ထိုင္းနိုင္ငံ ဗန္ေကာက္ျမိဳ႕ရိွ အင္ဒိုနီးရွားသံရံုး မီးေလာင္

ဗန္ေကာက္၊ ေအာက္တိုဘာ ၁၁-၂၀၁၉
မ်ိဳးဆက္ (VOM)

ထိုင္းနိုင္ငံ ဗန္ေကာက္ျမိဳ႔ရိွ အင္ဒိုနီးရွားသံရံုးအတြင္းက နွစ္ထပ္အေဆာက္အံုတစ္္ခုမွာ ေအာက္တိုဘာ ၁၁ က မီးေလာင္ကြ်မ္းမႈျဖစ္ပြားခဲ႔ေၾကာင္း ဗန္ေကာက္အေရးေပၚဌာနက ေျပာပါတယ္။

မီးေလာင္ကြ်မ္းမႈေၾကာင္႔ ထိခိုက္ဒါဏ္ရာရရိွတာမ်ိဳးေတာ႔မရွိပါဘူး။ မီးေလာင္ကြ်မ္းမႈဟာ သံရံုး၀န္းအတြင္းက လူေနအေဆာက္အဦးတစ္ခုမွာ ေအာက္တိုဘာ ၁၁ ရက္ေန႔လည္ပိုင္းက ျဖစ္ပြားခဲ႔ျပီး အေဆာက္အဦးထဲမွ ဘယ္သူမွမရိွဘူးလို႔ ဗန္ေကာက္အေရးေပၚ စီမံခန္႔ခြဲေရးဌာနက ေျပာပါတယ္။

မီးေလာင္ကြ်မ္းမႈေၾကာင္႔ ထြက္ေပၚလာတဲ႔ မီးခိုးလံုးေတြဟာ ဗန္ေကာက္ျမိဳ႕လယ္က ျမင္နိုင္ေလာက္တဲ႔ရိွခဲ႔ပါတယ္။ တစ္နာရီနီးပါး မီးေလာင္ကြ်မ္းမႈအျပီးမွာေတာ႔ မီးကိုထိန္းခ်ဳပ္နိုင္ခဲ႔တယ္လို႔ မီးသတ္ဌာနက လူမႈကြန္ရက္ကတစ္ဆင္႔ ထုတ္ျပန္ထားပါတယ္။

အေသးစိတ္အခ်က္အလက္ေတြနဲ႔ ပတ္သက္ျပီးသိရွိနိုင္ဖို႔ မီးေလာင္ခဲ႔တဲ႔ အင္ဒိုနီးရွားသံရံုးကို တယ္လီဖုန္းဆက္သြယ္ေပမယ္႔ ျပန္လည္ေျဖၾကားျခင္းမရိွပါဘူး။ လက္ရွိအခ်ိန္ထိ မီးေလာင္ကြ်မ္းမႈ အေၾကာင္းရင္း မသိရွိရေသးပါဘူး။

Ref : Bangkok
Post Photo: AP
#voiceofmyanmar#ထိုင္းနိုင္ငံ#ဗန္ေကာက္ျမိဳ႕ရိွအင္ဒိုနီးရွားသံရံုး#မီးေလာင္

Unicode

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ အင်ဒိုနီးရှားသံရုံး မီးလောင်

ဗန်ကောက်၊ အောက်တိုဘာ ၁၁-၂၀၁၉
မျိုးဆက် (VOM)

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ အင်ဒိုနီးရှားသံရုံးအတွင်းက နှစ်ထပ်အဆောက်အုံတစ်ခုမှာ အောက်တိုဘာ ၁၁ က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဗန်ကောက်အရေးပေါ်ဌာနက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒါဏ်ရာရရှိတာမျိုးတော့မရှိပါဘူး။ မီးလောင်ကျွမ်းမှုဟာ သံရုံးဝန်းအတွင်းက လူနေအဆောက်အဦးတစ်ခုမှာ အောက်တိုဘာ ၁၁ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ပြီး အဆောက်အဦးထဲမှ ဘယ်သူမှမရှိဘူးလို့ ဗန်ကောက်အရေးပေါ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးလုံးတွေဟာ ဗန်ကောက်မြို့လယ်က မြင်နိုင်လောက်တဲ့ရှိခဲ့ပါတယ်။ တစ်နာရီနီးပါး မီးလောင်ကျွမ်းမှုအပြီးမှာတော့ မီးကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်ထားပါတယ်။

အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီးသိရှိနိုင်ဖို့ မီးလောင်ခဲ့တဲ့ အင်ဒိုနီးရှားသံရုံးကို တယ်လီဖုန်းဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ လက်ရှိအချိန်ထိ မီးလောင်ကျွမ်းမှု အကြောင်းရင်း မသိရှိရသေးပါဘူး။

Ref : Bangkok
Post Photo: AP
#voiceofmyanmar#ထိုင်းနိုင်ငံ#ဗန်ကောက်မြို့ရှိအင်ဒိုနီးရှားသံရုံး#မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW