ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး လာမယ့်သီတင်းပတ်မှာ စတင်တော့မယ်

ရန်ကုန်၊ သြဂုတ်-၁၆-၂၀၁၉

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်နယ်မှာ ပြန်လည်နေရာချထားရေးကို လာမယ့်သီတင်းပတ်မှာ စတင်တော့မှာဖြစ်တယ်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက သြဂုတ် ၁၅ ရက်မှာ ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်ကလည်း ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ပြန်ပို့ရေး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် လာမယ့်အပတ်မှာတော့ ပထမအသုတ် ရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်လက်ခံမှာ ဖြစ်ပါတယ်။

 

ဒီတစ်ခါမှာတော့ ဘင်္ဂလားဒေ့ရှ်က မကြာသေးမီအချိန်အတွင်း စာရင်းပေးပို့ထားတဲ့ ရိုဟင်ဂျာ ၂၂၀၀၀ ကျော်ထဲကနေ ၃၅၄၀ ဦးကို မြန်မာဘက်က စိစစ်ပြီးလက်ခံသွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

သြဂုတ် ၂၂ ရက်မှာ ရိုဟင်ဂျာ ၃၅၄၀ ဦးကို ရခိုင်ပြည်နယ်မှာ ပြန်လည်နေထိုင်ဖို့အတွက် လက်ခံသွားဖို့သဘောတူခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးကြိုးစားရာမှာတော့ ရိုဟင်ဂျာတွေရဲ့ ကန့်ကွက်မှုတွေ ၊ တောင်းဆိုမှုတွေကြောင့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ ဒီတစ်ခါ အားထုတ်မှုကတော့ ပမာဏအနည်းငယ်သာရှိတဲ့ ပြန်ပို့ရေးအစီအစဉ်ဖြစ်ပြီး ဘယ်သူကိုမှ ရခိုင်ပြည်နယ်ပြန်ဖို့ ဖိအားပေးမှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

Ref & Photo: Reuters

#voiceofmyanmar #ရခိုင် #ဘင်္ဂလားဒေ့ရှ် #ရိုဟင်ဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW