပါတယ်။”လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။…
Read Moreဇီးကုန်းမှာ ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတစ်ပါးကို ဒေသခံသားအဖနှစ်ယောက်က လေသေနတ်နဲ့ပစ်၊ ရိုက်နှက်
ဇီးကုန်း၊ ဇူလိုင် ၄ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် တယ်ပင်ကန်အုပ်စု ကရင်ကွင်းကျေးရွာ ပန်းရင်ကျောင်းတိုက်မှာ မနေ့ည ၁၀ နာရီကျော်က ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတော်တစ်ပါးကို အမျိုးသားနှစ်ဦးက လေသေနတ်နဲ့ ပစ်ခတ်ကာ ရိုက်နှက်ခဲ့လို့ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆရာတော်ရဲ့ဒကာဦးခင်စိုးက ပြောပါတယ်။ “ဘုန်းဘုန်းမျက်နှာကို ဓာတ်မီးနဲ့ထိုးပြီး သေနတ်နဲ့ပစ်တယ်။ လက်ကို တစ်ချက်မှန်သွားတယ်၊ နောက်တစ်ချက်ပစ်တော့ အတင်းဝင်လုံးလိုက်တာ သူ့အဖေက ဘုန်းဘုန်းခေါင်းကိုရိုက်တယ်။ သူ့တို့လက်ထဲမှာလည်း အချွန်တွေ၊ စင်းဒစ်(မှိန်း)တွေနဲ့။”လို့ ရိုက်နှက်၊ ပစ်ခတ်ခံခဲ့ရတဲ့ ပန်းရင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသက မိန့်ကြားပါတယ်။ ဒေသခံရွာသားဖြစ်တဲ့ ကိုချက်ကြီးနဲ့ သူ့ရဲ့အဖေဖြစ်သူဟာ အဲဒီကျောင်းဘေးမှာ လေသေနတ်တွေနဲ့ ငှက်တွေ၊ ခွေးတွေကို လာပစ်နေလို့ ဆရာတော်ကနေ ဘယ်သူတွေလဲလို့မေးမြန်းရာမှာ ပြန်မပြောဘဲ ရွာထဲဘက်ထွက်ပြေးသွားတဲ့အချိန် ဆရာတော်က…
Read Moreဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲကိစ္စ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာလို့ ရွေးကောက်ပွဲကော်မရှင် ရှင်းလင်း
နေပြည်တော်၊ ဇူလိုင် ၄ – ၂၀၁၉ ကိုထွန်း (VOM) ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အတွက် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်အမတ် ဦးနေမျိုးအောင်ဟာ ကနဦးမဲနိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲဥပဒေနဲ့ မညီညွတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့်ဆိုပြီး ဒုတိယ မဲအများဆုံးရခဲ့တဲ့ NLD လွှတ်တော်အမတ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ မဲအနိုင်ပေးခဲ့ပါတယ်။ အဲဒီအပေါ်မှာ ဝေဖန်မှုအချို့ရှိခဲ့တာနဲ့ ပတ်သက်ပြီး မိမိတို့ဟာ ဥပဒေနဲ့အညီ ရိုးရှင်းစွာ ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဒီနေ့ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ကျနော်တို့သည် မှန်မှန်ကန်ကန်ပဲ စစ်ဆေးမယ်ဆိုတဲ့ ဆန္ဒနဲ့ စစ်ဆေးရင်း စစ်ဆေးရင်း အခုသူတို့ရဲ့ ထွက်ချက်၊ ဝန်ခံချက်တွေအရကိုက ထင်ထင်ရှားရှား ပေါ်ပေါက်လာတဲ့အတွက်ကြောင့် စိတ်အင်မတန် သန့်ပါတယ်။ အခု NLD မို့…
Read Moreဖိလစ်ပိုင် သမ္မတဟောင်းကတော် မွေးနေ့ပွဲတက်သူ ၂၆၀ ကျော် အစာအဆိပ်သင့်
မနီလာ၊ ဇူလိုင်-၄-၂၀၁၉ မျိုးဆက် (VOM) ဖိလစ်ပိုင်သမ္မတဟောင်းကတော် အိုင်မီဒါမားကို့စ်ရဲ့ အသက် ၉၀ ပြည့်မွေးနေ့မှာ ကျွေးမွေးခဲ့တဲ့ အစားအသောက်တွေကြောင့် မွေးနေ့တက်ရောက်လာသူ ရာနဲ့ချီပြီး အစာအဆိပ်သင့်ခဲ့ပါတယ်။ သူ့ရဲ့ မွေးနေ့ပွဲကို ဇူလိုင် ၃ ရက်က မနီလာမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး လူပေါင်း ၂၅၀၀ ခန့်တက်ရောက်ခဲ့ကာ မွေးနေ့ အထိမ်းအမှတ်အဖြစ် ထမင်းနဲ့ ကြက်သား ကျွေးခဲ့တာ ဖြစ်ပါတယ်။ အစာအဆိပ်သင့်တာကြောင့် မူးဝေ အော့အန်တာတွေဖြစ်ပြီးနောက် မွေးနေ့လာရောက်တဲ့ ဧည့်သည်တွေဟာ လူနာတင်ကားတွေနဲ့ ဆေးရုံဆီကို အလျင်အမြန် သွားရောက်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။ လူပေါင်း ၂၆၁ ဦး အစာအဆိပ်သင့်တာကို ခံစားရတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအထဲမှာ သမ္မတဟောင်းကတော် မားကို့စ်ပါဝင်ခြင်းမရှိဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။ အသက် ၉၀…
Read More