ပုသိမ်မှာ H1N1 သံသယလူနာတစ်ဦးသေဆုံး

ပုသိမ်၊ သြဂုတ် – ၂- ၂၀၁၉ ကိုအောင် (VOM)   ဧရာဝတီတိုင်း ပုသိမ်ဆေးရုံမှာ ဒီနေ့ သြဂုတ် ၂ ရက် နေ့လည်ပိုင်းက H1N1သံသယရှိသူ အမျိုးသမီးတစ်ဦး ကွယ်လွန်သွားတာကြောင့် နေ့လည်ပိုင်းမှာပဲ ချက်ချင်း သင်္ဂြိုလ်ခဲ့တယ်လို့ မနောဖြူလူမူကူညီရေးအဖွဲ့က သိရပါတယ်။   “ဆေးရုံက ဆက်သွယ်လာတာ။ H1N1 သံသယတစ်ဦး သေဆုံးတယ်၊ ချက်ခြင်းမီးသင်္ဂြိုလ်ပေးပါဆိုတော့ အလောင်းကို သွားယူပြီးသင်္ဂြိုလ်ပေးခဲ့ပါတယ်။ ကျနော်တို့ကိုလည်း ဆေးရုံက ကာကွယ်ဆေးတွေ ပြန်ထိုးပေးပါတယ်။”လို့ မနောဖြူ လူမူကူညီရေးအဖွဲ့က ကိုအောင်ထက်ပိုင်က ပြောပါတယ်။   သေဆုံးသူဟာ သာပေါင်းမြို့နယ် ဖန်ခါးကုန်းကျေးရွာက အသက် ၆၁ နှစ်အရွယ် ဒေါ်မပုံ ဆိုသူဖြစ်ပြီး ပုသိမ်ဆေးရုံကို ဒီနေ့ မနက်ပိုင်းက ရောက်ရှိလာပြီး နေ့လည်ပိုင်းမှာပဲ ကွယ်လွန်သွားတာလို့ သိရပါတယ်။ ဒါ့အပြင် ဒေါ်မပုံကို သင်္ဂြိုလ်ချိန်မှာ မိသားစုဝင်တွေ…

Read More

ရန်ကုန်မှာ တရားဝင် စက်ဘီးစီးနင်းခွင့်ပြုဖို့ တောင်းဆိုမှုတွေရှိ

ရန်ကုန်၊ သြဂုတ် ၂- ၂၀၁၉ သိဂီ င်္(VOM)   ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ဥပဒေမဟုတ်တောင် အမိန့်ကြေငြာစာထုတ်ပြီး ရန်ကုန်မှာ စက်ဘီးစီးနင်းခွင့် တရားဝင်ခွင့်ပြုပေးစေချင်တယ်လို့Bicycle Network Myanmar (BNM) စက်ဘီးစီးအဖွဲ့က တောင်းဆိုပါတယ်။   ဒီလို ခွင့်ပြုပေးလိုက်မယ်ဆိုရင် ရန်ကုန်မြို့မှာကြုံတွေ့နေရတဲ့ ယာဉ်ကြောကြပ်တည်းမှုတွေကိုလည်း ဖြေရှင်းနိုင်မှာဖြစ်သလို နေ့စဉ်ရုံးတက်နေရတဲ့ အလုပ်သမားတွေ၊ စက်ဘီးချစ်သူတွေအတွက် အဆင်ပြေတာကြောင့် တိုင်းအစိုးရအနေနဲ့ Safety ပြည့်စုံတဲ့ စက်ဘီးစီးသူတွေကို စည်းကမ်းတစ်ခုသတ်မှတ်ကာ တရားဝင် ခွင့်ပြုပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။   ” မဖြစ်နိုင်တာကို မတောင်းဆိုပါဘူး။ ရန်ကုန်မြို့ရဲ့ အခြေအနေကိုသိနေတာပဲလေ။ ခုထိ ရန်ကုန် မိန်းလမ်းမကြီးတွေမှာ စက်ဘီးမစီးရတဲ့ဥပဒေက အသက်ဝင်နေသေးတယ်။ နားလည်မှုကြောင့်သာ မဖမ်းတာ။ ဒါကြောင့် ဒါကို ပယ်ဖျက်ပြီးတော့ စက်ဘီးစီးသူတွေကို လိုက်နာရမယ့်စည်းကမ်းသတ်မှတ် ခွင့်ပြုစေချင်တယ်။”လို့ BNM ဥက္ကဋ္ဌ ဦးဇော်မိုးက ပြောပါတယ်။…

