ပဲခူးတိုင်းဝန်ကြီးချုပ်ကတိအတိုင်း အကောင်အထည်ဖေါ်မပေးသေးလို့ မိုးညိုမှာ ဆန္ဒပြ

မိုးညိုစက်​တင်​ဘာ၁၂-၂၀၁၉

မိုးယံVOM

 

ပဲခူးတိုင်းဝန်​ကြီးချုပ်​အနေနဲ့ မြို့မ​ရှောက်​ပင်​ထုံးအင်းပယ်​ဖျက်​​ပေးမည်​ဖြစ်​​ကြောင်း​ပြောထားတဲ့ ကတိစကားကို အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​ပေးဖို့  ပဲခူးတိုင်းမင်းလှမြို့နယ်​မိုညိုမြို့မှာဒီ​နေ့မနက်၉နာရီကရေလုပ်​သားအင်​အားငါးရာဝန်းကျင်​နဲ့ ဆန္ဒဖော်​ထုတ်​ခဲ့ကြပါတယ်​။

 

“ ဇွန်​လ၂၃ရက်က ​ပဲခူးတိုင်းဝန်​ကြီးချုပ်​နဲ့​ ဒေသခံ​တွေ ​တွေ့ဆုံပွဲမှာ ​ရေလုပ်​သား​တွေက မိရိုးဖလာဘိုးစဉ်​​ဘောင်​ဆက်​ရှာ​ဖွေစား​သောက်​ခဲ့တဲ့ လှိုင်​မြစ်​လို့​ခေါ်တဲ့မြစ်​မခမြစ်​ကြို မစ်​အဖြစ်​သတ်​မှတ်​ပေးပါလို့​တောင်းဆိုချက်​ကို ဝန်​ကြီးချုပ်​ကယခင်​အစိုးရကဘာ​တွေပဲလုပ်လုပ်​ လက်​ရှိဒီမိုက​ရေစီ​ပြောင်းလဲ​နေတဲ့​ခေတ်​မှာ မြစ်​အဖြစ်​သတ်​မှတ်​ပြီး မြို့မ​ရှောက်​ပင်​ထုံးအင်းကိုအင်းအဖြစ်​စွန့်​လွှတ်​​ပေးမယ်​ဆိုပြီး​ပြောဆိုသွားပါတယ်။ ​ဒါကိုနှုတ်​မိန့်​တင်​မဟုတ်​ဘဲတရားဝင်​စာနဲ့အမိန့်​ထုတ်​​ပေးဖို့ ​ရေလုပ်​သား​တွေအတွက်​ ဘုံငါးဖမ်းကွက်​ပြုလုပ်​​ပေး​စေချင်​လို့ အခုလိုဆန္ဒထုတ်​​ဖော်​ရတာပါလို့”  ဦး​ဆောင်​သူဦး​မျိုးသန့်​က​ပြောပါတယ်​။

 

ဒေသခံပြည်​သူတွေဟာမြစ်​မခမြစ်​ကို အမှီပြုပြီး အသက်​​မွေးဝမ်း​ကျောင်းပြု​နေကြရသူ​တွေဖြစ်​လို့ အင်းအဖြစ်​သတ်​မှတ်​မယ်​ဆိုရင်​ ငွေရှိသူက လေလံဆွဲမှာမို့  လက်လုပ်လက်စားတွေအတွက် စားဝတ်​နေ​ရေး  အခက်​အခဲဖြစ်​ကြရ​ကြောင်းနဲ့ မြို့မ​ရှောက်​ပင်​ထုံးအင်းဟာ ဧကတစ်​ရာပဲရှိပေမယ့်​ တကယ်​တမ်းဧက​လေး​ထောင်​​ကျော်​​လောက်​သတ်​မှတ်​ထားတယ်လို့  ရေလုပ်သားတွေက ဆိုကြပါတယ်။

 

အဲဒီမှာတစ်​ပိုင်​တစ်​နိုင်​ငါးရှာ​ဖွေစား​သောက်​ကြတဲ့​ရေလုပ်​သား၁၂ဦးကို ပုဒ်​ပ၄၄၇နဲ့ တ​ရားစွဲထားတာ လ​ပေါင်း၃၀နီးပါးဖြစ်​​နေပြီ​ဖြစ်​​ကြောင်း အခုချိန်​မှာငါးရစ်​ငါးသန်​ကာလလွန်​​မြောက်​သွားပြီဆို​တော့​ ထိန်​​တောအုပ်​စု၊ ကြို့ပင်​သာအုပ်​စု၊ အင်း​တော်လုပ်​အုပ်​စု​၊ ပေါက်​ကုန်းအုပ်​စု၊ ညောင်​ဝိုင်း​ကျေးရွာအုပ်​စုတွေက​ တရားစွဲခံထားရတဲ့ သူ​တွေလိုဖြစ်​မှာစိုးတယ်​ လို့်​လည်း​ရေလုပ်​သား​တွေက​ပြောဆိုပါတယ်​။

 

ရေလုပ်​သား​တွေနဲ့​ဒေသခံ​တွေဟာမိုးညိုမြို့နယ်​မြို့မရပ်​ကွက်​မြို့ဦး​အောင်​ဆုပန်​ဘုရား​ရှေ့ကစတင်​ပြီးမဟာသုမင်္ဂလာ​ကြေးသွန်းဘုရားကြီးအထိလှိုင်​မြစ်​(ခ)မြစ်​မခမြစ်​အား လက်​လုပ်​လက်​စားဆင်းရဲသား​ရေလုပ်​သားများဘုံငါးဖမ်းကွက်​ရရှိ​ရေး၊ ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်​ကြီးချုပ်​မှမိန့်​ကြား​ပြောဆိုခဲ့​သောမြို့မ​ရှောက်​ပင်​ထုံးအင်းပယ်​ဖျက်​​ပေးမည်​ဖြစ်​​ကြောင်း​ပြောဆိုဂတိစကားအ​ကောင်​အထည်​ ​ဖော်​​ဆောင်​ရွက်​​ပေး​ရေး၊  မိုးညိုမြို့နယ်​ အတွင်းရှိ အင်းများအား ဧရိယာဧကနယ်​နိမိတ်​တိကျမှန်​ကန်​စွာ​ဖော်​​ဆောင်​​ပေး​ရေး၊  ငါးလုပ်​ငန်းဦးစီးဌာနမှမရှိဆင်းရဲသား​ရေလုပ်​သားများအားဥပ​ဒေနှင့်​မညီ​သောတရားစွဲဆိုမှုမဖြစ်​​ပေါ်​စေ​ရေး စတဲ့​ကြွေး​ကြော်​သံတွေနဲ့လမ်း​လျောက်​ဆန္ဒဖော်​ထုတ်​ခဲ့ကြတာဖြစ်ပါတယ်​။

 

ဒီ​နေ့ဆန္ဒ​ဖော်​ထုတ်​တာနဲ့ပတ်​သက်​လို့မိုးညိုမြို့နယ်​ငါးလုပ်​ငန်းဦးစီးဌာနဦးစီးမှူး ဦးသိန်းထိုက်​က

“ ကျ​နော်​တို့ဌာနမှာ  လှိုင်​မြစ်​လည်းမရှိဘူးမြစ်​မခမြစ်​လည်းမရှိဘူး  ၁၉၉၇ခုနှစ်​တည်းကအင်းအဖြစ်​နှစ်​စဉ်​​ရောင်းထားတာပါပဲခူးတိုင်းဝန်​ကြီးချုပ်​ ထိန်​​တောလာတုန်းကမြို့မ​ရှောက်​ပင်​ထုံးအင်းကိုစွန့်​​ပေးမယ်​လို့​ပြောဆိုခဲ့ပေမယ့်​အဲဒီအင်းကတရားဝင်​ ​လေလံ​ရောင်းပြီးတဲ့အင်းဖြစ်​ပါတယ်​။ အင်းဧရိယာနယ်​နိမိတ်​​တွေကိုလည်းကျ​နော်​တို့ဌာနက​မြေပုံ​တွေအရ​ဖော်​​ဆောင်​ထားတာပါ​ရေလုပ်​သား​တွေတရားစွဲခံရတယ်​ဆိုတာတော့အင်းဂရံတိုင်​ခွင့်​ပြုချက်​မရှိဘဲလုပ်​ကိုင်​လို့်​ တရားစွဲခံထားရတယ်​ဖြစ်​ပါတယ်​လို့ “ ​ပြောပါတယ်​။

 

#voiceofmyanmar #မိုးညို #အင်းလေးလံ #မြစ်မခ #လှိုင်

 

Related posts

Leave a Comment

VOM News

FREE
VIEW