အချုပ်နဲ့ တရားရင်ဆိုင်နေရတဲ့  ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း အာမခံရပြီ

ပုသိမ်၊စက်တင်ဘာ ၁၃-၂၀၁၉

ကိုအောင်(VOM)

 

 

ငွေကြေးအလွဲသုံးစားမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ဧရာဝတီလွှတ်တော်ဒုဥက္ကဌဟောင်း ဦးစံမင်းအောင်ဘက်က အချုပ်လွတ် ကျန်းမာရေးအာမခံလျှောက်ထားမူကို ဒီနေ့ရုံးချိန်း၆ကြိမ်မြောက်မှာတော့  ပုသိမ်မြို့နယ်တရားသူကြီးက အာမခံပေးလိုက်ပါတယ်။

 

ဦးစံမင်းအောင်ရဲ့ကျန်းမာရေးအခြေအနေဟာဘယ်ဘက်ကျောက်ကပ်မကောင်း ကျောက်တည်နေပြီး တီဘီရောဂါ နလုံးသွေးကြောကျဉ်းရောဂါနဲ့ လိပ်ခေါင်းရောဂါတွေခံစားနေရပြီး အထူးကုဆရာဝန်တွေနဲ့ပြသင့်တယ်လို့ပုသိမ်ဆေးရုံက ခွဲစိပ်ဆရာဝန်ကြီး ဒေါက်တာဇာရှိန်းက ပြီးတဲ့ရုံးချိန်းက ထွက်ဆိုခဲ့ပါတယ်။

 

ဒီထွက်ဆိုမူအရ တရားသူကြီးဒေါ်ခင်မြတ်မြတ်ထွန်း က ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၉၇(၁)အရ သိန်း၅၀၀နဲ့အာမခံပေးလိုက်တာဖြစ်ကြောင်း ခုလိုရှင်းပြပါတယ်။

 

“သူ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ဆရာဝန်ရဲ့ထွက်ဆိုချက်ကို ထည့်သွင်းစဉ်းစားခဲ့ပြီးသူရုံးထွက်တိုင်းကျန်းမာရေးမကောင်းတာလည်း မျက်မြင်ဖြစ်တဲ့အတွက် အာမခံသူ၂ဦးနဲ့ သိန်း၅၀၀အာမခံပေးလိုက်တာပါ” လို့  ပုသိမ်မြို့နယ်တရားသူကြီးဒေါ်ခင်မြတ်မြတ်ထွန်းကပြောပါတယ်။

 

လက်ရှိဥင်္ိးစံမင်းအောင်ဟာ ကျန်းမာရေးဆိုးရွားနေတာကြောင့် ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်သွားရောက်ကုသနေပြီဖြစ်ပါတယ်။

 

 

ဦးစံမင်းအောင်ဟာ ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း တစ်ထောင့်ငါးရာရှစ်ဆယ်ကို အသုံးပြုပြီး တိုင်းလွှတ်တော်အတွက် ကားငါးစီးဝယ်ယူခဲ့ရာမှာ ၁၉ သိန်းကျော်ကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တယ်ဆိုပြီး တိုင်းလွှတ်တော်ရုံးက ဒုညွှန် ဦးဇော်မင်းထွန်းရဲ့ တရားလိုပြုတိုင်ကြားမှုကြောင့် အမှု့ရင်ဆိုင်နေရတာပါ ။

 

စက်တင်ဘာ ၁၉ရက်နေ့မှာတော့ တရားလို ဧရာဝတီတိုင်းလွှတ်တော် ဒုတိယညွန်ကြားရေးမှူး ဦးဇော်မင်းထွန်းကို စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ဧရာဝတီတိုင်းလွှတ်တော် #ပုသိမ်

 

 

 

.

Related posts

Leave a Comment

VOM News

FREE
VIEW