ရစ်(ခ်)တာစကေး ၆ အဆင့်ရှိ ငလျင်လှုပ်ခဲ့တဲ့ ခင်ဦးမြို့နယ်ကို စင်္ကာပူနိုင်ငံက ငလျင်လေ့လာရေးလုပ်

ခင်ဦး စက်တင်ဘာ ၈-၂၀၁၉

နန်းကလျာ (VOM)

 

သြဂုတ်လ ၃၁ ရက်နေ့ ညက အင်အားရစ်(ခ်)တာစကေး ၆ အဆင့်ရှိ လှုပ်ခတ်ခဲ့တဲ့ ရွှေဘိုင်ခရိုင် ခင်ဦးမြို့နယ်ထဲမှာ စင်္ကာပူနိုင်ငံ နန့်ယန်းနည်းပညာတက္ကသိုလ် Earth Observatory of Singpore ကနေ ငလျင် တိုင်းတာရေး စက်အလုံး ၂၀ တပ်ဆင်းပြီး ငလျင်လှုပ်ခတ်မှုကိုလေ့လာနိုင်ဖို့ ဒီလ ၇ ရက်နေ့က စတင်ပြီးတော့ ပြုလုပ်နေပါတယ် ။

 

ငလျင်စက်တပ်ဆင်ရေးအဖွဲ့ က တာဝန်ခံ နန့်ယန်းတက္ကသိုလ်ရဲ့ သုတေသနပညာရှင် ဦးလင်းသူအောင် က ပြောပြတာက

 

“ငလျင်တစ်ခု လှုပ်ပြီဆိုလို့ ရှိရင် နောက်ဆက်တွဲ ငလျင်တွေက လှုပ်တတ်တာကို ၊ အဲ့ဒီငလျင် လှုပ်တဲ့ဟာကို ထပ်ပြီးတော့ တိုင်းလိုက်လို့ ရှိရင် အောက်မှာရှိတဲ့ ငလျင်ရဲ့ သဘောသဘာဝနဲ့ ငလျင်လှုပ်စေတဲ့ ပြတ်ရွေ့ကျော သဘောသဘာဝကို ပိုပြီးတော့ သိနိုင်အောင် နောက်ဆက်တွဲ လှုပ်တတ်တဲ့ ငလျင်တွေ ရဲ့ မှတ်တမ်းကို ရချင်လို့ လာပြီးတော့ တိုင်းတာတာပါ။ ကွင်းဆင်းတဲ့ ရက်ကတော့ ၇ ရက်နေ့ က စပြီးတော့ ၁၁ ရက်နေ့မှာ ကျနော်တို့ပြန်မယ်။ အဲ့ဒီကြားထဲရက်မှာတော့ ဗဟိုချက်နဲ့ နီးတဲ့ ပတ်ချာလည်မှာ စက်အလုံး ၂၀ ကို တစ်လ အကြာ ထားပြီးတော့ မှ ပြန်လာယူမယ်။ ရတဲ့ အချက်အလက်တွေကို စီစစ်လေ့လာမယ်” လို့ ဆိုပါတယ်။

 

သြဂုတ်လ ၃၁ ရက်နေ့ ညနဲ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ခင်ဦးမြို့နယ် နဲ့ ရေဦးမြို့နယ်တို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် ရွှေဘို၊ ခင်ဦး နဲ့ ရေဦးမြို့နယ် အတွင်းရှိတဲ့ ရှေ့ဟောင်း အဆောက်အဦးတွေ အပါအ၀င် စေတီတွေပြိုပျက်တာ လူနေအိမ်တွေ ထိခိုက်ပျက်စီးတာ လူတွေ ဒဏ်ရာရတာတွေဖြစ်ပေါ်ခဲ့ပါတယ်။

 

#voiceofmyanmar #ခင်ဦးငလျင် #စင်္ကပူနန့်ယန်းတက္ကသိုလ်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW