အာဖဂန် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၃၀ သေဆုံး

ကဘူး၊ စက်တင်ဘာ-၁၉-၂၀၁၉

မျိုးဆက်(VOM)

 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ အမေရိကန်ရဲ့ လေကြောင်းပံ့ပိုးမှုနဲ့အတူ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ သေဆုံးသွားပြီး ၄၀ ဒါဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူ တွေက စက်တင်ဘာ ၁၉ ရက်မှာပြောပါတယ်။

 

 

စက်တင်ဘာ ၁၈ ရက်ညက လေကြောင်းတိုက်ခိုက်မှုဟာ အိုင်အက်စ်စစ်သွေးကြွတွေ ပုန်းအောင်းရာမှာ အသုံးပြုတဲ့ နေရာတစ်ခုကို ဖျက်စီးဖို့ရည်ရွယ်လုပ်ဆောင်တာဖြစ်ပေမယ့် စိုက်ပျိုးမြေတစ်ခုအနီးက လယ်သမားတွေကို မတော်တဆပစ်မှတ်ထားမိခဲ့တယ်လို့ အစိုးရတာဝန်ရှိသူသုံးဦးက ရိုက်တာကိုပြောပါတယ်။

 

 

မောင်းသူမဲ့လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုမှ အလုပ်သမာ ၃၀ သေဆုံးသွားပြီး ၄၀ ထက်မနည်းဒါဏ်ရာရရှိသွားတယ်လို့ နန်ဂါဟာပြည်နယ်ရဲ့ ပြည်နယ်ကောင်စီဝင် ဆိုရတ်ကာဒီရီက ပြောပါတယ်။

 

 

ကဘူးမှာရှိတဲ့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အတည်ပြုထားပါတယ်။ ဒါပေမယ့် သေဆုံးဓါဏ်ရာရရှိမှုတွေနဲ့ပတ်သက်ပြီး ချက်ချင်းထုတ်ပြန်တာမရှိသေးပါဘူး။

 

 

အစိုးရအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီး ကဘူးမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကတော့ ချက်ချင်းမှတ်ချက်ပေးတာမျိုးမရှိပါဘူး။ အာဖဂန်ပဋိပက္ခမှာ တာလီဘန်နဲ့ အမေရိကန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီးနောက် တာလီဘန်အဖွဲ့ကလည်း နေ့စဉ်နီးပါး အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်နေကြပါတယ်။

 

Ref : Reuters

Photo : AP

 

 

#voiceofmyanmar #အာဖကန် #အမေရိကန်   #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW