အေျခခံစပါးေစ်းနုုန္းသတ္မွတ္ခ်က္ ေတာင္သူေတြအတြက္ မေျပလည္နုုိင္ေသးသလိုု မူဝါဒမျပင္ရင္ ဘာမွထူးျခားမွာမဟုုတ္ဘူးလိုု႕ ေတာင္သူေတြတံုု႕ျပန္

ဇီးကုုန္း၊ ေအာက္တိုုဘာ ၁၅-၂၀၁၉

မိုုးယံ (VOM)

 

 

 

စပါးသီးႏွံစိုက္ပ်ိဳးထုတ္လုပ္တဲ႕ ေတာင္သူလယ္သမားေတြအတြက္ သင့္တင့္မွ်တေသာေဈးကြက္ႏွင့္ ေဈးႏႈန္းျဖစ္ေပၚေစေရးအတြက္အေျခခံရည္ၫႊန္းစပါးေဈးႏႈန္းကို၄၆ေပါင္စပါးတင္းတစ္ရာငါးသိန္းက်ပ္သတ္မွတ္ေၾကာင္းေၾကျငာခ်က္ကိုအစိုုးရကဖြဲ႕စည္းေပးထားတဲ႕ ေတာင္သူလယ္သမားအခြင့္အေရးကာကြယ္ေရး့နဲ႕ အက်ိဳးစီးပြားျမႇင့္တင္ေရးအဖြဲ႕က ဒီေန႔ေအာက္တိုုဘာ ၁၅ ရက္ရက္စြဲနဲ႕ ထုတ္ျပန္ခဲ့ပါတယ္။

 

 

စပါးေစ်းနုုန္းတိုုးျမွင့္သတ္မွတ္ေပးဖိုု႕ ပဲခူးတိုင္းသာယာဝတီခ႐ိုင္သာယာဝတီၿမိဳ႕နယ္မွာႏွစ္ႀကိမ္ဆႏၵထုတ္ေဖာ္ပြဲ ဦးေဆာင္ခဲ့တဲ႕  ဦးဝင္းသိန္းက အဲဒီထုတ္ျပန္ခ်က္အေပၚ အခုလိုေျပာပါတယ္။

 

“ အဆင္မေျပပါဘူးေဈးကြက္မူဝါဒျပင္ေပးမွရမွာပါဒီအတိုင္းသြားေနလို႔ကေတာ့ျမန္မာႏိုင္ငံဟာ ဒီမူဝါဒနဲ႔ဘယ္သူတက္လာလာအေျခခံလူတန္းစား၇၀ရာခိုင္ႏႈန္းျဖစ္တဲ့ လယ္သမားေတြဘယ္ေတာ့မွနလန္မထူႏိုင္ပါဘူး။ ဆန္စပါးနဲ႔ပတ္သက္ရင္လူတန္းစားသုံးရပ္ရွိတယ္လယ္သမား၊ စက္ပိုင္၊ ထုတ္လုပ္သူရွိတယ္အဆိုုးဆုံးကလယ္သမားပါထုတ္လုပ္သူေတြဘဲအက်ိဳးရွိတယ္  ဒီငါးသိန္းေဈးကပထမႏွစ္ကလည္းငါးသိန္းဘဲတျခားကုန္ေဈးႏႈန္းေတြတက္ေနတဲ့အခ်ိန္မွာ အခုလည္းငါးသိန္းဘဲဒီမိုကေရစီေဈးကြက္စီးပြားေရးစနစ္မွာအေျခခံေဈးသတ္မွတ္ေပးစရာမလိုဘူးေဈးကြက္မူဝါဒကိုေျပာင္းေပးၿပီးအစိုးရကကုန္သည္နဲ႔ယွဥ္ၿပိဳင္ဝယ္ရမွာပါလို႔”ေျပာပါတယ္။

 

အေျခခံစပါးေဈးႏႈန္းနဲ႔ပတ္သက္ၿပီးစပါး၄၆ေပါင္တင္းတစ္ရာကိုခုႏွစ္သိန္းသတ္မွတ္ေပးဖို႔ ေဈးကြက္မူဝါဒေျပာင္းေပးဖို႔ကိုစက္တင္ဘာလ၂၅ရက္ကတစ္ႀကိမ္ေအာက္တိုဘာလ၁ရက္ကတစ္ႀကိမ္ေတာင္သူေထာင္ေက်ာ္ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။

 

ခုုသတ္မွတ္ေစ်းထက္ အျပင္မွာ ေစ်းပိုုဝယ္ေနေၾကာင္း  ဇီးကုန္းၿမိဳ႕နယ္ဆန္စပါးအသင္းဝင္ဦးဝင္းဦးက

“ ဆန္စပါးအသင္းကလတ္တေလာဝယ္ေနတာေလးသိန္းေျခာက္ေသာင္းေဈးပါအဲဒီမွာအေလ်ာ့ရယ္အေျခာက္ခံတာရယ္နဲ႔ဆိုေတာ့ငါးသိန္းေလးေသာင္းေဈးေလာက္က်တယ္အခုေၾကျငာခ်က္ထုတ္တာမွငါးသိန္းပါအခုဝယ္ေနတာကပိုေနပါတယ္လို႔’ေျပာပါတယ္။

 

 

“ အေျခခံေဈးႏႈန္းကငါးသိန္းသတ္မွတ္ေပမယ့္အခုစပါးထြက္မေကာင္းလို႔အနည္းဆုံးေျခာက္သိန္းမွအဆင္ေျပပါမယ္တစ္ဧကကိုစပါးက တင္းခုႏွစ္ဆယ္ဘဲထြက္တယ္မေန႔က႐ြာတဲ့မိုးေၾကာင့္စပါးေတြအကုန္လဲကုန္တယ္။ ဧကသုံးရာေက်ာ္ေလာက္လဲကုန္တယ္။  အဲဒီလိုလဲရင္အထြက္ေလ်ာ့တယ္ဒါေၾကာင့္ဒီငါးသိန္းေဈးကအဆင္မေျပပါဘူးလို႔’ေျမာက္လႊတ္ကုန္း႐ြာကေတာင္သူဦးဝင္းလႈိင္ကေျပာပါတယ္။

 

အေျခခံရည္ၫႊန္းေဈးႏႈန္းျဖင့္ေရာင္းခ်ရန္အခက္အခဲရွိတဲ႕ ေတာင္သူလယ္သမားေတြအေနနဲ႕ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္နဲ႕ ၿမိဳ႕နယ္ကိုယ္စားလွယ္ေတြကိုု ဆက္သြယ္ႏိုင္ပါေၾကာင္းလည္း ဒီကေန႕ထုုတ္တဲ႕ ထုတ္ျပန္ခ်က္မွာ ထည့္သြင္းထားပါတယ္။

 

#voiceofmyanmar #အေျခခံစပါးေစ်း

 

Unicode

အခြေခံစပါးဈေးနုန်းသတ်မှတ်ချက် တောင်သူတွေအတွက် မပြေလည်နိုင်သေးသလို မူဝါဒမပြင်ရင် ဘာမှထူးခြားမှာမဟုတ်ဘူးလို့ တောင်သူတွေတုံ့ပြန်

ဇီးကုန်း၊ အောက်တိုဘာ ၁၅-၂၀၁၉

စပါးသီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတသောဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ၄၆ပေါင် စပါးတင်းတစ်ရာ ငါးသိန်းကျပ် သတ်မှတ်ကြောင်းကြေငြာချက်ကို အစိုးရကဖွဲ့စည်းပေးထားတဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေး့နဲ့ အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

စပါးဈေးနုန်းတိုးမြှင့်သတ်မှတ်ပေးဖို့ ပဲခူးတိုင်းသာယာဝတီခရိုင် သာယာဝတီ မြို့နယ်မှာ နှစ်ကြိမ်ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်ခဲ့တဲ့ ဦးဝင်းသိန်းက အဲဒီထုတ်ပြန်ချက်အပေါ် အခုလိုပြောပါတယ်။