Read More

ဆိုင်ကယ်ဂိုဒေါင်မီးလောင်မှု မီငြိမ်းသတ်တဲ့ မီးသတ်သမား ၇ ဦး မီးခိုးမွှန်ပြီး ဆေးကုသမှုခံယူခဲ့ရ

မန္တလေး၊ဩဂုတ် ၂-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ဇော်ဂျီလမ်း ၇၁ လမ်းနဲ့ ၇၂လမ်းကြားက ” LONCIN ” မော်တော်ဆိုင်ကယ်ဂိုဒေါင်မှာ ဒီကနေ့နေ့လည်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးငြိမ်းသတ်တဲ့ မီးသတ်သမား(၇)ဦး မီးခိုးမွှန်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဆောင်မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။   ဂိုဒေါင်အတွင်း ယာယီသွယ်တန်းထားတဲ့ ဝါယာကြိုးတွေ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကို Level-2 အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ပါတယ်။ ဆိုင်ကယ်ဂိုဒေါင်အတွင်းက အပိုပစ္စည်းတွေနဲ့ ဆိုင်ကယ်အများစု မီးလောင်ကျွမ်းသွားတဲ့အတွက် မီးသတ်သမားတွေ မီးငြိမ်းသတ်ရင်း မီးခိုးမွှန် ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်ပါတယ်။   ဆေးကုသမှုခံယူခဲ့ရတဲ့ မီးသတ်သမား(၇)ဦးထဲက ၃ ဦးမှာ အတွင်းလူနာအဖြစ်ဆေးကုသမှု ခံယူနေရပြီး ကျန် ၄ ဦးကတော့ ရောဂါသက်သာတာကြောင့် ညနေ ၄ နာရီအချိန်မှာ ဆေးရုံကနေ ဆင်းခဲ့ရပါတယ်။   မီးလောင်မှုကြောင့် ဆိုင်ကယ်အစီး(၅၀)၊ သုံးဘီးဆိုင်ကယ်(၅)စီး၊…

Read More

မင်းကွန်းဒေသက ရွှေကျွန်းပင်မောင်နှမနတ်ပွဲ ကျင်းပ

စစ်ကိုင်း၊ သြဂုတ် ၂- ၂၀၁၉ စောပြည့်ချမ်းသာ(VOM)   မင်းကွန်းဒေသက  ရွှေကျွန်းပင်မောင်နှမ နတ်ပွဲကို ဒီနေ့ ဝါခေါင်လဆန်း ၂ ရက် (သြဂုတ် ၂ ) နေ့ကစတင်ပြီး  (၅)ရက်တိုင်တိုင် စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။   ရွှေကျွန်းပင်မောင်နှမနတ်ပွဲဟာ အညာဒေသမှာတော့ ဝါဝင်ပြီး နောက်ပိုင်း အစောဆုံးကျင်းပတဲ့နတ်ပွဲတစ်ပွဲဖြစ်ပြီး  ဒီနေ့မှာတော့ နတ်ရိုးရာ ချိုးတော်သုံးပွဲတော်ကို ဧရာဝတီမြစ်အတွင်း စက်လှေယာဉ်၊ မော်တော်ရေယာဉ်တွေနဲ့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပခဲ့ပါတယ်။   နတ်ပွဲမှာ  လူသုံးကုန် ပစ္စည်းအရောင်းဆိုင်တွေ၊ မြန်မာရိုးရာ စားသောက်ဖွယ် အရောင်းဆိုင်တွေ၊ မြေထည် စဥ့်ထည်ပစ္စည်းအရောင်းဆိုင်တွေ ခင်းကျင်းရောင်းချထားပြီး  ဈေးဝယ်လာသူတွေနဲ့ စည်းကားနေပါတယ်။   #voiceofmyanmar #ရွှေကျွန်းပင်မောင်နှမနတ်ပွဲ #စစ်ကိုင်း #မင်းကွန်း

