မြို့နယ်တရားရုံး အချုပ်ခန်းအတွင်းက အချုပ်သား ထွက်ပြေးမှု ဖြစ်ပွား ပြန်မမိသေး

မန္တလေး၊ဩဂုတ် ၂၉-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၆ လမ်းနဲ့ ၁၃ လမ်းထောင့်ရှိ အောင်မြေသာစံမြို့နယ်တရားရုံးမှာ ဒီနေ့ သြဂုတ် ၂၉ ရက် မနက်ပိုင်းက ခိုးမှုနဲ့ အချုပ်ကျနေတဲ့ အချုပ်သားတစ်ဦးကို အချုပ်ရမာန်ယူဖို့အတွက် ရုံးထုတ်လာပြီး တရားရုံး အချုပ်ခန်းအတွင်း ချုပ်နှောင်ထားစဉ် ထွက်ပြေးခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

 

“ဒီကနေ့ မနက်ကဖြစ်တာ၊ တရားရုံးအချုပ်ခန်းကနေ ထွက်ပြေးသွားတာပါ။ ဖြစ်စဉ်က မှန်ပါတယ်။” လို့ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

တရားရုံးအချုပ်ခန်းကနေ ထွက်ပြေးသွားသူမှာ စစ်ကိုင်းတိုင်း ကသာမြို့နယ် သာစည်ကျေးရွာနေသူ  မောင်မောင်(ခ)ငမောင်( ၂၆ နှစ်) ဖြစ်ပြီး သူ့ကို အမှတ်(၅)မြို့မရဲစခန်း (ပ)၅၇၆ /၂၀၁၉၊ ရာဇာတ်သတ်ကြီး ဥပဒေပုဒ်မ – ၃၈၀ နဲ့ အမှုဖွင့် ခံထားရတာ ဖြစ်ပါတယ်။

 

သူ့ကို ဩဂုတ် ၂၈ ရက်က နေအိမ်ပေါ်တက်ပြီး ငွေကျပ်သိန်း ၁၂၀ ခိုးယူမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 

လက်ရှိမှာ ထွက်ပြေးသွားတဲ့ တရားခံကို ပြန်လည်ဖမ်းစီးရမိခြင်းမရှိသေးသလို အချုပ်ခန်းစောင့် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး  ထွက်ပြေးတရားခံ ဖမ်းဆီးရမိရေးဆောင် ရွက်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မန္တလေး #အောင်မြေသာစံ #အချုပ်သားထွက်ပြေးမှုဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW