အီရန်သမ္မတရူဟာနီနဲ့ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံဆွေးနွေးဖို့ အလားအလာရှိနေ

ပါရီ၊ သြဂုတ်-၂၇ -၂၀၁၉

မျိုးဆက် (VOM)

 

မှန်ကန်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်အောက်မှာ အီရန်သမ္မတရူဟာနီနဲ့  တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ် ၂၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။

 

သြဂုတ် ၂၅ ရက်မှာပြုလုပ်တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ဂျီ-၇ ဆွေးနွေးပွဲကို မမျှော်လင့်ဘဲ အီရန်နိုင်ငံခြား ရေးဝန်ကြီး တက်ရောက်လာပြီးနောက် ဒေါ်နယ်ထရန့်က အခုလို မှတ်ချက်ပြုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားတဲ့ ၂၀၁၅ သဘောတူညီစာချုပ်ကနေ ပြီးခဲ့တဲ့နှစ်က အမေရိကန် နုတ်ထွက်သွားပြီးနောက်ပိုင်း အီရန်နဲ့  အမေရိကန်အကြား ဆက်ဆံရေးတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

 

ဒါပေမယ့် အီရန်နဲ့ နျူကလီးယားသဘောတူညီမှုအသစ်ပြုလုပ်ရေး အလားအလာတွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အရိပ်အယောင်တွေကို ခံစားနေရတယ်လို့ ဒေါ်နယ်ထရန့်ကဆိုပါတယ်။

 

အီရန်သမ္မတရိုဟာနီကတော့  အီရန်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ ခံစားရတယ်ဆိုရင် သူ့အနေနဲ့ ဘယ်သူနဲ့မဆို တွေ့ဖို့အသင့်ရှိကြောင်း  သြဂုတ်၂၆ရက်အစောပိုင်းမှာ ပြောဆိုပါတယ်။

 

အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂ နှစ်ခွဲ   မိမိသမ္မတအဖြစ် စတင်တာဝန်ယူစဉ်အချိန်က ရှိခဲ့တဲ့အနေအထားမျိုးနဲ့ မတူညီတော့ဘူးလို့လည်း သမ္မတထရန့်က ပြင်သစ်သမ္မတအီမန်နျူရယ်မာခရွန်နဲ့ ဂျီ-၇ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

 

Ref : BBC

Photo : AP

 

#voiceofmyanmar #အမေရိကန် #အီရန် #

Related posts

Leave a Comment

VOM News

FREE
VIEW