ရနောင်းလူသတ်မှုမှာစွပ်စွဲခံခဲ့ရတဲ့လေးဦးအတွက်နစ်နာကြေးတောင်းခံသွားမယ်

ရန်ကုန်-စက်တင်ဘာ၂၃- ၂၀၁၉ ကိုးသက်စံ(VOM)   ရနောင်းလူသတ်မှုမှာစွပ်စွဲခံခဲရပြီးထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့  လူငယ်လေးဦးအတွက်နစ်နာကြေးအနေနဲ့  ထိုင်းတရားရုံးမှာပြန်လည်တင်ပြတောင်းခံသွားမှာဖြစ်တယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုတိုးတက်ရေးဖောင်ဒေးရှင်း(FED) ဒုတိယတာဝန်ခံကိုမိုးဝေက  ဒီကနေ့စက်တင်ဘာလ၂၃ရက်နေ့ရန်ကုန်မြို့ Lotte ဟိုတယ်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။     “ရနောင်းလူသတ်မှုဖြစ်စဉ်မှာအသက်၁၈နှစ်မပြည့်ခင်ထောင်ချပြီးလို့  ၁၈နှစ်ပြည့်ပြီးမှလွှတ်လာတဲ့ကလေးနှစ်ယောက်နဲ့နောက်နှစ်ယောက်ကအသက်၂၀ကျော်သွားတဲ့အတွက်၃နှစ်နဲ့၆လကျခံခဲ့ရပြီးအခုတော့လေးယောက်လုံးလွှတ်လာတယ်၊အခုနောက်ဆုံးအဆင့်တစ်ဆင့်ကျန်တယ်အယူခံနိုင်လို့လွှတ်လာပေမယ့်ထိုင်းဘက်ကတရားစွဲထားတဲ့ရဲဌာနတွေကအယူခံထပ်တင်မယ်၊ကျွန်တော်တို့ကသူတို့စွဲချက်ထပ်တင်တဲ့အပေါ်မှာမူတည်ပြီးတော့မြန်မာဘက်ကဖြေရှင်းချက်သွားပြန်ပေးရမှာဖြစ်တယ်။အဲဒါပြီးရင်တရားရုံးရဲ့ဆုံးဖြတ်ချက်ထွက်လာပြီဆိုမှသူတို့အမှုဖိုင်တွဲတင်ဖို့မပြည့်စုံဘူးဆိုရင်ကျွန်တော်တို့ကနိုင်ပြီ။နိုင်တဲ့အချိန်မှာနစ်နာကြေး၊လျော်ကြေးတို့အတွက်သူတို့ရဲ့ဆုံးရှုံးမှုတွေကိုပြန်တင်မယ်လို့“ FED ရဲ့ဒုတိယတာဝန်ခံ  ကိုမိုးဝေကပြောပါတယ်။     လက်ရှိမှာရနောင်းလူသတ်မှုနဲ့ပတ်သက်ပြီးနစ်နာခဲ့တဲ့အချက်အလက်တွေကိုပြင်ဆင်ပြီးပါကလာမယ့်နိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာတင်ပြသွားမှာဖြစ်ပြီးထိုင်းနိုင်ငံတရားဥပဒေအရရက်ပေါင်း၆၀အတွင်းပြန်လည်တင်ပြသွားရမှာလည်းဖြစ်ပါတယ်။       “ပထမဆုံးဖြစ်စဉ်ရဲ့အချက်အလက်တွေကိုစုဆောင်းတယ်။သူတို့ရဲ့ဆုံးရှုံးမှုတွေ၊သူတို့မိဘတွေရဲ့ဆုံးရှုံးနစ်နာတွေ၊စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ၊ကလေးတွေရဲ့သိက္ခာပိုင်းဆိုင်ရာတွေကိုပြင်ဆင်နေတယ်။ပြင်ဆင်ပြီးရင်ထိုင်းရှေ့နေများကောင်စီဆီကနေအမှုတွဲပြီးထပ်မံပြင်ဆင်ရမယ့်အချက်တွေကိုဖြည့်စွက်ပြီးပြင်တင်သွားမှာဖြစ်တယ်လို့“ ဒုတိယတာဝန်ခံကိုမိုးဝေကပြောပါတယ်။     ရနောင်းလူသတ်မှုမှာပြစ်မှုကျူးလွန်ခဲ့တယ်ဆိုပြီးထိုင်းတရားရေးရာဌာနအနေနဲ့လွဲမှားစွာပြစ်ဒဏ်ချမှတ်ခဲ့မှုနဲ့ပတ်သက်ပြီးရနောင်းမြို့အယူခံတရားရုံးကမြန်မာရွှေ့ပြောင်းလုပ်သားလူငယ်နှစ်ဦးကိုအပြစ်မရှိကြောင်းပြီးခဲ့တဲ့စက်တင်ဘာလ၁၆ရက်နေ့မှာအမိန့်ချခဲ့တာ  ဖြစ်ပါတယ်။   “ကျွန်တော်တို့လွှတ်လာပြီဆိုတော့ နစ်နာကြေးတွေအတွက် ကျွန်တော်တို့ရှေ့နေတွေ က မရရအောင် လုပ်ပေးမယ် ပြောတယ် ၊ကျွန်တော်တို့ ထိုင်းရဲတွေကိုလည်း မကျေနပ်ဘူး၊တရားပြန်စွဲလို့ရရင် ကျွန်တော်ကပြန်ဆွဲချင်တယ် ၊နောက်ပြီး လူမသတ်ပဲနဲ့ထောင်ဒဏ်မှာ စွပ်စွဲခံရသလို သူတို့တွေကို ပြန်ခံစားစေချင်တယ်လို့ “စွပ်စွဲခံရပြီးထောင်ကျခံခဲ့ရတဲ့ ကိုမိုးဇင်အောင်က ပြောပါတယ် ။   ပြီးခဲ့တဲ့၂၀၁၅ခုနှစ်ကစက်တင်ဘာလလဆန်းကထိုင်းနယ်စပ်၊ရနောင်းမြို့မှာအသက်၁၈နှစ်အရွယ်ထိုင်း-မြန်မာကပြားကျောင်းသူတစ်ဦးကိုသတ်တယ်ဆိုပြီးမြန်မာရေလုပ်သားတွေဖြစ်တဲ့စိန်ကတုံး၊ဝေလင်း၊မိုးဇင်အောင်နဲ့ကျော်စိုးဝင်းတို့၎ဦးကိုထိုင်းရဲတပ်ဖွဲ့ကသံသယတရားခံအဖြစ်စွပ်စွဲဖမ်းဆီးပြီးရနောင်းတရားရုံးကအပြစ်ရှိတယ်ဆိုပြီး၂၀၁၈ခုနှစ်အတွင်းကအလုပ်သမားတစ်ဦးစီကိုအမိန့်တွေအသီးသီးချမှတ်ခဲ့တဲ့အမှုလည်းဖြစ်ပါတယ်။   #voiceofmyanmar  #ရနောင်းလူသတ်မှု

Read More

ဒုက္ခသည်စခန်းကရိုဟင်ဂျာတွေအတွက်စတာလင်ပေါင်၈၇သန်းဗြိတိန်ထောက်ပံ့မယ်

ဒါကာ၊စက်တင်ဘာ-၂၃-၂၀၁၉ မျိုးဆက်(VOM)     ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားဒေသမှာခိုလှုံနေတဲ့ရိုဟင်ဂျာတွေအတွက်နောက်ထပ်စတာလင်ပေါင်  ၈၇သန်းဗြိတိန်နိုင်ငံကထောက်ပံ့ပေးမယ့်အစီအစဉ်ကိုစက်တင်ဘာ၂၂ရက်မှာကြေညာလိုက်ပါတယ်။     ဒီထောက်ပံ့ရေးအစီအစဉ်နဲ့ပတ်သက်ပြီးဒါကာမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ဆိုင်ရာဗြိတိန်သံအမတ်ကြီးရောဘတ်ချာတာတန်ဒစ်ဆန်ကသတင်းစာရှင်းလင်းပွဲမှာကြေညာခဲ့တာဖြစ်ပါတယ်။ရိုဟင်ဂျာတွေကိုလက်ခံထားတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပြည်သူတွေရဲ့ရက်ရောမှုနဲ့လူသားဆန်မှုတို့ကိုကျေးဇူးတင်တယ်လို့လည်းသူကပြောပါတယ်။     ဗြိတိန်အနေနဲ့နောက်ထပ်စတာလင်ပေါင်၈၇သန်းကိုဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ကုလသမဂ္ဂပူးတွဲအစီအစဉ်တွေအတွက်ထောက်ပံ့ပေးသွားမှာဖြစ်ပြီးရိုဟင်ဂျာပြသနာစတင်တဲ့၂၀၁၇ခုနှစ်သြဂုတ်လကတည်းကဒေါ်လာ၂၂၆သန်းကိုထောက်ပံ့ပေးပြီးဖြစ်တယ်လို့ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေးဌာနအကြီးအကဲဂျူဒစ်ဟာဘတ်ဆန်ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။     ဒါ့အပြင်ရိုဟင်ဂျာတွေလက်ခံထားရတာကြောင့်ကော့ဘဇားဒေသမှာစီးပွားရေးဆိုင်ရာဆိုးကျိုးတွေနဲ့ပတ်သက်ပြီးဗြိတိန်အနေနဲ့သတိထားမိတာကြောင့်ဒုက္ခသည်တွေကိုသာမကဒေသခံအသိုင်းအ၀ိုင်းကိုပါကူညီမှုတွေပြုသွားမယ်လို့သူကပြောပါတယ်။   လက်ရှိမှာတော့ကော့ဘဇားမှာခိုလှုံနေတဲ့ရိုဟင်ဂျာတွေကိုရခိုင်ပြည်နယ်ပြန်ပို့ရေးအတွက်သြဂုတ်လအတွင်းကဒုတိယအကြိမ်ကြိုးစားခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး။ရိုဟင်ဂျာတွေအနေနဲ့ရခိုင်ပြည်နယ်မှာလုံခြုံရေးနဲ့ပတ်သက်ပြီးစိုးရိမ်နေကြသလိုမြန်မာနိုင်ငံသားဖြစ်ခွင့်ရရေးအတွက်လည်းတောင်းဆိုနေကြပါတယ်။     Ref :BSS Photo : USAID  

