ပျားမွေးမြူရေးပုံးတွေချလို့ ဇီးသီးအထွက်နည်းတယ်ဆိုပြီး မြို့နယ်သုံးမြို့နယ်က တောင်သူတွေဆန္ဒပြ

Unicode

မုံရွာ၊အောက်တိုဘာ၄-၂၀၁၉
ရန်နိုင်စိုး (VOM)

ပျားမွေးမြူရေးလုပ်ငန်းတွေရဲ့ ပျားပုံးတွေကို ဇီးစိုက်ခင်းအနီးနဲ့‌ စိုက်ခင်းအတွင်း လာရောက်ချထားတာတွေကြောင့် ဇီးသီးအထွက်နှုန်းလျော့ကျသွားတယ်ဆိုကာ ဘုတလင်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်တွေမှာရှိတဲ့ ဇီးစိုက်တောင်သူတွေက အောက်တိုဘာလ ၄ ရက်နေ့က မုံရွာမြို့မှာ လာရောက်ဆန္ဒပြခဲ့ကြပါတယ်။

 

ပျားပုံးချထားတာတွေကြောင့် ဇီးပင်တွေအသီးသီးရာမှာ တနှစ်ထက်တနှစ်အထွက်နှုန်းလျော့နည်းသွားပြီး အသီးအရည်သွေးမှာလဲ ကျဆင်းတာတွေကြုံတွေ့နေရတာကြောင့် ပျားပုံးများဖယ်ရှား‌ပေးဖို့ သက်ဆိုင်ရာဌာနတွေကိုတင်ပြပေမယ့် ထိရောက်အောင်‌ဖြေရှင်းပေးတာတွေ မရှိတဲ့အတွက် အခုဆန္ဒထုတ်‌ဖော်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

” ကျနော်တို့တောင်သူတွေအနေနဲ့ ဒီဇီးကိုပဲ အားထားစိုက်ပျိုးနေကြရတာ။ ပျားပုံးတွေလာချလို့ ဇီးပျက်တယ်ဆိုတာက အသီးသီးချိန်မတန်ခင်ကတည်းက အုံလိုက်ကျင်းလိုက် စုပ်ယူတာတွေရှိတော့ ဇီးက အသီးညိုးသွားတယ်။ အသ‌ီးဖြစ်လဲ အရသာသိပ်မရှိတော့တာ။ ၂၀၁၅ ခုနှစ်ကတည်းက ဒါတွေဖယ်ရှားပေးဖို့ သက်ဆိုင်ရာဌာန‌ဖြစ်တဲ့ ပျားမွေးမြူရေးဌာနကို တောင်းဆိုခဲ့တယ်။ သူတို့က ရွေ့ဖို့လာတိုင်းပေးတာရှိပေမယ့် နောက်ကျတော့ ဒီနေရာအတိုင်းပဲ ပြန်လာချတယ်။ အဲ့ဒီတော့ တောင်သူတွေက ပျားစုပ်တာကတကြောင်း၊ ဇီးဈေးကောင်းမရတာက တကြောင်း တော်တော်ဒုက္ခရောက်နေကြလို့ အခုလို ဆန္ဒထုတ်ဖော်တာပါ” လို့ ဘုတလင်မြို့နယ် တော်ဦးဘကျေးရွာမှ ဦးဇော်လင်းက ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘုတလင်မြို့နယ် ပျားလုပ်ငန်းဦးစီးဌာနကိုဆက်သွယ်မေးမြန်းရာမှာ ” ပျားကြောင့်သီးနှံပျက်တယ်ဆိုတာမရှိပါဘူး။ ကျနော်တို့ အဓိကလုပ်ငန်းက ဝတ်မှုန်ကူးဝန်ဆောင်မှုလုပ်ငန်းလေ။ တောင်သူစိုက်ပျိူးတ‌ဲ့လုပ်ငန်းအားလုံး ဝတ်မှုန်ကူးပေးခြင်းအားဖြင့် သီးနှံအထွက်နှုန်းတိုးတယ်၊ အရည်သွေးမြင့်မားတယ်လေ။ ဝတ်ရည်ဆိုတာက အဖိုပင်ကထွက်တာ။ဝတ်မှုန်ဆိုတာက အမပင်။ အဖိုပင်မှာလည်း ဝတ်မှုန်ခံတိုင်ရှိတယ် ၊ အမပင်မှာလည်း ဝတ်မှုန်ခံတိုင်ရှိတယ်။ သဘာဝကိုတာ တခြားအင်းဆက်တွေလာရအောင် ဝတ်ရည်က ထုတ်ပေးရတာ။ ပန်းသဘာဝကိုက ဝတ်ရည်ထုတ်ပေးတာ။ ကျ‌နော်တို့ ပျားကလည်း ဝတ်ရည်စုတဲ့ပျားဆိုတော့ ဝတ်ရည်စုရင်း အဖိုပွင့်မှာရှိတဲ့ ဝတ်ရည်ကိုလူးရင်း အမပွင့်ကို ပြန်ကူးသွားတော့ သဋေမျိုးစေ့အောင်သွားတာကိုး ။ သဋေမျိုးစေ့အောင်သွားတဲ့ အပွင့်ဆိုရင်ပျား‌တွေက နောက်ထပ်မသွားတော့ဘူး။ ပျားသဘာဝ အဲ့လိုရှိတယ်။ကျနော်တို့ဌာနအနေနဲ့ ပျားမွေးမြူဖို့ရာ ဘယ်ဒေသမဆို လုပ်ခွင့်ပေးပါတယ်။ လိုင်စင်လည်း ထုတ်ပေးထားပါတယ်” လို့ မြို့နယ်ဦးစီးမှုး ဦးသိန်းဉာဏ်မြင့်က ပြောပါတယ်။

 

ခု ဆန္ဒပြတဲ့ သုံးမြို့နယ်အစပ်ဒေသမှာ မြို့နယ်ပျားမွေးမြူရေးဦးစီးဌာနစာရင်းအရ ပျားလုပ်ငန်းရှင်လုပ်ငန်း‌ရှင် ၄၂ ဦးရှိတယ်လို့ သိရပါတယ်။

 

ပျားလုပ်ငန်းစည်းကမ်းအရ လမ်းနဲ့ ကိုက် ၅၀ အတွင်း ပျားပုံးထားခွင့်မရှိကြောင်းသိရပြီး ဇီးပင်သုံးပင်မှာ ပျားပုံးတစ်ပုံးသာ ချထားခွင့်ရှိကြောင်း သိရပါတယ်။

 

” အခု ဇီးပင်တစ်ပင်တည်းမှာကို ပျားပုံးက ပြုံပြီးချထားတာ။ လမ်းနဲ့ကပ်ပြီး ချထားတာတွေလဲ ရှိတယ်။အဲ့လို စည်းကမ်းနဲ့မညီတာတွေလည်း ရှိတယ်လို့ ” တော်ဦးဘကျေးရွာမှ ဇီးတောင်သူ ဦးဝင်းအောင်က ပြောပါတယ်။

 

အဲ့ဒီဒေသမှာရှိတဲ့ ဇီးတောင်သူတွေဟာ ဇီးတမျိုးသာအားထားစိုက်ပျိုးကြတာကြောင့် တောင်သူတစ်ဦးလျှင် အနည်းဆုံး ဇီးပင် ၁ထောင်ကျော်စိုက်ပျိုးကြောင်း သိရပါတယ်။

ဆန္ဒထုတ်ဖော်တဲ့ ဒေသခံ ၃၀၀ကျော်ဟာ ဘုတလင်မြို့နယ် ပျားဦးစီးမှုးအား စီစစ်ပေးရေး၊ ဥပဒေမဲ့ချထားသော ပျားပုံးများအမြန်ဆုံးဖယ်ရှားရေးနဲ့ အသီးထွက်ပျက် တောင်သူများအား လျော်ကြေးပေးရေးတို့ကို အဓိကထား တောင်းဆိုခဲ့ကြပါတယ်။

 

ဆန္ဒထုတ်‌ဖော်တာကို‌တော့ မုံရွာမြို့ မြို့တော်အခန်းမရှေ့ကစတင်ကာ ဗိုလ်ချုပ်လမ်းတလျှောက်မှာ စီတန်းလှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #ပျားပုံး #မုံရွာ #ကနီ #ဘုတလင် #ဒီပဲယင်း #ပျားမွေးမြူရေး

 

Zawgyi

ပ်ားေမြးျမဴေရးပံုုးေတြခ်လိုု႕ ဇီးသီးအထြက္နည္းတယ္ဆိုုျပီး ၿမိဳ႕နယ္သုံးၿမိဳ႕နယ္က ေတာင္သူေတြဆႏၵျပ

မံုုရြာ၊ေအာက္တိုုဘာ၄-၂၀၁၉
ရန္နိုုင္စိုုး (VOM)

ပ်ားေမြးျမဴေရးလုပ္ငန္းေတြရဲ႕ ပ်ားပုံးေတြကို ဇီးစိုက္ခင္းအနီးနဲ႔‌ စိုက္ခင္းအတြင္း လာေရာက္ခ်ထားတာေတြေၾကာင့္ ဇီးသီးအထြက္ႏႈန္းေလ်ာ့က်သြားတယ္ဆိုကာ ဘုတလင္ၿမိဳ႕နယ္၊ ကနီၿမိဳ႕နယ္၊ ဒီပဲယင္းၿမိဳ႕နယ္ေတြမွာရွိတဲ႕ ဇီးစိုက္ေတာင္သူေတြက ေအာက္တိုဘာလ ၄ ရက္ေန႔က မုံ႐ြာၿမိဳ႕မွာ လာေရာက္ဆႏၵျပခဲ့ၾကပါတယ္။

ပ်ားပုံးခ်ထားတာေတြေၾကာင့္ ဇီးပင္ေတြအသီးသီးရာမွာ တႏွစ္ထက္တႏွစ္အထြက္ႏႈန္းေလ်ာ့နည္းသြားၿပီး အသီးအရည္ေသြးမွာလဲ က်ဆင္းတာေတြႀကဳံေတြ႕ေနရတာေၾကာင့္ ပ်ားပုံးမ်ားဖယ္ရွား‌ေပးဖို႔ သက္ဆိုင္ရာဌာနေတြကိုတင္ျပေပမယ့္ ထိေရာက္ေအာင္‌ေျဖရွင္းေပးတာေတြ မရွိတဲ့အတြက္ အခုဆႏၵထုတ္‌ေဖာ္တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

” က်ေနာ္တို႔ေတာင္သူေတြအေနနဲ႔ ဒီဇီးကိုပဲ အားထားစိုက္ပ်ိဳးေနၾကရတာ။ ပ်ားပုံးေတြလာခ်လို႔ ဇီးပ်က္တယ္ဆိုတာက အသီးသီးခ်ိန္မတန္ခင္ကတည္းက အုံလိုက္က်င္းလိုက္ စုပ္ယူတာေတြရွိေတာ့ ဇီးက အသီးညိဳးသြားတယ္။ အသ‌ီးျဖစ္လဲ အရသာသိပ္မရွိေတာ့တာ။ ၂၀၁၅ ခုႏွစ္ကတည္းက ဒါေတြဖယ္ရွားေပးဖို႔ သက္ဆိုင္ရာဌာန‌ျဖစ္တဲ့ ပ်ားေမြးျမဴေရးဌာနကို ေတာင္းဆိုခဲ့တယ္။ သူတို႔က ေ႐ြ႕ဖို႔လာတိုင္းေပးတာရွိေပမယ့္ ေနာက္က်ေတာ့ ဒီေနရာအတိုင္းပဲ ျပန္လာခ်တယ္။ အဲ့ဒီေတာ့ ေတာင္သူေတြက ပ်ားစုပ္တာကတေၾကာင္း၊ ဇီးေဈးေကာင္းမရတာက တေၾကာင္း ေတာ္ေတာ္ဒုကၡေရာက္ေနၾကလို႔ အခုလို ဆႏၵထုတ္ေဖာ္တာပါ” လို႔ ဘုတလင္ၿမိဳ႕နယ္ ေတာ္ဦးဘေက်း႐ြာမွ ဦးေဇာ္လင္းက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္ၿပီး ဘုတလင္ၿမိဳ႕နယ္ ပ်ားလုပ္ငန္းဦးစီးဌာနကိုဆက္သြယ္ေမးျမန္းရာမွာ ” ပ်ားေၾကာင့္သီးႏွံပ်က္တယ္ဆိုတာမရွိပါဘူး။ က်ေနာ္တို႔ အဓိကလုပ္ငန္းက ဝတ္မႈန္ကူးဝန္ေဆာင္မႈလုပ္ငန္းေလ။ ေတာင္သူစိုက္ပ်ိဴးတ‌ဲ့လုပ္ငန္းအားလုံး ဝတ္မႈန္ကူးေပးျခင္းအားျဖင့္ သီးႏွံအထြက္ႏႈန္းတိုးတယ္၊ အရည္ေသြးျမင့္မားတယ္ေလ။ ဝတ္ရည္ဆိုတာက အဖိုပင္ကထြက္တာ။ဝတ္မႈန္ဆိုတာက အမပင္။ အဖိုပင္မွာလည္း ဝတ္မႈန္ခံတိုင္ရွိတယ္ ၊ အမပင္မွာလည္း ဝတ္မႈန္ခံတိုင္ရိွတယ္။ သဘာဝကိုတာ တျခားအင္းဆက္ေတြလာရေအာင္ ဝတ္ရည္က ထုတ္ေပးရတာ။ ပန္းသဘာဝကိုက ဝတ္ရည္ထုတ္ေပးတာ။ က်‌ေနာ္တို႔ ပ်ားကလည္း ဝတ္ရည္စုတဲ့ပ်ားဆိုေတာ့ ဝတ္ရည္စုရင္း အဖိုပြင့္မွာရွိတဲ့ ဝတ္ရည္ကိုလူးရင္း အမပြင့္ကို ျပန္ကူးသြားေတာ့ သေဋမ်ိဳးေစ့ေအာင္သြားတာကိုး ။ သေဋမ်ိဳးေစ့ေအာင္သြားတဲ့ အပြင့္ဆိုရင္ပ်ား‌ေတြက ေနာက္ထပ္မသြားေတာ့ဘူး။ ပ်ားသဘာဝ အဲ့လိုရွိတယ္။က်ေနာ္တို႔ဌာနအေနနဲ႔ ပ်ားေမြးျမဴဖို႔ရာ ဘယ္ေဒသမဆို လုပ္ခြင့္ေပးပါတယ္။ လိုင္စင္လည္း ထုတ္ေပးထားပါတယ္” လို႔ ၿမိဳ႕နယ္ဦးစီးမႈး ဦးသိန္းဥာဏ္ျမင့္က ေျပာပါတယ္။

ခုု ဆႏၵျပတဲ႕ သုံးၿမိဳ႕နယ္အစပ္ေဒသမွာ ၿမိဳ႕နယ္ပ်ားေမြးျမဴေရးဦးစီးဌာနစာရင္းအရ ပ်ားလုပ္ငန္းရွင္လုပ္ငန္း‌ရွင္ ၄၂ ဦးရွိတယ္လို႔ သိရပါတယ္။

ပ်ားလုပ္ငန္းစည္းကမ္းအရ လမ္းနဲ႔ ကိုက္ ၅၀ အတြင္း ပ်ားပုံးထားခြင့္မရွိေၾကာင္းသိရၿပီး ဇီးပင္သုံးပင္မွာ ပ်ားပုံးတစ္ပုံးသာ ခ်ထားခြင့္ရွိေၾကာင္း သိရပါတယ္။

” အခု ဇီးပင္တစ္ပင္တည္းမွာကို ပ်ားပုံးက ၿပဳံၿပီးခ်ထားတာ။ လမ္းနဲ႔ကပ္ၿပီး ခ်ထားတာေတြလဲ ရွိတယ္။အဲ့လို စည္းကမ္းနဲ႔မညီတာေတြလည္း ရွိတယ္လို႔ ” ေတာ္ဦးဘေက်း႐ြာမွ ဇီးေတာင္သူ ဦး၀င္းေအာင္က ေျပာပါတယ္။

အဲ့ဒီေဒသမွာရွိတဲ့ ဇီးေတာင္သူေတြဟာ ဇီးတမ်ိဳးသာအားထားစိုက္ပ်ိဳးၾကတာေၾကာင့္ ေတာင္သူတစ္ဦးလွ်င္ အနည္းဆုံး ဇီးပင္ ၁ေထာင္ေက်ာ္စိုက္ပ်ိဳးေၾကာင္း သိရပါတယ္။

ဆႏၵထုတ္ေဖာ္တဲ႕ ေဒသခံ ၃၀၀ေက်ာ္ဟာ ဘုတလင္ၿမိဳ႕နယ္ ပ်ားဦးစီးမႈးအား စီစစ္ေပးေရး၊ ဥပေဒမဲ့ခ်ထားေသာ ပ်ားပုံးမ်ားအျမန္ဆုံးဖယ္ရွားေရးနဲ႔ အသီးထြက္ပ်က္ ေတာင္သူမ်ားအား ေလ်ာ္ေၾကးေပးေရးတို႔ကို အဓိကထား ေတာင္းဆိုခဲ့ၾကပါတယ္။

ဆႏၵထုတ္‌ေဖာ္တာကို‌ေတာ့ မုံ႐ြာၿမိဳ႕ ၿမိဳ႕ေတာ္အခန္းမေရွ႕ကစတင္ကာ ဗိုလ္ခ်ဳပ္လမ္းတေလွ်ာက္မွာ စီတန္းလွည့္လည္ခဲ့ၾကတာျဖစ္ပါတယ္။

#voiceofmyanmar #ပ်ားပံုုး #မံုုရြာ #ကနီ #ဘုုတလင္ #ဒီပဲယင္း #ပ်ားေမြးျမဴေရး

Related posts

Leave a Comment

VOM News

FREE
VIEW