ဘင်္ဂလားဒေ့ရှ်မှာ လောင်တဲ့မီး အိမ်ခြေ တစ်သောင်းခွဲမီးသင့်

ဒါကာ၊ သြဂုတ်-၁၈-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ ဆင်းရဲသားရပ်ကွက်ကတစ်ဆင့် မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူငါးသောင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။မီးလောင်ကျွမ်းမှုဟာ သြဂုတ် ၁၇ ရက်နှောင်းပိုင်းက ချာလန်တီခါ ဆင်းရဲသားရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် တစ်သောင်းခွဲ ပျက်ဆီးသွားပါတယ်။   နေအိမ်အများစုဟာ မီးလောင်ကျွမ်းလွယ် ကူးစက်လွယ်တဲ့ ပလတ်စတစ်တွေကို အိမ်အမိုးအဖြစ် အသုံးပြုထားကြပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူမရှိပေမယ့် လူအချို့တော့ ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။   အဲဒီရပ်ကွက်မှာ နေထိုင်သူအများစုကတော့ ၀င်ငွေနည်းမိသားစုတွေဖြစ်ပြီး မွတ်စလင်အိဒ်ပွဲတော်ပြီးနောက် အတော်များများက နေအိမ်ကနေ အဝေးကိုသွားရောက်နေကြတာဖြစ်ပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။   ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေက ခြောက်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရပါတယ်။   အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူထောင်ပေါင်းများစွာအတွက် နေရာထိုင်ခင်းတွေ ထောက်ပံ့ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကပြောပါတယ်။ ဖေဖော်ဝါရီလအတွင်းကလည်း ဒါကာရှိ…

Read More

မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်မယ့်စီမံကိန်းကို ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းတဲ့အဖွဲ့ စိုးရိမ်မှုများဖြစ်ပေါ်နေ

မန္တလေး၊ဩဂုတ် ၁၇-၂၀၁၉ ဟိန်းကို( VOM ) မန္တလေး-ပြင်ဦးလွင်-လားရှိုး-မှုဆယ်ထိ အချိန်၃နာရီနဲ့ ရောက်နိုင်မယ့် ရထားလမ်းသစ် စီမံကိန်းကို ရထားလမ်းဖြတ်သွားမယ့် နယ်မြေအတွင်းက ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အဖွဲ့တွေက စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ ရထားလမ်းမှာ ၄ပေနဲ့ ၈လက်မခွဲရှိ လျှပ်စစ်ရထားနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး ရထားလမ်းအရှည်မှာ ၄၁၄ကီလိုမီတာရှိကာ ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမယ့် ရထားလမ်းဖြစ်ပါတယ်။ ရထားလမ်းဖောက်မယ့် ဒေသအတော်များများမှာ လမ်းဖောက်မှာဖြစ်တဲ့အတွက် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဖွဲ့က သုံးသပ်ပြောဆိုနေပြီး လူမူရေးအကြောင်းအရ လူကုန်ကူးမှုတွေ နဲ့ ယဉ်ကျေးမှုရေးရာတွေ စီးမျှောသွားမှာကိုလည်း စိုးရိမ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုထားပါတယ်။ #voiceofmyanmar#မန္တလေး#မူဆယ်-မန္တလေးရထားလမ်းစီမံကိန်း#

Read More

မိုးရေကြောင့် သရေခေတ္တရာ ရှေးဟောင်းဇုံထဲက ဘုရားတောင် ဘုရားပြိုကျတော့မည့်အခြေအနေရှိ

ပြည် – သြဂုတ် ၁၈-၂၀၁၉ ဂျန်ကိုးလ်(VOM)   လတ်တလောရွာခဲ့တဲ့မိုးကြောင့် ပြည်မြို့အနီးသရေခေတ္တရာ ပျူမြို့ဟောင်းထဲက စေတီတဆူဖြစ်တဲ့ ဘုရားတောင်ဘုရားမှာနံရံတွေဖောင်းလာပြီး ပတ်ကြားအက်တာတွေပေါ်လာနေပါတယ်။   ဒီစေတီပြိုကျမသွားအောင်လတ်တလောမှာအလှူရှင်တွေရဲ့အကူအညီနဲ့ထိမ်းသိမ်းမှုတွေဆောင်ရွက်နေရတယ်လို့ကမ္ဘာ့အမွေအနှစ်ဌာနခွဲသရေခေတ္တရာဌာနစုကသိရပါတယ်။   “ပြုပြင်ထိမ်းသိမ်းဖို့ တင်ထားတာ ၁နှစ်ကျော်ပြီခုထိတော့မကျသေးဘူးအလှူငွေနဲ့ရသလောက်ပြုပြင်နေတယ်၊ အလှူငွေဆိုတာကဇုံထဲကို လာလည်တဲ့ဧည့်သည်တွေထဲကတချို့ဆိုရှေးဟောင်းဘုရားပြုပြင်ချင်လို့ အလှူငွေထည့်တာတွေရှိတယ်၊အဲဒါတွေကိုစနစ်တကျထွေအုပ်တို့နဲ့တင်ပြပြီးလုပ်နိုင်သရွေ့ပေါ့၊ အပေါ်မှာအက်ရာကြီးတွေရှိတယ်အဲဒီအထဲရေဝင်ရင်ပြိုကျနိုင်လို့လုံးတော်ပြည့်တာပေါ်လင်အုပ်ထားလို့သက်သာနေတာ” လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေးမှူးဦးကျော်မျိုးဝင်းကပြောပြပါတယ်။   သရေခေတ္တရာမြို့ဟောင်းရဲ့အကျယ်အဝန်းဟာဧကပေါင်း၁၂၀၀၀ကျော်ရှိပြီး မတူးရသေးတဲ့စေတီတွေနဲ့ မြေပေါ်မှာရှိတဲ့ ဘုရားစေတီပေါင်း ရာချီပြီးရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ၂၉ရက်နေ့ကလည်းအရှေ့ဘက်နန်းမြို့ရိုးအစိတ်အပိုင်းတချို့ အချိန်မှီမထိမ်းသိမ်းနိုင်ခဲ့လို့  ပြိုကျတဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။   #voiceofmyanamr #သရေခေတ္တရာ #ပြည် #ပျူမြို့ဟောင်း

Read More

ဂျီဘရော်လ်တာကလွှတ်ပေးလိုက်တဲ့ အီရန်ရေနံတင်သင်္ဘောကို အမေရိကန်က ဖမ်းဝရမ်းထုတ်

ဝါရှင်တန်၊သြဂုတ်-၁၇-၂၀၁၉ မျိုးဆက်(VOM)   အီရန်ရေနံတင်သင်္ဘောတစ်စင်းကိုဂျီဘရော်တာအာဏာပိုင်တွေကလွှတ်ပေးဖို့အမိန့်ထုတ်ပြန်လိုက်ပြီးတစ်ရက်အကြာမှာရေနံတင်သင်္ဘောကိုဖမ်းဆီးဖို့အမေရိကန်တရားရေးဌာနက၀ရမ်းထုတ်ပြန်လိုက်ပါတယ်။   ရေနံစည်ပေါင်း၂ဒသမ၁သန်းသယ်ဆောင်လာတဲ့အဲဒီအီရန်ရေနံတင်သင်္ဘောGrace 1 ဟာဆီးရီးယားသို့တရားမ၀င်ရေနံတင်ပို့ဖို့ကြိုးစားတယ်ဆိုတဲ့သံသယကြောင့်  ဇူလိုင်၎ရက်မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။   အဲဒီအီရန်ရေနံတင်သင်္ဘောကိုဆက်လက်ထိန်းသိမ်းထားဖို့အမေရိကန်ကနောက်ဆုံးအချိန်အထိတရားဝင်ကြိုးပမ်းခဲ့ပေမယ့်လည်းသြဂုတ်၁၆ရက်မှာဂျီဘရော်လ်တာအာဏာပိုင်တွေကပယ်ချခဲ့ပါတယ်။Grace 1 သင်္ဘောကိုဖမ်းဆီးထားတာဟာတရားမ၀င်လုပ်ရပ်ဖြစ်တယ်လို့အီရန်ကယခင်ကတည်းကကန့်ကွက်ပြောဆိုထားပါတယ်။ Grace 1 ရေနံတင်သင်္ဘောဖမ်းဆီးထိန်းခံရပြီးသီတင်းနှစ်ပတ်အကြာမှာတော့  ဟော်မုဇ်ရေလက်ကြားမှာဗြိတိန်အလံလွှင့်တင်ထားတဲ့  Stena Impero ရေနံတင်သင်္ဘောကိုအီရန်ကဖမ်းဆီးခဲ့ပါတယ်။   Stena Impero ရေနံတင်သင်္ဘောဟာ  နိုင်ငံတကာရေကြောင်းဥပဒေတွေကိုချိုးဖောက်ခဲ့တယ်လို့အီရန်ကအခိုင်အမာပြောဆိုထားပေမယ့်လည်းဒီလိုဖမ်းဆီးလိုက်တာဟာသင်္ဘောအဖမ်းခံခဲ့ရတဲ့အီရန်ရဲ့လက်တုံ့ပြန်ခြင်းတစ်ရပ်ဖြစ်တယ်လို့အများစုကယုံကြည်နေကြပါတယ်။   Ref : BBC Photo : Reuters   #voiceofmyanmar #အီရန် #အမေရိကန် #ရေနံတင်သဘောင်္ #ဂျီဘရော်လ်တာ

Read More

 AA,TNLA , MNDAA  ညီနောင်မဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေ ရှမ်းမြောက် တိုက်ပွဲမှာ လူမှုရေးအသင်းကားလည်း ပစ်ခတ်ခံရ

သြဂုတ် ၁၇-၂၀၁၉ နေလင်း ( VOM)   ဒီနေ့ သြဂုတ်လ ၁၇ ရက်မနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီးပေါ် သိန္နီနဲ့ နမ့်စလပ်ကြား နမ့်တွန်းစုံရွာအဝင်မှာ နမ့်ခီးတံတားကို မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် တိမ်ဖြူစက်သုံးဆီဆိုင်ကိုပတ်ခတ်ခံရတဲ့အတွက် ဆီဆိုင်မီးလောင်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ ဒဏ်ရာရသူတွေကို ကယ်တင်ဖို့ သွားတဲ့ လားရှိုးလူငယ်လူမှုကူညီရေးအသင်း ဥက္ကဌပါတဲ့ကားလည်း လားရှိုးနဲ့ ၁၂ မိုင်အကွာလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ဥက္ကဌ ဦးထွန်းမြင့်(ခ) မွတ်စ်တာဖားဘိုင်  သေဆုံးပြီး ၃ယောက် ဒဏ်ရာရခဲ့ကြောင်း လားရှိုးလူငယ်လူမှုကူညီရေးအသင်းတာဝန်ခံတယောက်က ပြောပြပါတယ်။   “ကျနော်တို့ ဥက္ကဋ္ဌပါတဲ့ကားက လက်နက်ကြီးနဲပစ်ခံရတာ ပစ်တော့ကားမှောက်သွားတာ ကားမှောက်တော့ စနှိုက်ပါနဲ့ပစ်သွားတာ နဖူးတည့်တည့်မှန်သွားပြီး လမ်းမှာတင်ဆုံးသွားတယ်။ကျန်တဲ့ ၃ယောက် နည်းနည်းပါးပါးဒဏ်ရာရတာပေါ့၊ ပစ်တာကတော့ သောင်းကျန်းသူတွေပဲ ယူနီဖေါင်းဝတ်တာရော မဝတ်တာရောတွေ အများကြီးရှိတယ်။ လောလောဆယ်တော့ ကြိုကြားကြိုကြား သေနတ်သံကြားနေရသေးတယ်။ “     သိန္နီအကျော် နားတီး-ကွမ်းလုံအကြား၊၄၁မိုင်၃ဖာလုံမှာရှိတဲ့  ပေ၈၀ရှည်တဲ့ဗြုံးတောင်တံတားကိုလည်းမိုင်းခွဲဖျက်ဆီးခဲ့လို့သိန်းနီ-ကွမ်းလုံလမ်းကြောင်းသွားလာမှုပြတ်တောက်နေပြီလို့လည်း…

Read More

ထိုင်ဝမ်ကို အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေရောင်းဖို့ အမေရိကန်စီစဉ်နေ

