မငြိမ်မသက်ဖြစ်နေတဲ့ အင်ဒိုနီးရှား ပါပူအာဒေသမှာ အကျဉ်းသား ၂၅၀ ကျော် ထောင်ဖောက်ပြေး

ဂျကာတာ၊ သြဂုတ်-၂၁-၂၀၁၉

မျိုးဆက် (VOM)

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူအာပြည်နယ်အတွင်းရှိ အကျဉ်းထောင်တစ်ခုကနေ  လွတ်မြောက်သွားတဲ့ အကျဉ်းသား ၂၅၀ ကျော်ကို ဖမ်းဆီးရမိရေးအတွက် အင်ဒိုနီးရှားအာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။

 

ပါပူအာဒေသရှိ မြို့အချို့မှာ ဆန္ဒပြသူတွေက လမ်းတွေကိုပိတ်ဆို့ခဲ့ကြပြီး ထောင်တွေအပါအ၀င် အဆောက်အအုံတွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့တာကြောင့် သြဂုတ် ၁၉ ရက်မှာ အကျဉ်းထောင်ဖောက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံအလံကို မလေးမစားပြုလုပ်ပြီး စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဆူရာဘာယာမြို့ရှိ ပါပူအာကျောင်းသားတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာကနေ အဲဒီဒေသမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

 

ဆက်ပြီးလုပ်ဖို့ စီစဉ်ထားတဲ့  ဆန္ဒပြပွဲတွေမတိုင်မီ ပါပူအာဒေသကို ရဲတပ်ဖွဲ့ စစ်ကူတွေ ပိုမိုစေလွှတ်ထားပါတယ်။ ထောင်ပေါင်းများစွာသော ပါပူအာဒေသခံတွေဟာ ကျောင်းသားတွေ အဖမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆိုရောင်း၊ မာနော့ဝါရီနဲ့ ဂျယာပူရာ အပါအ၀င်မြို့တွေရဲ့ လမ်းတွေပေါ်မှာ သြဂုတ် ၁၉ ရက်က ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

ဆိုရောင်းရှိ အကျဉ်းထောင်မှာ မီးရှို့ခံရပြီးနောက်  ထောင်ဖောက်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ အင်ဒိုနီးရှား တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာလီယန်လန်းက ပြောပါတယ်။ အကျဉ်းသား ၂၅၈ ဦး ထွက်ပြေးလွတ်မြောက်သွားပြီး ငါးဦးကို ဒီနေ့မနက်မှာ ပြန်လည်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

 

အကျဉ်းသားတွေထွက်ပြေးတာကို ရပ်တန့်ဖို့ ကြိုစားခဲ့တဲ့ လုံခြုံရေးနဲ့  အကျဉ်းထောင်ဝန်ထမ်းအချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ မာလီယန်လန်းက ပြောပါတယ်။

 

Ref : BBC

Photo : AFP

 

#voiceofmyanmar #အင်ဒိုနီးရှား #ပါပူအာဒေသ #ထောင်ဖေါက်

Related posts

VOM News

FREE
VIEW