ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ် ဆားဘီးယားနိုင်ငံသားအဖြစ်ခံယူ

ဘဲဂရိတ်၊ သြဂုတ်-၉-၂၀၁၉

မျိုးဆက် (VOM)

 

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်အတွင်း ပေါ့ဆစွာဆောင်ရွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရှောင်ရှားဖို့ ၂၀၁၇ ခုနှစ်မှာ ထိုင်းနိုင်ငံကနေ ထွက်ပြေးခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ကို နို်င်ငံသားအဖြစ် ဆားဘီးယားအစိုးရက ခွင့်ပြုလိုက်ပါတယ်။

 

အသက် ၅၂ နှစ်အရွယ် ယင်လပ်ရှင်နာဝပ်ဟာ အကျင့်ပျက်ချစားမှုတွေအတွက် ထောင်ဒဏ်ကို ရှောင်ရှားဖို့ ၂၀၀၆ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကနေ ထွက်ပြေးသွားတဲ့  အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့အတူ ဒူဘိုင်းမှာ နေထိုင်ခဲ့ပါတယ်။

 

နိုင်ငံရဲ့  အကျိုးစီးပွားနဲ့ ကိုက်ညီတယ်ဆိုရင် နိုင်ငံခြားသားတစ်ဦးဟာ  ဆားဘီးယား နိုင်ငံသားဖြစ်နိုင်တယ်ဆိုတဲ့ ဥပဒေရေးရာပြဌာန်းချက်တစ်ခုကို ကိုးကားပြီး ဇွန် ၂၇ ရက်နေ့မှာ  ယင်လပ်ကို နိုင်ငံသားအဖြစ်ပေးဖို့ ဆားဘီးယားအစိုးရက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

 

အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တရားဝင်ပြန်တမ်းကို ပြည်တွင်းသတင်းဌာနတွေမှာ သြဂုတ် ၈ ရက်က လူသိရှင်ကြားဖော်ပြထားပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်တာမရှိပါဘူး။

 

ထိုင်းနိုင်ငံရေးမှာ ၁၅ နှစ်ကျော်ကြီးစိုးခဲ့တဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ ယင်လပ်ဟာ ၂၀၁၁ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် သူမ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ဆန်ဝယ်ယူရေး မူဝါဒနဲ့ ပတ်သက်ပြီး စွဲချက်တင်ခံရပေမယ့် ဒီကိစ္စအပေါ် အပြစ်မရှိကြောင်း အယူခံဝင်ခဲ့ပါတယ်။

 

Ref : RT

Photo: Reuters

 

#voiceofmyanmar #ထိုင်း #

Related posts

Leave a Comment

VOM News

FREE
VIEW