Read More

ဘန်ကောက်မှာ တစ်နေ့တည်း ဗုံးခြောက်လုံး ပေါက်ကွဲ

ဘန်ကောက်၊ သြဂုတ် -၂-၂၀၁၉ မျိုးဆက် (VOM)   အရှေ့တောင်အာရှ လုံခြုံရေးဆွေးနွေးပွဲ လက်ခံကျင်းပနေတဲ့ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ဒီနေ့ သြဂုတ် ၂ ရက်က ဗုံးခြောက်လုံးပေါက်ကွဲတာကြောင့် လူလေးဦး ဒဏ်ရာရသွားပါတယ်။   နောက်ထပ်ဗုံးတစ်လုံးကိုလည်း မပေါက်ကွဲခင် ရှာတွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဗုံးတွေဟာ ချန်ဝပ်တနာရှိ အစိုးရ အဆောက်အအုံနဲ့ ချွိုင်နန်စီ ဧရိယာမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရဲမှူးကြီးခန်သော်ယူချာရွန်က ပြောပါတယ်။   ဗုံးတွေကို ချိန်ကိုက်သားပေါက်ကွဲအောင် တိုင်မာပေးပြီး ထောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် လူလေးဦး ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာမပြင်းထန်ဘူးလို့ အီရာဝန် ဆေးဘက်ဌာနက ပြောပါဆိုပြီး အားလုံးကိုဆေးဝါးကုသမှုတွေ ဂရုတစိုက်ပေးနေတယ်လို့ ဆိုပါတယ်။   ဗုံးတွေဟာ ပင်ပေါင်ဗုံးလို့ ခေါ်ကြတဲ့ တင်းနစ်ဘောလုံးအရွယ်ရှိ ဗုံးအမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီလိုဗုံးဖောက်ခွဲမှုတွေဟာ အရေးကြီးတဲ့ အရှေ့တောင်အာရှ လုံခြုံရေးဆွေးနွေးပွဲ…

Read More

ကျောက်တော်မှာ ဒေသခံတွေရဲ့လယ်ယာမြေကို တပ်ကအသုံးပြုနေတယ်ဆိုတဲ့အပေါ် တပ်ကငြင်းဆို

နေပြည်တော်၊ သြဂုတ် ၂ -၂၀၁၉ ကိုထွန်း(VOM)   ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောင်းတောင်ခြေရင်းမှာရှိတဲ့ အမှတ် ၃၇၇ အမြောက်တပ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသခံတွေရဲ့လယ်ယာမြေကို အဲဒီတပ်ကအသုံးပြုနေတယ်ဆိုတဲ့စွပ်စွဲချက်အပေါ် တပ်မတော်ကလည်း အသုံးပြုနေတာမရှိဘူးလို့ ငြင်းဆိုပါတယ်။   “အောက်ခြေမှာ တကယ်တမ်း အခုလို ဖြစ်နေရိုးမှန်ရင်တော့ သက်ဆိုင်ရာမြေစာရင်းဦးစီးနဲ့ ထွေအုပ်ရဲ့တာဝန်သာ ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာကတော့ ပတ်သက်လုပ်ကိုင်ခြင်း မရှိပါဘူး။”လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောဆိုခဲ့တာပါ။   အမှတ် ၃၇၇ အမြောက်တပ်အနေနဲ့ ၂၀၀၈၊ ၂၀၀၉ ခုနှစ်က တပ်ပိုင်မြေအဖြစ် ချထားပေးဖို့ ၃၄၈.၇၉ ဧကကို လျှောက်ထားခဲ့ရာ နိုင်ငံတော်ကနေ ၃၀၀.၈၄ ဧကကို ပြန်လည်ချထားပေးခဲ့ပြီး ၄၇.၉၅ ဧက,ကတော့ ဒေသခံတွေ လုပ်စားနေတဲ့ လယ်ယာဥယျာဉ်မြေဖြစ်တာကြောင့် ခွင့်ပြုမပေးခဲ့ဘူးလို့ သိရပါတယ်။   ဒါပေမယ့် အဲဒီမြေဧကပေါ်မှာ တပ်ပိုင်မြေအဖြစ်…

Read More

နျူကလီးယားစာချုပ်ကနေ တရားဝင်နုတ်ထွက်ဖို့ အမေရိကန်စီစဉ်နေ

ဝါရှင်တန်၊ သြဂုတ်-၂-၂၀၁၉ မျိုးဆက် (VOM)   ရုရှားနိုင်ငံနဲ့ စစ်အေးခေတ်က ချုပ်ဆိုထားတဲ့ နျူကလီးယားသဘောတူစာချုပ်ကနေ တရားဝင်နုတ်ထွက်ဖို့ အမေရိကန်နိုင်ငံက စီစဉ်နေပြီး လက်နက်ပြိုင်ပွဲအသစ်ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။   အဲဒီစာချုပ်ဟာ တာလတ်ပစ်နျူကလီးယားသဘောတူစာချုပ်ဖြစ်ပြီး  ၁၉၈၇ ခုနှစ်မှာ အမေရိကန်သမ္မတ ရောဘတ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် မိုက်ဟေးဂေါ်ဘာချော့တို့ လက်မှတ်ရေးထိုးခဲ့ကာ အကွာအဝေး ၃၁၀ မိုင်ကနေ ၃၄၀၀ မိုင်အကြားပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေကို ပိတ်ပင်တားမြစ်ထားပါတယ်။   ဒါပေမဲ့ ရုရှားဟာ ခရုဇ်ဒုံးပျံအမျိုးအစားသစ်တစ်ခုကို ထုတ်လုပ်လိုက်ခြင်းအားဖြင့် အဲဒီစာချုပ်ကို ချိုးဖောက်နေတယ်လို့  အမေရိကန်နဲ့ နေတိုးအဖွဲ့က အခုနှစ်အစောပိုင်းမှာ စွပ်စွဲထားပြီး ရုရှားဘက်က စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။   အက်စ်အက်စ်စီ-၈ ဆိုပြီးနေတိုးအဖွဲ့က သတ်မှတ်ထားတဲ့ ၉ အမ် ၇၂၉ အမျိုးအစား ဒုံးပျံတွေကို ရုရှားကဖြန့်ကြက်ချထားတဲ့ အထောက်အထားတွေရှိတယ်လို့  အမေရိကန်က ပြောဆိုပါတယ်။ နေတိုးမဟာမိတ်တွေအားလုံးက…

Read More

မန္တလေးမှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတနဲ့ ဌာနဆိုင်ရာများ တွေ့ဆုံပွဲမှာ တိုင်ကြားစာ ခုနစ်စောင် လက်ခံရရှိ

မန္တလေး၊ သြဂုတ် ၂ -၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးမြို့မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဌာနဆိုင်ရာများတွေ့ဆုံပွဲမှာ တိုင်ကြားစာခုနစ်စောင် လက်ခံရရှိထားတယ်လို့ အဲဒီပွဲက သိရပါတယ်။   ဒီနေ့  သြဂုတ် ၂ ရက် မနက်  ၁၀  နာရီလောက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်  သိပ္ပံလမ်းပေါ်ရှိ MCC  (CONVENTION  CENTRE)မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာတို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီပွဲမှာ ဒေသခံပြည်သူများ တင်ပြတိုင်ကြားနိုင်ဖို့  တိုင်ကြားစာဌာနကို ဖွင့်လှစ်ခဲ့ပါတယ်။   “ကျနော်တို့အနေနဲ့တိုင်ကြားစာဌာနကို မနက် ၇ နာရီ အချိန်ကတည်းကနေ ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိမှာတော့ တိုင်ကြားစာခုနစ်ခု ရရှိထားပါတယ်။” လို့ တိုင်ကြားစာလက်ခံဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။   အဲဒီတိုင်ကြားစာတွေမှာ မန္တလေးတိုင်းအတွင်းက တိုင်ကြားမှု အများဆုံးဖြစ်ပြီး …

Read More

ကျောက်တော်မြို့နယ်မှာ တပ်မတော်ပစ်ခတ်လို့ ကိုယ်ဝန်သည်တစ်ဦး ကျည်ထိမှန်

ကျောက်တော်၊ သြဂုတ် ၂ -၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားကုန်းတော်အနောက်ဘက်မုခ်အနီးမှာ တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြတာကြောင့် နေအိမ်မှာ ထမင်းစားနေတဲ့ ကိုယ်ဝန်သည်အမျိုးသမီး ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဇူလိုင်လ ၃၁ ရက် ညနေပိုင်းကဖြစ်ပွားခဲ့တဲ့ အဲ့ဒီပစ်ခတ်မှုကြောင့် ဘုရားကုန်းတော်ရဲ့အနောက်ဘက် ကပ်လျက်မှာရှိတဲ့ မဟာမုနိကျေးရွာက ကိုယ်ဝန်အရင့်အမာနဲ့ မအေးအေးမြင့် (၂၄ နှစ်)ရဲ့ ညာဘက်လက်မောင်းကို ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။   “လက်နက်ကြီးကျည်တစ်လုံးပစ်သံကြားလိုက်တယ်။ ပြီးတော့ လက်နက်ငယ်တွေအသံအများကြီး ကြားခဲ့ရတယ်။ ရွာသားတွေလည်း အကုန်လုံးပုန်းနေတာပေါ့။ ပြီးတော့ ရပ်သွားတယ်။ မဖြစ်တော့ဘူးထင်ပြီးတော့ တစ်နာရီလောက်အကြာမှာ ကျနော်တို့မိသားစု ထမင်းစားဖို့ပြင်တယ်။ ထမင်းဝိုင်းထဲထိုင်နေတုန်းမှာပဲ ပြန်ပစ်တယ်။ ရွာဘက်ကိုပစ်တယ်။ ကျနော်တို့က မြေကြီးပေါ်မှာ မှောက်နေလိုက်တယ်။ မိန်းမက ကိုယ်ဝန်နဲ့ဆိုတော့ မှောက်နေလို့မရဘူးတော့ ထပြေးတယ်။ အဲ့ဒီမှာ လက်မောင်းကို…

Read More

နိုင်ငံတော်သမ္မတနဲ့ မန္တလေးတိုင်းတာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ သတင်းမီဒီယာတွေ သတင်းယူခွင့်မရ

မန္တလေး၊ ဩဂုတ် ၂-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ မန္တလေးတိုင်းတာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ သတင်းမီဒီယာသမားတွေကို ဓာတ်ပုံရိုက်အပြီး ခန်းမအပြင် ထွက်ခိုင်းခဲ့ပါတယ်။   “သမ္မတမိန့်ခွန်းပြောတာလောက်တော့ သတင်းယူလို့ရမယ်ထင်နေတာ၊ တကယ်တမ်းကျ ဓာတ်ပုံလောက်ပဲရိုက်လို့ရပြီး တစ်မိနစ်ပြည့်အောင် ခန်းမထဲမှာမနေလိုက်ရဘူး။ အဲ့ဒီအပေါ်မှာ ပွဲစီစဉ်တဲ့သူတွေက မီဒီယာတွေအပေါ်မှာ ထားတဲ့သဘောထားကို သိရတာပေါ့ဗျာ။ စတုတ္ထမဏ္ဍိုင်လို့ပြောတဲ့ မီဒီယာနဲ့ သူတို့က ပူးပေါင်းလိုစိတ်မရှိဘူးဆိုတာ သိလိုက်ရပါတယ်။ အရင်အစိုးရလက်ထက်၊ သမ္မတဦးသိန်းစိန်လက်ထက်တုန်းကဆိုရင် လွတ်လပ်စွာသတင်းယူလို့ ရခဲ့ပါတယ် ” လို့ မန္တလေးမြို့ခံ သတင်းထောက် ကိုမြတ်(ကလေး)က ပြောပါတယ်။   တွေ့ဆုံပွဲကို ဒီနေ့ သြဂုတ် ၂ ရက် မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မန္တလေးကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ မန္တလေးမြို့ကို ရောက်ရှိချိန်မှာ သတင်းရယူနိုင်ဖို့ ဝင်ခွင့်ကဒ်တွေ  ထုတ်ပေးတဲ့အကြောင်းကိုလည်း မနေ့ညနေ ၃နာရ်ီလောက်ကမှ သိရှိခဲ့ရသလို…

Read More
VOM News

FREE
VIEW