Read More

NLDရဲ့​ရှေ့လုပ်​ငန်းစဉ်​ထဲမှာ ခြေဥပြင်ဆင်ရေးကိစ္စ မပါဝင်တော့

ရန်​ကုန်​ ၊ စက်​တင်​ဘာ ၂၂-၂၀၁၉ သူရိန် ( VOM)   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး အပြီးပြု လုပ်တဲ့ သတင်းစာရှင်းပွဲမှာအစည်းအဝေး ဆုံးဖြတ်ချက် ၅ရပ်နဲ့ ရှေ့လုပ်ငန်းစဉ် ၃ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပေမယ့်​၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ မပါဝင်တော့တာကို​တွေ့ရပါတယ်​။   ဒုတိယဗဟိုကော်မတီ၊ ဒုတိယအကြိမ်အစည်းအဝေးတုန်းက လုပ်ငန်းစဉ် ၅ရပ်ရှိပါတယ်။ အဲဒီအထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ပြည်ထောင်စုလွှတ်တော်မှာဆောင်ရွက်နေတဲ့အတွက် တတိယအကြိမ် အစည်းအဝေး ကနေ ရှေ့လုပ်ငန်းစဉ် ၃ရပ်ကိုပဲ ချထားပါတယ်လို့ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ကပြောပါတယ်​။   ဒုတိယအကြိမ် ဗဟိုကော်မတီ  ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာတုန်းကတော့  (၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (၂) အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ပြည်တွင်းစစ်ချုပ်ငြိမ်းရေး (၃)ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး (၄) အဖွဲ့ချုပ်အဖွဲ့ဝင်များအကြား ညီညွတ်ရေးနဲ့…

Read More

ဆွမ်းဦးပုညရှင်စေတီတော်မှာမှန်သားခင်း(View Point) ပြုလုပ်မယ့်  အစီအစဉ်ပျက်

စစ်ကိုင်းစက်တင်ဘာ၂၂၊၂၀၁၉ မောင်တာရာ(VOM)     ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ရင်ပြင်တော်တွေကိုတိုးချဲ့ပြီး  မှန်သားခင်း(View Point) ပြုလုပ်ရန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကစီစဉ်ခဲ့ပေမယ့် ခုတော့ ပြုလုပ်တော့မှာမဟုတ်တော့ကြောင်း  ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။     စစ်ကိုင်းတောင်ရိုး၊ဆွမ်းဦးပုညရှင်စေတီတော်ဂေါပကအဖွဲ့  ဥက္ကဌဦးစိုးဝင်းကပြောပြတာကတော့     ”ကျွန်တော်တို့ဒေသဖွံ့ဖြိုးရေးလုပ်ချင်တယ်၊ရှေးဟောင်းနယ်မြေဖြစ်တယ်၊ သာသနာထွန်းကားတဲ့နယ်မြေတွေဖြစ်တယ်အဲလိုလုပ်မယ်ဆိုဖွံ့ဖြိုးရေးအမြင်တစ်ခုတည်းနဲ့ကြည့်လို့မရဘူးပေါ့နော်။ သာသာနာဆိုင်ရာကိစ္စတွေ၊ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေဒါတွေပါထည့်သွင်းစဉ်းစားပြီးတော့မလုပ်ဖြစ်တော့ဘူး”ဟု  ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ဥက္ကဌဦးစိုးဝင်းကပြောပါတယ်။     ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ရင်ပြင်တော်တွေကိုတိုးချဲ့ပြီးမှန်သားခင်း(View Point) ပြုလုပ်ရန်အတွက်ဒီနှစ်မေလ၈ရက်နေ့ကစစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးကျော်ဝင်းလှိုင်၊ ဘုရားဂေါပကအဖွဲ့ဝင်တွေကတရုတ်နိုင်ငံမှပညာရှင်တွေနဲ့အတူလာရောက်ကွင်းဆင်းကြည့်ရှု့တိုင်းတာမှုတွေပြုလုပ်သွားခဲ့ပါတယ်။     ဒီလိုမှန်သားရင်ပြင်ခင်းရင်အောက်မှာ သာသသနိက အဆောက်အဦးတွေရှိနေတော့ အမြင်မတင့်တယ်တာတွေကြောင့် ဝေဖန်မှုတွေရှိလာခဲ့တဲ့ နောက်မှာ ခုလို မှန်သားရင်ပြင်ခင်းမယ့် အစီအစဉ် ဖျက်လိုက်တာဖြစ်ပါတယ်။   #voiceofmyanmar  #ဆွမ်းဦးပုညရှင် #မှန်သားရင်ပြင် #စစ်ကိုင်း    

Read More

မုံရွာမှာ တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားက ၆နှစ်အရွယ် ကလေးငယ်အားသတ်

မုံရွာ၊စက်တင်ဘာ ၂၂-၂၀၁၉ ရန်နိုင်စိုး (မုံရွာ)     မုံရွာမြို့နယ်မအူကြီးကျေးရွာမှာတက္ကသိုလ်ဒုတိယနှစ်ကျောင်းသားတစ်ဦးကနေစာကျက်ရင်းနဲ့၆နှစ်အရွယ်ကလေးငယ်တစ်ဦးကိုဓါးနဲ့ထိုးသတ်မှုစက်တင်ဘာလ၂၂ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။   ကျူးလွန်တဲ့သူဟာတောင်ငူမြို့မှာနေထိုင်တဲ့ရုက္ခဗေဒကျောင်းသားဥက္ကာမင်းဆိုသူဖြစ်ပြီးဖခင်ဖြစ်သူဆီ အလည်လာရာကနေကျေးရွာအတွင်းမှာရှိတဲ့ဒီပါအေးမြဘုရားဝင်းအတွင်းစာကျက်နေရင်းအနီးနားမှာဆော့ကစားနေတဲ့ကလေးငယ်ကိုဓါးနဲ့ထိုးသတ်မိတာလို့သိရပါတယ်။   ” ဘာ့ကြောင့်ကလေးငယ်ကိုသတ်ရတာလဲလို့ကျူးလွန်သူကိုစစ်တော့ဘယ်လိုဖြစ်သွားမှန်းမသိဘူးတဲ့။သူဘာလုပ်မိမှန်းကိုမသိလိုက်တာလို့ပြောတယ်။ဒါပေမယ့်စိတ်ရူးသွပ်သူတစ်ယောက်တော့မဟုတ်ဘူး။ကျူးလွန်ရာမှာသုံးခဲ့တာကတော့အရိုးသွား၉လက်မခွဲရှိတဲ့ဟင်းလှီးဓါးပဲ။ကလေးကတော့ဆေးရုံရောက်မှသေတယ်” လို့မုံရွာမြို့မစခန်းမှုးဝင်းနိုင်ကပြောပါတယ်။   သေဆုံးသူကလေးငယ်ဟာမအူကြီးကျေးရွာမှာနေတဲ့မအိသက်ရှည်ဆိုသူဖြစ်ပြီးဓါးထိုးသွင်းဒဏ်ရာကြောင့်ဝဲလည်ပင်းပြတ်ရှဒဏ်ရာ၂ချက်၊ဝမ်းဗိုက်ပြတ်ရှဒဏ်ရာ၂ချက်နဲ့ဝဲခါးစောင်းပြတ်ရှဒဏ်ရာ၂ချက်နဲ့သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။   ” အဲ့ဒီကလေးကအရင်ကတည်းကအခုလိုဘုရားထဲမှာကလေးအုပ်စုနဲ့ဆော့ကစားနေကျ။ဒီနေ့ကျမှအခုလိုဖြစ်ရတာပဲ”လို့မအူကြီးကျေးရွာမှာနေထိုင်သူတစ်ဦးကပြောပါတယ်။   အခုလိုကလေးငယ်ကိုသတ်ဖြတ်ခဲ့တာနဲ့ပတ်သက်လို့သေဆုံးသူရဲ့မိခင်ဒေါ်အေးသင်းကတရားလိုပြုလုပ်ပြီးကျူးလွန်သူဥက္ကမင်းကို( ပ)၂၁၀၈/၂၀၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂ဖြင့်မုံရွာမြို့မရဲစခန်းမှာအမှုဖွင့်ထားပါတယ်။   #voiceofmyanmar #မုံရွာ #၆နှစ်အရွယ်ကလေးသတ်ဖြတ်ခံရ

Read More

ကျောက်တော်မြို့မှာရဲဝန်ထမ်းတစ်ဦးဓါးထိုးသတ်ဖြတ်ခံရ

ကျောက်တော်၊စက်တင်ဘာ၂၂-၂၀၁၉ ခိုင်လင်းစံ(VOM)     ရခိုင်ပြည်နယ်၊ကျောက်တော်မြို့မှာရဲဝန်ထမ်းတစ်ဦးအားဒီနေ့မနက်ပိုင်းကဓါးနဲ့ထိုးသတ်သွားခဲ့တဲ့အတွက်သေဆုံးသွားခဲ့ကြောင်းသတင်းရရှိပါတယ်။     ဓါးထိုးခံရပြီးသေဆုံးသူမှာကျောက်တော်မြို့မရဲစခန်းမှာတာဝန်ကျနေတဲ့တပ်ကြပ်ကြီးဦးမောင်လှအသက်၅၀နှစ်ဖြစ်ပြီးသူဟာကျောက်တော်မြို့ဆိပ်ကမ်းတာဝန်ခံအဖြစ်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။     “ရဲတပ်ကြပ်ကြီးမောင်လှဟာဒီမနက်ပိုင်းက၇နာရီလောက်မှာပေါ့နော်လမ်းမှာဓါးထိုးခံလိုက်ရတယ်။ဘယ်သူတွေထိုးသွားလဲမသိဘူး။အိမ်ကနေထွက်လာတဲ့အချိန်မှာအထိုးခံလိုက်ရတာလို့သိရတယ်။ဆေးရုံမှာဆုံးသွားတယ်။”လို့ကျောက်တော်မြို့ခံတစ်ဦးကပြောပါတယ်။     လုပ်ကြံသတ်ဖြတ်ခဲ့သူကိုမသိရှိရသလိုလောလောဆယ်မှာဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းနဲ့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကျောက်တော်မြို့မရဲစခန်းကိုဆက်သွယ်ခဲ့ပေမယ့်ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။   ပြီးခဲ့တဲ့သြဂုတ်လ၁၉ရက်နေ့ညနေပိုင်းကလည်း ကျောက်တော်မြို့သင်္ဘောဆိပ်အနီးမှာမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူစောသန်းလွင်ကိုအမည်မသိလူတစ်စုကဓါးနဲ့ထိုးသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။   ဒါ့အပြင်ဒီကနေ့မနက်ပိုင်းကဘူးသီးတောင်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့၆ရပ်ကွက်(မြို့သစ်တောင်ရပ်ကွက်)မှာလည်းအသက်၆၀အရွယ်ဦးသိန်းထွန်းဆိုသူကိုနေအိမ်ခြံဝင်းအတွင်းမှာဓါးထိုးခံလိုက်ရပြီးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။   #voiceofmyanmar #ရခိုင်ပြည်နယ် #ကျောက်တော် #ဓါးထိုးမှု

Read More

မြန်မာသင်္ဘောပေါ်မှရူပီးသန်း ၃၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေအိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ဖမ်းဆီး

ဒေလီ၊စက်တင်ဘာ-၂၂-၂၀၁၉ မျိုးဆက်(VOM)   အိန္ဒိယသမုဒ္ဒရာအတွင်းခုတ်မောင်းနေတဲ့မြန်မာသင်္ဘောတစ်စင်းပေါ်ကနေရူပီးသန်း ၃၀၀၀  တန်ဖိုးရှိမူးယစ်ဆေးဝါးတွေကိုအိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့တာဝန်ရှိသူတွေကစက်တင်ဘာ၂၁ရက်မှာပြောပါတယ်။     အဲဒီသင်္ဘောဟာအိန္ဒိယသမုဒ္ဒရာအတွင်းအကြီးစားမူယစ်ကွန်ရက်ရဲ့လုပ်ငန်းလည်ပတ်မှုတစ်စိတ်တစ်လို့သံသယရှိကြောင်းကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ရှိသူတွေကပြောဆိုပြီးသင်္ဘောကိုကာနီကိုဘာကျွန်းအနီးမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။     အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့စက်တင်ဘာ၁၉ရက်ကရေကြောင်းနဲ့လေကြောင်းစစ်ဆင်ရေးတစ်ရပ်မှာမြန်မာသင်္ဘောကိုတွေ့ရှိခဲ့ပြီးသင်္ဘောပေါ်ကနေကက်တမင်းမူးယစ်ဆေးဝါး၁၁၆၀ကီလိုဂရမ်နီးပါးကိုဖမ်းဆီးရမိခဲ့တာပါ။     မြန်မာသင်္ဘောမှာပါတဲ့သင်္ဘောသားခြောက်ဦးကိုလည်းစက်တင်ဘာ၂၁ရက်ကဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီးမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုတာဝန်ရှိသူတွေနဲ့အက်ဒမန်ကျွန်းစုဒေသခံရဲတပ်ဖွဲ့တာဝန်ရှိသူတွေကစစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေပါတယ်။   သင်္ဘောဟာစက်တင်ဘာ၁၄ရက်မှာမြန်မာနိုင်ငံကစတင်ထွက်ခွာခဲ့ပြီးထိုင်း-မလေးရှားနယ်စပ်အနီးရှိအခြားသင်္ဘောတစ်စင်းပေါ်ကိုမူးယစ်ဆေးဝါးတွေလွှဲပြောင်းပေးရမှာဖြစ်တယ်လို့စစ်ကြောရေးလုပ်ဆောင်ချိန်အတွင်းမြန်မာသင်္ဘောသားတွေကထွက်ဆိုထားကြောင်းသတင်းရင်းမြစ်တွေကပြောပါတယ်။   Ref : DNA Photo : ICG  

Read More

ငွေဆောင်ကမ်းခြေအနီးမှာ တောဆင်ရိုင်းတစ်ကောင်သတ်ခံရတာ အရိုးကျမှသိ

ပုသိမ်၊ စက်တင်ဘာ ၂၁-၂၀၁၉ ကိုအောင်(VOM)   ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြိုနယ် ငွေဆောင် ကမ်းခြေသဇင်ကျေးရွာ အုပ်စုရှိ ဆင်မ သစ်တောကြိုးဝိုင်းသစ်တောအတွင်း မှာ  အသတ်ခံရပြီး အရိုးကျနေတဲ့ တောဆင်ရိုင်း တစ်ကောင် ကိုစက်တင်ဘာ ၂၀ ရက်နေ့ က တွေ့ရှိခဲ့တယ်လို့သိရပါတယ်။   သေဆုံးသည့် တောဆင်ရိုင်းမှာ အသက် ၂၀ အရွယ် အမြင့် ၇ ပေခန့် ကျောအလျား ၇ ပေ ၂ လက်မခန့် ရှေ့ခွာ ၅ လက်မ ပါတ်လည်ခန့် နောက်ခွာ ၄ လက်မ ပါတ်လည်ခန့် ရှိသည့်  တောဆင်ရိုင်း အမဖြစ်တယ်လို့သွားရောက်စစ်ဆေးတဲ့ ဆင်ကိစ္စအရေးပေါ်ဆောင်ရွက်ရေးအဖွဲ့ (EERU)ခေါင်းဆောင် ဒေါက်တာလင်းလင်းထွန်းကပြောပါတယ်   “လွန်ခဲ့တဲ့၂လလောက်ကအသတ်ခံရတာပါ ဦးခေါင်းဝဲဘက်မှာသေနတ်ဒဏ်ရာ ကိုတွေ့ရတယ် “ဟု သူကသေဆုံးရတဲ့အကြောင်းကိုရှင်းပြပါတယ်။   ပြီးခဲ့တဲ့စက်တင်ဘာ၁၂ရက်နေ့ကလဲငပုတောမြို့နယ် မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းမှာလည်း…

Read More

ဘားအံမြို့မှာ သိမ်းဆည်းခံ လယ်​​မြေပြန်​လည်​ရရှိဖို့ ဆန္ဒ​ဖော်​ထုတ်

ဘားအံစက်​တင်​ဘာ၂၀-၂၀၁၉ မိုးယံ(VOM)   ကရင်​ပြည်​နယ်​ ဘားအံမြိ့မှာ အကျဉ်းဦးစီးဌာန​တောင်​က​လေးအကျဉ်း​ထောင်​ကသိမ်းဆည်းထားတဲ့လယ်​​မြေ၆၈ဧကကိုပြန်​လည်​ရရှိဖို့တကယ်လို့လယ်​ပြန်​မ​ပေးရင်​လည်း ကာလတန်​ဖိုးအတိုင်း​လျော်​​ကြေးရရှိဖို့ ဒီ​နေ့မနံက်​ ၈နာရီခွဲအချိန်​ကမူလမြေပိုင်ရှင်တွေက ဆန္ဒဖော်​ထုတ်​ခဲ့ပါတယ်​။     “ လွန်​ခဲ့တဲ့၁၀နှစ်​​လောက်​ကတည်းကသိမ်းခံရတာအဘွား​မြေက၂.၅၆ဧကပါတယ်​ တိုင်​ထားတာအများကြီးဘဲဘာမှမထူးခြားဘူးအသိမ်းခံရတဲ့လယ်​​မြေ​တွေကအခုထိ လယ်​ကွင်းကြီးဘဲဘာစီမံကိန်းမှမလုပ်​ဘူးအဘွားတို့လယ်​ထဲသွား​တော့​မောင်းထုတ်​တယ်​လယ်​ပြန်​လိုချင်​တယ်​ဒါမှမဟုတ်​လည်း​လျော်​​ကြေးရချင်​တယ်​ “ လို့ သိမ်းဆည်းခံရတဲ့  က​မော်​ကဆင်​​ကျေးရွာမှ​မြေပိုင်ရှင် ဒေါ်ညိုက​ပြောပါတယ်​။   ဘားအံမြို့​ကျောက်​တိုင်​ကွင်းမှာစု​ဝေးကြပြီးရွှေယင်​​မျှော်​ဘုရားလမ်​ကနေကန္နားပတ်​လမ်းအတိုင်းသိမ်းဆည်း​မြေရှိတဲ့ ဇွဲကပင်​​တောင်​​ခြေအနီးအထိသုံးမိုင်​​ကျော်​လမ်း​လျှောက်​ချီတက်​ကြပြီး   ဒို့လယ်​​မြေဒို့လုပ်​ကိုင်​ခွင့်​ရရှိ​ရေးဒို့အ​ရေး၊ သမ္မတရဲ့ညွှန်​ကြားချက်​အတိုင်းလိုက်​ပါ​ဆောင်​ရွက်​​ပေး​​ရေး မတရားသိမ်းသူဒို့ရန်​သူစတဲ့ဗီနိုင်းပိုစတာတွေ အလံတွေကိုင်​​​ပြီးကြွေး​ကြော်​သံ​တွေနဲ့ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်​။   ဘားအံမြို့နယ်​ က​မော်​ကဆင်​​ကျေးရွာမှဒေါ်မဲအပါအဝင်​လယ်​သမား၁၅ဦး တို့ရဲ့ ရဲသာ​ကျေးရွာအုပ်​စုကကွင်းအမှတ်ဦးပိုင်​အမှတ်​ရှိပြီးသားလယ်​​မြေ၆၈ဧကကို တောင်​က​လေးအကျဉ်း​ထောင်​ကသိမ်းဆည်းခဲ့ရာမှာ​လျော်​​ကြေးတစ်​စုံတစ်​ရာ​ပေး​ချေခြင်းမရှိဘူးလို့လည်း​ပြောပါတယ်​။   `ပြည်​​ထောင်​စုအစိုးရရဲ့လမ်းညွှန်​ချက်​​တွေကိုပြည်​နယ်​အစိုးရကတိတိကျကျအ​ကောင်​အထည်​ ​ဖော်​​ပေးဖို့လိုမယ်​တကယ်​လိုအပ်​တာက၅၂ဧကသိမ်းထားတာက၆၈ဧက၁၆ဧကပိုသိမ်းထားတယ်​အဲဒီ၁၆ဧကကိုလယ်​သမား​လေးဦးကိုပြန်​​ပေးမယ်​​ပြောထားတာလည်းခုထိပြန်​မ​ပေး​သေးဘူးအမြန်​ဆုံးပြန်​​ပေး​စေချင်​ပါတယ်​´လို့ ၈၈ကရင်​ မျိုးဆက်​​ကျောင်းသားများရဲ့လူမှုဖွံ့ဖြိုး​ရေးအသင်းဥက္ကဌဦး​စော​မောင်​ကြီးက​ပြောပါတယ်​။ ၂၀၁၀ခုနှစ်​ကစပြီးသက်​ဆိုင်​ရာဌာနများကို​ပေးပို့တိုင်​ကြားခဲ့ပြီး​ အခုနှစ်​​မေလကတစ်​ကြိမ်​ ဆန္ဒထုတ်​​ဖော်​ခဲ့ကြပြီးယခုအကြိမ်​နဲ့ဆိုနှစ်​ကြိမ်​ရှိပြီလို့​သိရပါတယ်​။   #voiceofmyanmar #ကရင်ပြည်နယ် #ဘားအံ #လယ်သိမ်းခံ #ဆန္ဒပြ

Read More

ဘုန်းကြီးကျောင်းတွေထဲမှာလူနေထိုင်မှုနဲ့ရာဇဝတ်မှုမရှိအောင်ဆောင်ရွက်မယ်

မန္တလေးစက်တင်ဘာ၂၀-၂၀၁၉ ဖြူဖြူ(VOM)     မန္တလေးတိုင်းအတွင်းမှာရှိတဲ့သာသနာနယ်မြေတွေထဲမှာ လူဝင်ရောက်နေထိုင်တာတွေနဲ့ ရာဇဝတ်မကင်းတဲ့လုပ်ငန်းတွေလုပ်ဆောင်နေမှုမရှိအောင်ဝါ ကျွတ်ပြီဆိုတာနဲ့အင်တိုက်အားတိုက်ရှင်းလင်း ဆောင်ရွက်သွားမယ်လို့တိုင်းသာသနာရေးမှူးရုံးကသိရပါတယ်။     “ဘယ်အချိန်အပြီးဆောင်ရွက်ရမယ်ဆိုတာတော့မရှိပါဘူး။ ဒါပေမယ့်ဝါကျွတ်တာနဲ့လုပ်မှအဆင်ပြေမှာပါ။ ဘာလို့ဆိုဝါတွင်းကာလဖြစ်နေတော့ဗုဒ္ဓဘာသာထုံးစံအရဆရာတော်တွေလည်းရွှေ့လို့ပြောင်းလို့ရအောင်၊ လူတွေလည်းအဆင်တပြေဖြစ်အောင်ဝါကျွတ်တာနဲ့အားထည့်ပြီးဆောင်ရွက်မှာပါ။” လို့တိုင်းသာသနာရေးမှူးဦးကျော်လှိုင်ကပြောပါတယ်။     သာသနာ့နယ်မြေဖြစ်တဲ့ဘုန်းကြီးကျောင်းတွေနဲ့ဝတ္တကမြေတွေထဲမှာလူနေအဆောက်အဦးတွေဆောက်လုပ်နေထိုင်တာ၊စီးပွားရေးလုပ်ငန်းအတွက်ငှားရမ်းတာ၊ရာဇဝတ်မကင်းတဲ့လောင်းကစားဝိုင်းတွေလုပ်ဆောင်တာတွေနဲ့အဲဒီအတွက်ခွင့်ပြုပေးထားတာတွေကိုရှင်းလင်းဆောင်ရွက်ဖို့မန္တလေးတိုင်းအစိုးရအဖွဲ့ကနေညွှန်ကြားထားတာလို့သိရပါတယ်။     တချို့ရာဇဝတ်မှုတွေဟာဘုန်းကြီးကျောင်းတွေထဲကဖမ်းဆီးရမိတာဖြစ်တဲ့အတွက်သာသနာ့နယ်မြေဘုန်းကြီးကျောင်းတွေကိုခုတုံးလုပ်ပြီးကိုယ်ကျိုးရှာနေတာတွေရှိနေတာသေချာနေတယ်လို့စက်တင်ဘာ၁၄ရက်လွှတ်တော်အပြီးမှာဝန်ကြီးချုပ်ကပြောဆိုထားပါတယ်။     “ဘုန်းကြီးကျောင်းထဲမှာနေပြီးအကာအကွယ်ယူပြီးစီးပွားရေးလုပ်တာပဲဖြစ်ဖြစ်၊ ရာဇဝတ်မှုလုပ်တာပဲဖြစ်ဖြစ်၊ အတုလုပ်တာပဲဖြစ်ဖြစ်ဘယ်ဟာမှမသင့်တော်တဲ့အတွက်ကျနော်တို့ကဒီကိစ္စကိုပွင့်ပွင့်လင်းလင်းပြောရရင်သန့်ရှင်းရေးလုပ်ချင်တာပါ။”လို့ဝန်ကြီးချုပ်ကမီဒီယာကိုဖြေကြားထားပါတယ်။   ဘုန်းကြီးကျောင်းတွေထဲမှာဝင်ရောက်နေထိုင်နေတာတွေဟာ လူတွေကိုယ်တိုင်ကကျူးကျော်ဝင်ရောက်တာရှိသလို ဆရာတော်တွေကိုယ်တိုင်ကအကြောင်းအမျိုးမျိုးကြောင့်လက်ခံတာတွေလည်းရှိနေတာဖြစ်ပါတယ်။     ဒါကြောင့်သာသနာရေးအပါအဝင်သက်ဆိုင်ရာခရိုင်စီမံခန့်ခွဲမှုကော်မတီ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊သက်ဆိုင်ရာကျောင်းတိုက်ကဂေါပကတွေနဲ့ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးဓမ္မစက်နဲ့ရောအာဏာစက်နဲ့ပါရှင်းလင်းသွားမယ်လို့မန္တလေးတိုင်းသာသနာရေးမှူးကပြောပါတယ်။   လက်ရှိမှာတိုင်းအတွင်းရှိ၂၈မြို့နယ်ကဆရာတော်တွေကိုလျှောက်ထားပြီးဖြစ်ပြီးမြို့နယ်အတွင်းကကျောင်းတိုက်အသီးသီးကိုလည်းစာနဲ့တင်ပြလျှောက်ထားနေပြီလို့သိရပါတယ်။မြို့နယ်အသီးသီးရှိဆရာတော်တွေကနေပြန်လည်တင်ပြလာတာကိုဥပဒေ၊လုပ်ထုံးလုပ်နည်းနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်လို့တိုင်းသာသနာရေးရုံးကသိရပါတယ်။     မန္တလေးတိုင်းအတွင်းမှာခရိုင်၇ခုရှိပြီးကျောင်းပေါင်း၉၈၇၆ကျောင်း၊သံဃာပေါင်း၉သောင်းကျော်ရှိပါတယ်။မန္တလေးခရိုင်ကတော့ကျောင်းပေါင်း၂၆၈၃ကျောင်းနဲ့သံဃာပေါင်းလေးသောင်းနှစ်ထောင်ကျော်ရှိပြီးခရိုင်၇ခုမှာအများဆုံးဖြစ်ပါတယ်။     #voiceofmyanmar #မန္တလေး#ဘုန်းကြီးကျောင်း#သန့်ရှင်းရေး

Read More
VOM News

FREE
VIEW