တောင်ကိုရီးယားနဲ့ ငြိမ်းချမ်ရေးဆွေးနွေးပွဲမှန်သမျှ မြောက်ကိုရီးယား ပယ်ချလိုက်ပြီ

ပြုံယမ်း၊ သြဂုတ်-၁၆-၂၀၁၉

မျိုးဆက် (VOM)

 

တောင်ကိုရီးယားနိုင်ငံနဲ့ နောက်ထပ်ငြိမ်းချမ်းရေဆွေးနွေးပွဲမှန်သမျှကို မြောက်ကိုရီးယားနိုင်ငံက ပယ်ချလိုက်ပြီး ဒီလိုဆုံးဖြတ်တာဟာ တောင်ကိုရီးယားရဲ့ အလုံးစုံမှားယွင်းတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

 

ဂျပန်အုပ်ချုပ်မှုအောက်ကနေ တောင်ကိုရီးယားလွတ်လပ်ရေးရခဲ့တဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သြဂုတ် ၁၅ ရက်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းကို တုံ့ပြန်မှုအဖြစ် မြောက်ကိုရီးယားက ဒီလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

ဒီအအတောအတွင်း သြဂုတ် ၁၆ ရက် အစောပိုင်းကလည်း မြောက်ကိုရီးယားဟာ  အရှေ့ဖက်ကမ်းလွန်ပင်လယ်အတွင်း ဒုံးပျံနှစ်စင်း စမ်းသပ်ပစ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒီလိုပစ်ခတ်တာဟာ  တစ်လနီးပါး ကာလအတွင်း ဆဌမအကြိမ်မြောက် ဒုံးပျံစမ်းသပ်မှုလည်း ဖြစ်ပါတယ်။

 

နျူကလီးယားလက်နက်များတီထွင်မှုအတွက် နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ခြောက်ရက်ခန့်ကလည်း တာတိုပစ် တိုက်ချင်းပစ်ဒုံးပျံနှစ်စင်းကို ဂျပန်ပင်လယ်ပြင်အတွင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

 

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တို့ဟာ  ဇွန်လအတွင်း တွေ့ဆုံခဲ့ရာမှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ သဘောတူညီခဲ့ပြီးနောက် မြောက်ကိုရီးယားဟာ ဒုံးပျံ စမ်းသပ်ပစ်ခတ်မှုတွေကို ဆက်တိုက်ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

 

Ref : BBC

Photo : Reuters

 

#voiceofmyanmar #မြောက်ကိုရီးယား #တောင်ကိုရီးယား #အမေရိကန်

Related posts

Leave a Comment

VOM News

FREE
VIEW