ဘန်ကောက်မှာ တစ်နေ့တည်း ဗုံးခြောက်လုံး ပေါက်ကွဲ

ဘန်ကောက်၊ သြဂုတ် -၂-၂၀၁၉

မျိုးဆက် (VOM)

 

အရှေ့တောင်အာရှ လုံခြုံရေးဆွေးနွေးပွဲ လက်ခံကျင်းပနေတဲ့ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ဒီနေ့ သြဂုတ် ၂ ရက်က ဗုံးခြောက်လုံးပေါက်ကွဲတာကြောင့် လူလေးဦး ဒဏ်ရာရသွားပါတယ်။

 

နောက်ထပ်ဗုံးတစ်လုံးကိုလည်း မပေါက်ကွဲခင် ရှာတွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဗုံးတွေဟာ ချန်ဝပ်တနာရှိ အစိုးရ အဆောက်အအုံနဲ့ ချွိုင်နန်စီ ဧရိယာမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရဲမှူးကြီးခန်သော်ယူချာရွန်က ပြောပါတယ်။

 

ဗုံးတွေကို ချိန်ကိုက်သားပေါက်ကွဲအောင် တိုင်မာပေးပြီး ထောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် လူလေးဦး ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာမပြင်းထန်ဘူးလို့ အီရာဝန် ဆေးဘက်ဌာနက ပြောပါဆိုပြီး အားလုံးကိုဆေးဝါးကုသမှုတွေ ဂရုတစိုက်ပေးနေတယ်လို့ ဆိုပါတယ်။

 

ဗုံးတွေဟာ ပင်ပေါင်ဗုံးလို့ ခေါ်ကြတဲ့ တင်းနစ်ဘောလုံးအရွယ်ရှိ ဗုံးအမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီလိုဗုံးဖောက်ခွဲမှုတွေဟာ အရေးကြီးတဲ့ အရှေ့တောင်အာရှ လုံခြုံရေးဆွေးနွေးပွဲ လက်ခံကျင်းပနေတဲ့ ထိုင်းအစိုးရကို သိက္ခာကျစေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တဲ့ လက္ခဏာရှိပါတယ်။ ဒါပေမယ့် အများအပြား သေဆုံးဒဏ်ရရှိဖို့တော့ စီစဉ်ထားတာမျိုး မရှိပါဘူး။

 

ဗုံးဖောက်ခွဲမှုအတွက် နောက်ကွယ်ကနေ ကြိုးကိုင်လုပ်ဆောင်သူတွေကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြစ်တင်ရှုတ်ချထားပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တာလဲဆိုတာကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။

 

Ref : CNA

Photo : Reuters

 

#voiceofmyanmar #ဘန်ကောက် #တစ်နေ့တည်းဗုံးခြောက်လုံးပေါက်ကွဲ #ထိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW