စစ်ဘေးရှောင်နေရတဲ့အတွက်အခုနှစ်မှာပညာသင်ကြားတဲ့ကျောင်းသားဦးရေ လျော့နည်းမှုရှိနေ

စစ်တွေ၊စက်တင်ဘာ၁၈-၂၀၁၉ ခိုင်လင်းစံ(VOM) မြန်မာ့တပ်မတော်နဲ့AA တို့အကြားရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာတိုက်ပွဲတွေအချိန်ကြာမြင့်စွာ ဖြစ်ပွာနေတဲ့အတွက် နေရပ်စွန့်ခွာနေရတာကြောင့်အခုနှစ်မှာပညာသင်ကြားတဲ့ကျောင်သားဦးရေ လျော့နည်းမှုရှိနေတယ်လို့ပညာရေးဌာနကနေသိရပါတယ်။   အဲ့ဒီလိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် ကျောင်းသားအားလုံးပညာသင်ကြားမှုမပြတ်လပ်စေရေးအတွက်သူတို့ယာယီနေထိုင်နေကြတဲ့ဒုက္ခသည်စခန်းတွေနဲ့နီးစပ်ရာစာသင်ကျောင်းတွေမှာပညာသင်ကြားခွင့်ပေးထားပေမယ့်အကြောင်းအမျိုးမျိုးကြောင့်ပညာမသင်ကြားနိုင်ဘဲရပ်နားလိုက်ကြတာတွေလည်းရှိနိုင်တယ်လို့ရခိုင်ပြည်နယ်ပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးဦးစိန်ထွန်းလှက “ကလေးတွေပညာသင်ကြားနိုင်ဖို့အတွက်စာလည်းထုတ်ထားတယ်။အခွင့်အရေးလည်းအပြည့်ပေးထားတယ်။သူတို့လာတာနဲ့တစ်ခါတည်း ကျောင်းတက်နိုင်အောင်အတွက်။ဒါပေမယ့်စိတ်ဓါတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိတဲ့အတွက်ပညာသင်ကြားမှုမှာနစ်နာခဲ့ရတာတွေတော့ရှိတယ်။”လို့ပြောပါတယ်။ အခုလိုမျိုးစိတ်ဓါတ်ရေးရာထိခိုက်နေကြတဲ့ကလေးတွေကိုစိတ်ဓါတ်မြှင့်တင်ရေးအတွက်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒုက္ခသည်စခန်းတွေကိုသွားရောက်ဖျော်ဖြေမှုတွေ ပြုလုပ်ပေးခဲ့ကြပေမယ့်တချို့ကတော့ပြင်ပလောကကို ရောက်သွားတာတွေရှိနေတယ်လို့ဆိုပါတယ်။ “ကျွန်မတို့ကတိုက်ပွဲတွေရွာနားမှာ ဖြစ်တယ်ဆိုတော့ ကြောက်ပြီးထွက်ပြေးကြတယ်။အဲ့ဒီရွာကနေ နောက်တစ်ရွာကိုထပ်ပြေးရပြန်တယ်။ကြာလာတော့ကလေးတွေကလည်းအတည်တကျမဖြစ်နိုင်တော့ပညာသင်ဖို့အခက်အခဲတွေရှိသွားတယ်။ပြီးတော့ကလေးတွေကိုမိဘတွေနဲ့နီးနီးကပ်ကပ်ပဲရှိစေချင်တယ်။တစ်ခုခုဖြစ်လာခဲ့လို့ရှိရင်လည်းသားသမီးတခြား။မိဘတခြားဖြစ်သွားမှာကိုစိုးရိမ်တာပေါ့။”လို့ မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျေးရွာတွေကပိတ်ထားခဲ့ရတဲ့ကျောင်းအများစုတို့ကို ပြန်လည်ဖွင့်ပေးခဲ့ပြီး ဖြစ်ပေမယ့်တက်ရောက်ပညာသင်ကြားတဲ့ ကျောင်းသူကျောင်းသားအရေအတွက်ဟာသိသိသာသာနည်းပါးနေတာ ဖြစ်တယ်လို့ဦးစိန်ထွန်းလှက ပြောပါတယ်။   #voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင်  

Read More

ဥသျှစ်ပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဖောက်ထွင်းခံရ

ပန်းတောင်း-စက်တင်ဘာ၁၈-၂၀၁၉ ဂျန်ကိုးလ်-(VOM)     ပဲခူးတိုင်း၊ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်ထဲက ဥသျှစ်ပင်မြို့ရဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး ဖောက်ထွင်းခိုးယူခံရလို့ ဥသျှစ်ပင်နယ်မြေရဲစခန်းမှာ စက်တင်ဘာ၁၇ရက်နေ့က အမှု့ဖွင့်လိုက်ပါတယ်။   ခိုးယူခံရမှု့ကို စက်တင်ဘာ ၁၇နေ့မနက်အစောပိုင်းမှာ ညစောင့်နဲ့စာရေးတို့ကသိရှိခဲ့တာဖြစ်ပြီး ပြူတင်းတံခါးမှန်ကွဲကာ ဂျက်ပွင့်နေကြောင်းတွေ့ရှိရာမှဆိုင်ကယ်အသစ်၂စီးပါသွားကြောင်းသိရတာလို့ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောပါတယ်။     “ မြို့အုပ်ချုပ်ရေးမှူးရုံးနေရာကနဲနဲခေါင်တယ်မသင်္ကာတိုင်းလဲခေါ်စစ်ဖို့ ခဲယဉ်းတယ် ရဲကတပ်ထားတဲ့ ပုသိမ်မုံရွာနဲ့ပန်းတောင်းတောင်ကုတ်လမ်းဆုံစီစီတီဗီနဲ့ ဆီဆိုင်တွေမှာလည်း မပေါ်ဘူး”လို့ သူကပြောပါတယ်   ပါသွားတဲ့ဆိုင်ကယ်တွေကBGO/2879 နံပါတ်ပါwave 100 HONDAအမျိုးအစား အအနက်ရောင်ဆိုင်ကယ်တစ်စီးနဲ့ယာယီနံပါတ်မမှတ်မိKENBO အမျိုးအစားကျောက်စိမ်းရောင်ဆိုင်ကယ်တစ်စီးတို့ဖြစ်တယ်လို့သိရပါတယ်။   ဥသျှစ်ပင်မြို့မှာလတ်တလောဖုန်းလုယူထွက်ပြေးမှု့၊ ဘဏ်ကငွေထုတ်ပြန်လာသူရဲ့ဆိုင်ကယ်ဘောက်ထဲက ငွေခိုးယူခံရမှု့နဲ့ဆိုင်ကယ်ပျောက်မှုတွေခဏခဏဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။   “ ဘဏ်ကငွေထုတ်ပြန်လာတဲ့ကလေးမ ဈေးမှာခဏလေးရပ်ပြီး ဈေးဝယ်တာ တူးဘောက်ထဲက အနှိုက်ခံလိုက်ရတယ်၈သိန်းတဲ့ဟိုနေ့ကဘဲ မနက်အစောကြီး ဈေးခေါင်းရုံးမှာ ဖုန်းလုတဲ့ကလေးမသားသည်အမေဖမ်းကြတယ်။ ရဲကပြန်လွှတ်တယ်ဆိုလား ဘာမှန်းမသိတော့ဘူးမြို့ဖြစ်လာတာနဲ့အမျှရှုတ်ထွေးလာတယ်လို့မြို့ခံဖြစ်တဲ့ ကိုစိုးမင်းထွေးကပြောပါတယ်။   ခု ထွေအုပ်ရုံးက ဆိုင်ကယ်တွေဖေါက်ထွင်းခိုးယူခံရတဲ့ အမှု့ကို…

Read More

တိုင်းပြည် သယံဇာတ ထုတ်မရောင်းလို့   အခွန်ကောက်နေရခြင်းသာဖြစ်

ခင်ဦး စက်တင်ဘာ ၁၇၊၂၀၁၉ မောင်တာရာ(VOM)     တိုင်းပြည့်ရဲ့ သယံဇာတတွေကို ထုတ်မရောင်းချင်တဲ့အတွက်  အခွန်တွေကောက်နေရခြင်းဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးက ရွှေဘိုခရိုင်​၊ ခင်​ဦးမြို့၊ သိန်းကမ္ဘာ မင်္ဂလာခန်းမမှာ ဒီနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ လူထုတွေ့ဆုံပွဲ အခမ်းအနားမှာ ပြောသွားပါတယ်။     ”တနိုင်ငံလုံး ပြန်လည်တည်ဆောက်နေရတဲ့ ကိစ္စတွေ လိုအပ်ချက်တွေက နေရာတကာမှာ ဖြစ်နေပါတယ်။အခွန်အခတွေ ခေါင်းကောက်တယ်ဆိုတာက တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်မရောင်းချင်လို့ပါ၊ ဒီသယံဇာတတွေဆိုတာ အမျိုးသားအမွေအနှစ်ဖြစ်တယ် ဒီအမွေအနှစ်တွေက ဘယ်အချိန်ထုတ်ထုတ်ရတယ်။ဒါတွေဟာ နောင်လာနောင်သားတွေရဲ့ ပိုင်ဆိုင်ခွင့်ပါ ။ဒါတွေကို မထုတ်ပဲနဲ့ တိုင်ပြည်ကို တည်ဆောက်ဖို့ အတွက် အခွန်အကောက်တွေကို ကောက်ခံခြင်းဖြစ်ပါတယ်။” လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးက ပြောပါတယ်။     တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်တည်ဆောက်အခါမှာ လိုအပ်ချက်တွေ များစွာရှိနေတဲ့အတွက်  ထိုလိုအပ်ချက်တွေကို ဖြည့်ဆည်းရန်…

Read More

မလေးရှားသွားမယ့် ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၁၆ ဦးဖမ်းဆီးခံရ

ကော့ဘဇား၊ စက်တင်ဘာ-၁၇-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသ တက်ခ်နက်ကနေ ရေလမ်းကြောင်းအတိုင်း မလေးရှားနိုင်ငံကို သွားရောက်ဖို့ကြိုးစားတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် ရိုဟင်ဂျာ ၁၆ ဥိီးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒုက္ခသည်စခန်းက ရိုဟင်ဂျာအချို့ဟာ မလေးရှားနိုင်ငံကို ရေလမ်းကတစ်ဆင့်သွား ရောက်ဖို့ပြင်ဆင်နေ တယ်ဆိုတဲ့ သတင်းအရ ကမ်းခြေစောင့်တပ်ဖွဲ့ အဖွဲ့တစ်ဖွဲ့ဟာ ရိုဟင်ဂျာတွေကို ဟာဘာချာရာကမ်းခြေမှာ စက်တင်ဘာ ၁၆ ရက်ညပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။   အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေဟာ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ နှစ်နှစ်ကြာနေထိုင်ခဲ့သူတွေဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲမှာ အမျိုးသမီး ဆယ်ဦးနဲ့ ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကနဦးစစ်ဆေးမှုများအရ ရိုဟင်ဂျာတွေဟာ ပွဲစားတစ်ဦးရဲ့အကူအညီနဲ့ မလေးရှားကိုသွားဖို့ ပြင်ဆင်နေတာလို့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆိုဟီရာနာက ပြောပါတယ်။ လက်ရှိမှာတော့ သူတို့ကို…

Read More

ကျိုက်​ထီးရိုး​​တောင်​​ခြေ ယာဉ်ရပ်နားကွင်းမှာ ကျေးရွာအခွင့်အရေးအတွက်ဆိုပြီး တားမြစ်တဲ့ကြားက အဆောက်အဦးတွေဆောက်

ကျိုက်​ထို၊စက်​တင်​ဘာ ၁၇-၂၀၁၉ သူရိန်(VOM)     မွန်​ပြည်​နယ်​၊ကျိုက်​ထိုမြို၊ ဆံ​တော်​ရှင်​ ကျိုက်ထီးရိုး​စေတီ​တော်​မြတ်ကြီးရဲ့တောင်​​ခြေ ယာဉ်ရပ်​နားကွင်းအတွင်းမှာ ကျူးကျော်​အဆောက်ဦးများဆောက်​လုပ်​နေတယ်​လို့သိရပါတယ်​။   ဒီကျူး​ကျော်​အ​ဆောက်​အဦး​တွေ ​ဆောက်​လုပ်​​နေတာက​ဆယ်​အိမ်​မှူး၊ရာအိမ်​မှူး​တွေအတွက်​ရံပုံ​ငွေရရှိ​အောင်​ဆောက်​လုပ်​နေတာဖြစ်​တယ်​လို့သိရပါတယ်​။   အခု ​ဆောက်​လုပ်နေမှု့ကိုဒေသဆိုင်ရာတာဝန်ရှိသူတွေက တားမြစ်​ခဲ့ပေမယ့်​ ဒီနေရာကကျေးရွာပိုင်​​မြေဖြစ်ပြီး​​ အခုအချိန်​မှာ ​ဂေါပကပိုင်​​မြေဖြစ်​​နေ​တဲ့အတွက်​​​ကျေးရွာသူ​ကျေးရွာသား​တွေရဲ့ရပိုင်​ခွင့်​​တွေဆုံးရှုံး​နေရ​တယ်​လို့ ရောင်​ခြည်​ဦးရပ်​ကွက်​(၆)လမ်း​နေ ဆယ်​အိမ်​စုမှူး ဦးရခိုင်​​(ခေါ် )ဦးလှ​ကျော်​စိန်​က​ပြောပါတယ်​။   အုပ်ချုပ်​​ရေးမှူး၊ ကျိုက်​ထီးရိုး​စေတီ​တော်​​ ဂေါပကအဖွဲက ဆောက်​လုပ်​(ခွင့်​ပြုချက်​)မရှိပါဘဲ​ မိမိကိုယ်​တိုင်​ဆောက်​လုပ်​​နေတာဖြစ်​တဲ့အတွက်​ ဒီဖြစ်​စဉ်နဲ့ပတ်​သက်​ပြီး အ​ရေးယူရင်​ကြည်​ဖြူစွာခံယူမှာပါ။ ဒေသပိုင်​တာဝန်​ရှိသူ​တွေအကြိမ်​ကြိမ်​တားမြစ်​ထား​ပေမယ့်​ဆိုင်​ခန်း​တွေ ဆက်​​ဆောက်​မှာပါလို့ သူကဆက်​​ပြောပါတယ်​။   ဒီကားဝင်းအတွင်းမှာအရင်​က ဘုရာဖူးလာ​ရောက်​ကြတဲ့​ နယ်​စုံကမော်​​တော်​ယာဉ်​​တွေညအိပ်​ရပ်​နားကြတဲ့မော်​​တော်​ယာဉ်​ကွင်း​နေရာဖြစ်​ပြီး အခုချိန်​မှာစက်​တင်​ဘာ ၁၅ ရက်​ည ၁၀ နာရီဝန်းကျင်​က ကျူး​ကျော်​တဲ​တွေ​ဆောက်​လုပ်​​နေတာ ၁၀ လုံးနီးပါးရှိ​နေပြီးဖြစ်​ပါတယ်​။     ဂေါပကဥက္ကဌ ဦး​ကျော်​ဝင်းလှိုင်က​ အထက်​ကစီမံခန့်​ခွဲ မှုအဖွဲ့က​နေ​ဆောက်​​နေတာ​တော့သိတယ်​။ တရားစွဲတာ တော့ ညွန်​ကြားလာရင်​စွဲမယ်​။ အခု​လော​လောဆယ်​ဘာမှ အစီအစဉ်​ မရှိ​သေးဘူးလို့​ပြောပါတယ်​။  …

