အီရန္အမ်ိဳးသမီးေတြ အမ်ိဳးသားေဘာလံုးပြဲ ပထမဆံုးအၾကိမ္ၾကည္႔ရႈခြင္႔ရ

တီဟီရန္၊ ေအာက္တိုဘာ ၁၁-၂၀၁၉
မ်ိဳးဆက္ (VOM)

အီရန္အမ်ိဳးသမီးေတြဟာ ဆယ္စုနွစ္မ်ားစြာအတြင္း ပထမဆံုးအၾကိမ္အျဖစ္ အမ်ိဳးသားေဘာလံုးပြဲစဥ္ ၾကည္႔ရႈဖို႔ ကြင္းအတြင္းသို႔လြတ္လပ္စြာ ဝင္ေရာက္ခြင္႔ျပဳလိုက္ျပီးေနာက္ တီဟီရန္မွာ က်င္းပတဲ႔ ကမၻာ႔ဖလားေျခစစ္ပြဲကို သြားေရာက္ၾကည္႔ရႈခဲ႔ၾကပါတယ္။

၁၉၇၉ ခုနွစ္က အစၥလာမ္မစ္ေတာ္လွန္ေရးအျပီးမွာ အမ်ိဳးသားအားကစားပြဲေတြၾကည္႔ရႈဖို႔ အားကစာကြင္းေတြထဲကို အမ်ိဳးသမီးေတြ ၀င္ေရာက္တာကို ျပင္းျပင္းထန္ထန္ ပိတ္ပင္ထားခဲ႔တာျဖစ္ပါတယ္။

အမ်ိဳးသားအားကစားပြဲတစ္ခုကို တက္ေရာက္ၾကည္႔ရႈဖို႔ၾကိဳးစားတာေၾကာင္႔ အဖမ္းခံခဲ႔ရျပီး အမိ်ဳးသမီးတစ္ဦး ကိုယ္႔ကိုကိုယ္မီးရႈိ႔ ေသဆံုးျပီးေနာက္ အမ်ိဳးသမီးေတြကို အမ်ိဳးသားအားကစားပြဲေတြ ၾကည္႔ရႈခြင္႔ျပဳလိုက္တာျဖစ္ပါတယ္။

ဒါေပမယ္႔လည္း ဒီအေျပာင္းအလဲဟာ အာဏာပိုင္ေတြက ကိုယ္က်ိဳးအတြက္ လူသိရွင္ၾကား စတန္႔ထြင္လိုက္တာျဖစ္ေၾကာင္း နိုင္ငံတကာလြတ္ျငိမ္းခ်မ္းသာခြင္႔အဖြဲ႔က ဆိုပါတယ္။ အမ်ိဳးသမီးပရိတ္သတ္ေတြ လက္မွတ္ေရာင္းခ်မယ္ဆိုတဲ႔ ပံုစံမ်ားသာရိွေနေသးျပီး အားကစားပြဲေတြသို႔ အမ်ိဳးသမီးေတြ တက္ေရာက္ဖို႔ ကန္႔သတ္ခ်က္အားလံုးကို ဖယ္ရွားေပးဖို႔ လူ႔အခြင္႔အေရးအဖြဲ႔ေတြက ေတာင္းဆိုထားၾကပါတယ္။

Ref : BBC
Photo :AFP
#voiceofmyanmar#အီရန္#အမ်ိဳးသမီးေတြ#အမ်ိဳးသားေဘာလံုးပြဲပထမဆံုးအၾကိမ္ၾကည္႔ရႈခြင္႔ရ#

Unicode

အီရန်အမျိုးသမီးတွေ အမျိုးသားဘောလုံးပွဲ ပထမဆုံးအကြိမ်ကြည့်ရှုခွင့်ရ

တီဟီရန်၊ အောက်တိုဘာ ၁၁-၂၀၁၉
မျိုးဆက် (VOM)

အီရန်အမျိုးသမီးတွေဟာ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသားဘောလုံးပွဲစဉ် ကြည့်ရှုဖို့ ကွင်းအတွင်းသို့လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုလိုက်ပြီးနောက် တီဟီရန်မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

၁၉၇၉ ခုနှစ်က အစ္စလာမ်မစ်တော်လှန်ရေးအပြီးမှာ အမျိုးသားအားကစားပွဲတွေကြည့်ရှုဖို့ အားကစာကွင်းတွေထဲကို အမျိုးသမီးတွေ ဝင်ရောက်တာကို ပြင်းပြင်းထန်ထန် ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

အမျိုးသားအားကစားပွဲတစ်ခုကို တက်ရောက်ကြည့်ရှုဖို့ကြိုးစားတာကြောင့် အဖမ်းခံခဲ့ရပြီး အမျိုးသမီးတစ်ဦး ကိုယ့်ကိုကိုယ်မီးရှို့ သေဆုံးပြီးနောက် အမျိုးသမီးတွေကို အမျိုးသားအားကစားပွဲတွေ ကြည့်ရှုခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီအပြောင်းအလဲဟာ အာဏာပိုင်တွေက ကိုယ်ကျိုးအတွက် လူသိရှင်ကြား စတန့်ထွင်လိုက်တာဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုပါတယ်။ အမျိုးသမီးပရိတ်သတ်တွေ လက်မှတ်ရောင်းချမယ်ဆိုတဲ့ ပုံစံများသာရှိနေသေးပြီး အားကစားပွဲတွေသို့ အမျိုးသမီးတွေ တက်ရောက်ဖို့ ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားကြပါတယ်။

Ref : BBC
Photo :AFP
#voiceofmyanmar#အီရန်#အမျိုးသမီးတွေ#အမျိုးသားဘောလုံးပွဲပထမဆုံးအကြိမ်ကြည့်ရှုခွင့်ရ#

Related posts

Leave a Comment

VOM News

FREE
VIEW