ဝါရှင်တန်၊ သြဂုတ်-၁၇-၂၀၁၉ မျိုးဆက် (VOM)   သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရဟာ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေ ထိုင်ဝမ်ကို ရောင်းချရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်နေပါတယ်။   အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်ကို ဒေါ်လာ ရှစ်ဘီလီယံတန်ဖိုးရှိ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ် ၆၆ စင်း ရောင်းချရေးအစီအစဉ်ကို အမေရိကန်ကွန်ဂရက်သို့ အလွတ်သဘောတင်ပြထားတယ်လို့ ၀ါရှင်တန်ပို့စ်နဲ့ အခြားအမေရိကန်သတင်းဌာနကတွေက သြဂုတ် ၁၆ ရက်မှာ ဖော်ပြပါတယ်။   တရုတ်နိုင်ငံဆီကနေ ဖိအားတွေကြီးထွားလာတာကို တုံ့ပြန်ဖို့ ထိုင်ဝမ်ရဲ့စစ်ဘက် လက်နက်ကိရိယာတွေကို ခေတ်မီစေရေး လုပ်ဆောင်နေတဲ့  ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်ထံက တောင်းဆိုလိုက်ပြီးနောက် လေယာဉ်များရောင်းချရေးကို အမေရိကန်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။   အဲဒီရောင်းချမှုဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမေရိကန်နဲ့ ထိုင်ဝမ်တို့အကြား အကြီးမားဆုံးလက်နက်ရောင်းချမှုတွေထဲမှ တစ်ခုဖြစ်လိမ့်မယ်လို့ အမေရိကန် သတင်းဌာနက ဖော်ပြထားပါတယ်။   အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့လကလည်း…

Read More

ပြင်ဦးလွင်၊ နောင်ချိုက ပစ်ခတ်မှုမျိုး ထပ်မဖြစ်အောင် လုံခြုံရေးအားနည်းချက်တွေကို သုံးသပ်ဆောင်ရွက်မယ်

နေပြည်တော်၊ သြဂုတ် ၁၆ – ၂၀၁၉ ကိုထွန်း(VOM)   မနေ့က ပြင်ဦးလွင်မြို့နယ်နဲ့ နောင်ချိုမြို့နယ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်ခံရမှုတွေဟာ လုံခြုံရေးပိုင်းအားနည်းတာကြောင့်လို့ ဝေဖန်ပြောဆိုနေကြတဲ့အပေါ် နောက်တစ်ကြိမ် ဒါမျိုးမဖြစ်အောင် အုပ်ချုပ်ရေးပိုင်းအားလုံးရဲ့ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ကြိုးစားဆောင်ရွက်သွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။   “ရာနှုန်းပြည့် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်အာမခံချက်၊ ဒါမျိုးကတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အာမခံပေးဖို့ ခက်ပါတယ်။ သို့သော် အခုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်အပေါ်မှာ တပ်မတော်ကရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကရော၊ အုပ်ချုပ်ရေးပိုင်းကရော အားနည်းချက်တွေ ပြန်လည်သုံးသပ်ပြီးတော့ ဒါမျိုးနောက်တစ်ကြိမ် ထပ်မဖြစ်ပွားအောင် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားမှာပါ။” လို့ သူက ပြောဆိုခဲ့တာပါ။   ဒီနေ့ သြဂုတ် ၁၆ ရက် ညနေပိုင်းက နေပြည်တော်သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး အစိုးရအနေနဲ့ နိုင်ငံတော်…

Read More

တောင်ကိုရီးယားနဲ့ ငြိမ်းချမ်ရေးဆွေးနွေးပွဲမှန်သမျှ မြောက်ကိုရီးယား ပယ်ချလိုက်ပြီ

ပြုံယမ်း၊ သြဂုတ်-၁၆-၂၀၁၉ မျိုးဆက် (VOM)   တောင်ကိုရီးယားနိုင်ငံနဲ့ နောက်ထပ်ငြိမ်းချမ်းရေဆွေးနွေးပွဲမှန်သမျှကို မြောက်ကိုရီးယားနိုင်ငံက ပယ်ချလိုက်ပြီး ဒီလိုဆုံးဖြတ်တာဟာ တောင်ကိုရီးယားရဲ့ အလုံးစုံမှားယွင်းတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။   ဂျပန်အုပ်ချုပ်မှုအောက်ကနေ တောင်ကိုရီးယားလွတ်လပ်ရေးရခဲ့တဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သြဂုတ် ၁၅ ရက်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းကို တုံ့ပြန်မှုအဖြစ် မြောက်ကိုရီးယားက ဒီလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။   ဒီအအတောအတွင်း သြဂုတ် ၁၆ ရက် အစောပိုင်းကလည်း မြောက်ကိုရီးယားဟာ  အရှေ့ဖက်ကမ်းလွန်ပင်လယ်အတွင်း ဒုံးပျံနှစ်စင်း စမ်းသပ်ပစ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒီလိုပစ်ခတ်တာဟာ  တစ်လနီးပါး ကာလအတွင်း ဆဌမအကြိမ်မြောက် ဒုံးပျံစမ်းသပ်မှုလည်း ဖြစ်ပါတယ်။   နျူကလီးယားလက်နက်များတီထွင်မှုအတွက် နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ခြောက်ရက်ခန့်ကလည်း တာတိုပစ် တိုက်ချင်းပစ်ဒုံးပျံနှစ်စင်းကို ဂျပန်ပင်လယ်ပြင်အတွင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။  …

Read More

ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး လာမယ့်သီတင်းပတ်မှာ စတင်တော့မယ်

ရန်ကုန်၊ သြဂုတ်-၁၆-၂၀၁၉ မျိုးဆက် (VOM)   မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်နယ်မှာ ပြန်လည်နေရာချထားရေးကို လာမယ့်သီတင်းပတ်မှာ စတင်တော့မှာဖြစ်တယ်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက သြဂုတ် ၁၅ ရက်မှာ ပြောပါတယ်။   ပြီးခဲ့တဲ့နှစ်ကလည်း ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ပြန်ပို့ရေး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် လာမယ့်အပတ်မှာတော့ ပထမအသုတ် ရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်လက်ခံမှာ ဖြစ်ပါတယ်။   ဒီတစ်ခါမှာတော့ ဘင်္ဂလားဒေ့ရှ်က မကြာသေးမီအချိန်အတွင်း စာရင်းပေးပို့ထားတဲ့ ရိုဟင်ဂျာ ၂၂၀၀၀ ကျော်ထဲကနေ ၃၅၄၀ ဦးကို မြန်မာဘက်က စိစစ်ပြီးလက်ခံသွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။   သြဂုတ် ၂၂ ရက်မှာ ရိုဟင်ဂျာ ၃၅၄၀ ဦးကို ရခိုင်ပြည်နယ်မှာ ပြန်လည်နေထိုင်ဖို့အတွက် လက်ခံသွားဖို့သဘောတူခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သူက ပြောပါတယ်။   ပြီးခဲ့တဲ့နှစ်…

Read More

ပုဂံ လေးမျက်နှာဘုရားမှာ နိုင်ငံခြားသားတစ်ဦးသေဆုံးလျက် တွေ့ရှိ

ပုဂံ၊ သြဂုတ် ၁၆ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးတိုင်း ညောင်ဦးခရိုင် ပုဂံဒေသက ဘုရားဝင်းထဲမှာ နိုင်ငံခြားသားတစ်ဦးရဲ့ ရုပ်အလောင်းတစ်ခု ဒီနေ့ သြဂုတ် ၁၆ ရက် မနက် ၁၁ နာရီခွဲခန့်က တွေ့ရှိခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် (ပုဂံ)က သိရပါတယ်။   အဲဒီသေဆုံးရုပ်အလောင်းကို ပုဂံယဉ်ကျေးမှုနယ်မြေ လေးမျက်နှာ ဘုရားဝင်းအတွင်းက အုတ်ကျောင်းရဲ့ အလယ်လောက်မှာ ပက်လက်အနေအထားနဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး အသက် ၃၀ နှစ်ခန့်အရွယ် တောင်ကိုရီးယားနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် (ပုဂံ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။   “ဘယ်လိုကြောင့် သေတယ်ဆိုတာတော့ အခုဆေးရုံကိုပို့ပြီး ဆေးစစ်ချက်ယူနေတယ်။ ထူးထူးခြားခြား အပြင်ပန်းမှာတော့ ထိခိုက်ဒဏ်ရာ ဘာမှ မတွေ့ရဘူး။ မျက်နှာမှာတော့ နည်းနည်းလေးမဲနေတယ်၊ ညာဘက်ဒူးနားလေးမှာတော့ ဒဏ်ရာလေး…

Read More
VOM News

FREE
VIEW