Read More

တိုင်းနှင့်ပြည်နယ်၁၄ခုကနေ တရားမဝင်သစ်တန်ချိန် ၄၀၀၀၀နီးပါး ဖမ်းဆီးရမိ

ရန်ကုန်၊စက်တင်ဘာ၁၇-၂၀၁၉ သိဂီင်္(VOM)   နေပြည်တော်ကောင်စီနယ်မြေအပါအဝင်တိုင်းနှင့်ပြည်နယ်၁၄ခုကနေဒီနှစ်  ၇လအတွင်း တရားမ၀င်သစ်တန်ချိန်၄၀၀၀၀နီးပါးဖမ်းဆီးရမိခဲ့ရာဒီဖမ်းဆီးရမိမှုထဲမှာတရားမဝင်ကျွန်းတန်ချိန်က  ၂၀၀၀၀နီးပါးပါဝင်ခဲ့တယ်လို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသိရပါတယ်။     “စာရင်းအတိကျကိုကျွန်တော်တို့သစ်တောဦးစီးဌာနကနေထုတ်ပြန်ထားပါတယ်။ သစ်အများဆုံးရှိတဲ့  ဧရိယာများတဲ့နေရာကပိုပြီးဖမ်းဆီးရမိတာများတယ်၊”လို့သစ်တောဦးစီးရုံးချုပ်၊ သဘာဝတောနှင့်စိုက်ခင်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးဖြိုးဇင်မော်နိုင်ကပြောပါတယ်။   ဒီနှစ်ဇန်န၀ါရီလကနေဇူလိုင်လအထိ  ခုနှစ်လတာကာလအတွင်းတစ်နိုင်ငံလုံးအတာအရတရားမ၀င်သစ်တန်ချိန်ဖမ်းဆိရမိမှုစာရင်းဖြစ်ပြီးတန်ချိန်အတိအကျက၃၆၉၆၈့၆၆၁၀ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။ဒီထဲမှာမှ  ကျွန်းတန်ချိန်က  ၁၇၂၅၅့ ၄၅၀၁သစ်မာက၆၂၅၆့ ၅၈၇၄ဖမ်းဆီးရမိခဲ့တာပါ။     တရားမဝင်ကျွန်းတန်ချိန်အများဆုံးကိုကယားပြည်နယ်ကနေဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတန်ချိန်  ၉၈၃၅့ ၉၄၃၆ဖမ်းမိခဲ့ပါတယ်။ ဒုတိယဖမ်းဆီးရမိမှုအများဆုံးအနေနဲ့ပဲခူးတိုင်းကကျွန်းတန်ချိန်၂၉၆၁့ ၇၃၀၁တတိယဖမ်းဆီးရမိမှုအများဆုံးကတော့စစ်ကိုင်းတိုင်းကကျွန်း၂၅၆၆့ ၅၉၃၀ဖမ်းမိခဲ့ပါတယ်။   အဆိုပါတရားမ၀င်သစ်ဖမ်းဆီးရမိမှုနဲ့အတူတရားခံတွေအဖြစ်မြန်မာနိုင်ငံသားတရားခံ  ၂၈၄၀ဦး၊နိုင်ငံခြားသားတရားခံက၁၈ဦးကိုဖမ်းဆီးရမိခဲ့သလို  ယာဉ်နှင့်စက်ယန္တရားဖမ်းဆီးရမိမှုအနေနဲ့က၁၈၄၁ခုအပြင်ချိန်းဆောတွေကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။     တရားမဝင်ကျွန်းသစ်တွေနဲ့  ယာဉ်ယန္တရားအပါအဝင်  တရားခံတွေကိုနေပြည်တော်ကောင်စီနယ်မြေအပါအဝင်တိုင်းနဲ့ပြည်နယ်၁၄  ခုဖြစ်တဲ့ရှမ်းပြည်နယ်အရှေ့ပိုင်း၊ရှမ်းမြောက်၊ ရှမ်းတောင်၊ ရန်ကုန်၊ ရခိုင်၊ မွန်၊ မန္တလေး၊မကွေး၊ ပဲခူး၊ တနင်္သာရီ၊ စစ်ကိုင်း၊ ချင်း၊ ဧရာဝတီတိုင်း၊ ကယား၊ ကရင်၊ ကချင်ပြည်နယ်ကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာခုလိုတရားမ၀င်သစ်ရောင်းဝယ်သယ်ဆောင်နေတဲ့ကိစ္စတွေလုံးဝပပျောက်သွားဖို့ဆိုရင်သစ်တောဦးစီးဌာနနှင့်  သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေနဲ့ဒေသခံအဖွဲ့အစည်းတွေသာမက၊ဒေသခံတွေလည်းပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်နေကြောင်းဒီလိုလုပ်ဆောင်မှသာ  ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။   #voiceofmyanmar  #တရားမဝင်သစ်တွေဖမ်းဆီးမှု   ဓါတ်ပုံ…

Read More

အင်ဒိုနီးရှားမှာတောမီးအကြီးအကျယ်လောင်ကျွမ်း၊  မီးရှို့တဲ့သံသယနဲ့လူ၂၀၀နီးပါးဖမ်းဆီး

ဂျကာတာ၊စက်တင်ဘာ-၁၇-၂၀၁၉ မျိုးဆက်(VOM)   အင်ဒိုနီးရှားနိုင်ငံကျွန်းစုတွေမှာတောမီးအကြီးအကျယ်လောင်ကျွမ်းနေတာနဲ့ပတ်သက်ပြီးလူ၂၀၀နီးပါးကိုဖမ်းဆီးထားတယ်လို့  အင်ဒိုနီးရှားရဲတပ်ဖွဲ့ကစက်တင်ဘာ၁၆ရက်မှာပြောပါတယ်။   မီးခိုးငွေ့တွေကြောင့်လေထုညစ်ညမ်းမှုဖြစ်ပေါ်နေပြီးလေကြောင်းခရီးစဉ်တွေလည်းဖျက်သိမ်းထားရပါတယ်။မီးခိုးငွေ့တွေကြောင့်ကျန်းမာရေးထိခိုက်မှာကိုကိုစိုးရိမ်ပြီးစာသင်ကျောင်းထောင်ပေါင်းများစွာပိတ်ထားရတဲ့ဆူမားတြားနဲ့ဘော်နီယိုကျွန်းစုတွေရှိသစ်တောတွေကိုလောင်ကျွမ်းနေခဲ့တဲ့  တောမီးတွေကို  ငြိမ်းသတ်ရေးအတွက်အင်ဒိုနီးရှားအစိုးရဟာ  မီးသတ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဖြန့်ကြက်ထားပါတယ်။   အင်ဒိုနီးရှားနိုင်ငံမှာလယ်ယာမြေတွေရှင်းလင်းဖို့အတွက်တရားမ၀င်မီးရှို့ရာကနေလောင်ကျွမ်းလေ့ရှိတဲ့တောမီးကြောင့်အရှေ့တောင်အာရှနိုင်ငံတွေတစ်လျှောက်မီးခိုးတွေပျံ့လွင့်နေပြီးအိမ်နီးချင်းနိုင်ငံတွေနဲ့သံတမန်ရေးရာတင်းမာမှုတွေဖြစ်နေရပါတယ်။   နိုင်ငံအတွင်းထိန်းမနိုင်သိမ်းမရလောင်ကျွမ်းနေတဲ့  မီးလောင်ကျွမ်းမှုမှာလုပ်ဆောင်ခဲ့တယ်လို့သံသယရှိသူ၁၈၅ဦးကိုဖမ်းဆီးထားတယ်လို့အင်ဒိုနီးရှားအာဏာပိုင်တွေကစက်တင်ဘာ၁၆ရက်မှာပြောပါတယ်။ သစ်တောနဲ့မြေယာတွေကိုရည်ရွယ်ချက်ရှိရှိဒါမှမဟုတ်မတော်တဆမီးရှို့ခဲ့တယ်ဆိုတဲ့သက်သေအထောက်အထားရှိသူဘယ်သူကိုမဆိုအင်ဒိုနီးရှားရဲတပ်ဖွဲ့ကဥပဒေအတိုင်းအရေးယူသွားမှာဖြစ်တယ်လို့အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဒေဒီပရာဆက်ယိုကဂျကာမှာသတင်းထောက်တွေကိုပြောပါတယ်။   Ref : CNA Photo : AFP   #voiceofmyanmar #အင်ဒိုနီးရှားတောမီး

Read More

အိမ်​အကူကို အက်​ဆစ်​နဲ့ပက်​ခဲ့သူနှစ်​ဦးကို ​ထောင်​ ၁၅နှစ်​ အမိန့်​ချ

မန္တ​လေး စက်​တင်​ဘာ ၁၆ ဖြူဖြူ (VOM)   အိမ်​အကူမိန်းက​လေးကို အက်​ဆစ်​နဲ့ပက်​ပြီး အခန်းတွင်းပိတ်​​လှောင်​ထားခဲ့တဲ့အမှုက  တရားခံနှစ်​ဦးကို အလုပ်​နဲ့   ​ထောင်​ဒဏ်​​ ၁၅ နှစ်​စီကျခံဖို့ ဒီ​နေ့ စက်​တင်​ဘာ ၁၆ ရက်​ ည​နေပိုင်းမှာ  မန္တ​လေးခရိုင်​ တရားရုံးက အမိန့်​ချမှတ်​လိုက်​ပါတယ်​။   အခုအမိန့်​နဲ့ ပတ်​သက်​ပြီး မန္တ​လေး ခရိုင်​တရားရုံး ပြန်​ကြား​ရေး အရာရှိ​ဒေါ်မာလာထွဋ်​က “တစ်​တရားခံဖြစ်​တဲ့ ​ဒေါ်နီနီနုနွယ်​က ​ထောင်​ကျတရားခံဖြစ်​တဲ့အတွက်​ ဒီအမှုမှာ​တော့ ချုပ်​ရက်​ခံစားခွင့်​မရှိ​တော့ပါဘူး။ နှစ်​တရားခံဖြစ်​တဲ့ ​ဒေါ်မိုးမိုးက​တော့ ထုတ်​နုတ်​ခံစားခွင့်​ရှိပါတယ်​။”လို့ ​ပြောပါတယ်​။     အမှုဖြစ်​စဉ်​မှာ ၂၀၀၈ ခုနှစ်​က မန္တ​လေးမြို့ ပုသိမ်​ကြီးမြို့နယ်​​နေ ​ဒေါ်မိုးမိုးဆိုသူဟာ သူ့ကုန်​စုံဆိုင်​မှာ အလုပ်​ခိုင်းဖို့   ရှမ်းပြည်​နယ်​​တောင်​ပိုင်း ရွာငံမြို့နယ်​ နဘမ်း​ကြီး​ကျေးရွာ​နေသူ မနန်း​​မေဇင်ဦးကို​ ​ခေါ်​ဆောင်​ခဲ့ပါတယ်​။ အဲဒီ​နောက်​ ၂ လ​လောက်​အကြာမှာ ကုန်​စုံဆိုင်​ နားလိုက်​ရတဲ့အတွက်​ အိမ်​အကူအဖြစ်​…

Read More

စစ်ကိုင်းတိုင်းအတွင်း အလုပ်​အကိုင်​မရရှိသေးတဲ့ လူငယ်တွေအတွက် အစိုးရက အလုပ်​အကိုင်​ ရှာ​ဖွေ​ပေးမည်

မုံရွာ စက်တင်ဘာ ၁၆၊၂၀၁၉ မောင်တာရာ(VOM)     စစ်ကိုင်းတိုင်းအတွင်းက အလုပ်အကိုင် အခွင့်အလမ်းမရရှိသေးသော လူငယ်တွေအတွက်  အလုပ်​အကိုင်​ ရှာ​ဖွေ​ပေးသွားမယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ထံက သိရပါတယ်။     စစ်​ကိုင်းတိုင်း​အစိုးရအဖွဲ့၊ ဝန်​ကြီးချုပ်​ ​ဒေါက်​တာမြင့်​နိုင်​ ရဲ့ လမ်းညွှန်​မှုနဲ့ လူဝင်​မှုကြီးကြပ်​​ရေးနှင်​ လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီး ဦးမိုး​ကျော်​သူ မှ ကြီးကြပ်​ပြီး တိုင်း​ဒေသကြီးအတွင်း ဘွဲ့ ရရှိပြီး အလုပ်​အကိုင်​ အခွင့်​အလမ်း မရရှိ​သေး​သောလူငယ်​တွေ၊ ဘွဲ့မရရှိ​သော်​လည်း သက်​​မွေးပညာလုပ်​ငန်းတွေမှာ ကျွမ်းကျင်​သူတွေကို အလုပ်​အကိုင်​အခွင့်​အလမ်းတွေ ရှာ​ဖွေစီစဉ်​ ​ဆောင်​ရွက်​​ပေးသွားမှာဖြစ်ပါတယ်။     ”အလုပ်လျောက်မယ့်သူက သူ့တို့ရဲ့ အချက်အလတ်လေးတွေကို ကျွန်တော်တို့ ဆီ ပို့ပေးထားရင် ကျွန်တော်တို့ကအဲဒါလေးတွေစုထားမယ်။စုထားပြီးတော့မှ ဌာနဆိုင်ရာ၊ပုဂ္ဂလိက လုပ်ငန်းတစ်ခုခုက အလုပ်ခေါ်လာပြီဆိုရင် သူတို့ရထားတဲ့ ဘွဲ့နဲ့ခေါ်တဲ့ အလုပ်နဲ ကိုက်ညီတယ်ဆိုရင် ကျွန်တော်တို့ဌာနက ဆက်သွယ်ပြီးတော့ လှမ်းအကြောင်းကြားမယ်၊ချိတ်ဆက်ဆောင်ရွက်ပေးမယ်။” လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးမိုးကျော်သူ…

Read More

ဧရာဝတီတိုင်းမှာ တရုတ်မယားအဖြစ်ရောင်းချမှုတွေ များလာ

ပုသိမ်-စက်တင်ဘာ၁၆-၂၀၁၉ ကိုအောင်(VOM)   ဧရာဝတီတိုင်းမှာ လူကုန်ကူးခံရမူဟာ ၂၀၁၈ခုနစ်ထက်စာရင်မြင့်တက်လာပြီး မိန်းကလေးတွေကိုတရုတ်နိင်ငံမှာ ဇနီမယားအဖြစ်လိမ်လည်ရာင်းချမူတွေ ပိုဖြစ်လာတယ်လို့သိရပါတယ်။   ၂၀၁၈ခုနစ်က ဧရာဝတီတိုင်းမှာ လူကုန်ကူးမူ ၁၅မူသာဖြစ်ပွားခဲ့ပေမယ့် ၂၀၁၉ခုနစ် စက်တင်ဘာလထိ၂၁မူ ထိတိုးမြှင့်လာပီး တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ်ရောင်းစားခံရမူဟာ ၁၁မူထိ ရှိနေတယ်လို့ ဧရာဝတီတိုင်း အခြေစိုက်အမှတ်၇ လူကုန်ကူးတားဆီးနိမ်နှင်းရေးတပ်ဖွဲ့စု တပ်ဖွဲ့စုမူးရဲမူး သက်ဦးကပြောပါတယ်။   “ဒီနစ်အများဆုံးဖြစ်တာတော့တရုတ်မယားအဖြစ်လူကုန်ကူးခံရတာ စီးပွားရေးကြပ်တည်းတဲ့မိန်းကလေးတွေကို တစ်ဖက်နိင်ငံမှာ အလုပ်ရမယ်ဆိုပီး အိပ်ဆေးခတ် ပီးတရုတ်ကိုဇနီးမယားအဖြစ်ရောင်းစားကြတာ”လို့သူကပြောပါတယ်။     ခုလိုလူကုန်ကူးမူဖြစ်စဉ်အတွငိး ကျား/မ၆၁ဦးလူကုန်ကူးခံခဲ့ရပီး ၄၄ဦးပြန်လည်ကယ်ဆယ်နိင်ခဲ့ကာ တရားခံ၅၂ဦးကဖမ်းဆီးအရေးယူနိင်ခဲ့ပြီး ကျန်တရားခံတွေမိဖို့လဲ  ချိတ်ဆက်ဆောင်ရွက်နေတယ်လို့သူကပြောပါတယ်။   ဧရာဝတီတိုင်းမှာ တရုတ်နိင်ငံကိုဇနီးမယားအဖြစ်ရောင်းချမူတွေအပြင် တရုတ်နဲ့ထိုင်းနိင်ငံ မှာလုပ်အားခခေါင်းပုံဖြတ်ခံရမူနဲ ပြည်တွင်းမှာတော့ ဖျာပုံမြို့နယ်တွင်းက ရေလုပ်ငန်းလုပ်သားတွေလုပ်အားခခေါင်းပုံဖြတ်မူတွေ ပါဝင်တယ်လို့သိရပါတယ်။   #vocieofmyanmar #ဧရာဝတီတိုင်း #လူကုန်ကူးမှု

Read More
VOM News

FREE
VIEW