“ အဆင်မပြေပါဘူး ဈေးကွက်မူဝါဒပြင်ပေးမှရမှာပါ ဒီအတိုင်းသွားနေလို့ကတော့မြန်မာနိုင်ငံဟာ
ဒီမူဝါဒနဲ့ဘယ်သူတက်လာလာ အခြေခံလူတန်းစား ၇၀ရာခိုင်နှုန်းဖြစ်တဲ့ လယ်သမားတွေဘယ်တော့မှ နလန်မထူနိုင်ပါဘူး ။ ဆန်စပါးနဲ့ပတ်သက်ရင် လူတန်းစား သုံးရပ်ရှိတယ် လယ်သမား ၊ စက်ပိုင် ၊ ထုတ်လုပ်သူ ရှိတယ် အဆိုးဆုံးက လယ်သမားပါ ထုတ်လုပ်သူတွေဘဲအကျိုးရှိတယ် ဒီ
ငါးသိန်းဈေးက ပထမနှစ်ကလည်း ငါးသိန်းဘဲ တခြားကုန်ဈေးနှုန်းတွေတက်နေတဲ့အချိန်မှာ အခုလည်း ငါးသိန်းဘဲ ဒီမိုကရေစီ ဈေးကွက်စီးပွားရေးစနစ်မှာ အခြေခံဈေးသတ်မှတ်ပေးစရာမလိုဘူး ဈေးကွက်မူဝါဒကိုပြောင်းပေးပြီးအစိုးရကကုန်သည်နဲ့ယှဉ်ပြိုင်ဝယ်ရမှာပါလို့” ပြောပါတယ်။

အခြေခံစပါးဈေးနှုန်းနဲ့ပတ်သက်ပြီး စပါး၄၆ပေါင် တင်းတစ်ရာကို ခုနှစ်သိန်းသတ်မှတ်ပေးဖို့
ဈေးကွက်မူဝါဒပြောင်းပေးဖို့ကို စက်တင်ဘာလ ၂၅ရက်ကတစ်ကြိမ် အောက်တိုဘာလ ၁ရက်
ကတစ်ကြိမ် တောင်သူထောင်ကျော် ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။

ခုသတ်မှတ်ဈေးထက် အပြင်မှာ ဈေးပိုဝယ်နေကြောင်း ဇီးကုန်းမြို့နယ် ဆန်စပါးအသင်းဝင် ဦးဝင်းဦးက
“ ဆန်စပါးအသင်းက လတ်တလောဝယ်နေတာ လေးသိန်းခြောက်သောင်းဈေးပါ အဲဒီမှာ အလျော့ရယ် အခြောက်ခံတာရယ်နဲ့ဆိုတော့ ငါးသိန်းလေးသောင်းဈေးလောက် ကျတယ် အခုကြေငြာချက်ထုတ်တာမှ ငါးသိန်းပါ အခုဝယ်နေတာက ပိုနေပါတယ်လို့’ ပြောပါတယ်။

“ အခြေခံဈေးနှုန်းကငါးသိန်းသတ်မှတ်ပေမယ့် အခု စပါးထွက်မကောင်းလို့ အနည်းဆုံး ခြောက်သိန်းမှအဆင်ပြေပါမယ် တစ်ဧကကိုစပါးက တင်းခုနှစ်ဆယ်ဘဲထွက်တယ် မနေ့က ရွာတဲ့မိုးကြောင့် စပါးတွေ အကုန်လဲကုန်တယ်။ ဧက သုံးရာကျော်လောက်လဲကုန်တယ်။ အဲဒီလို လဲရင် အထွက်လျော့တယ် ဒါကြောင့် ဒီငါးသိန်းဈေးက အဆင်မပြေပါဘူးလို့’မြောက်လွှတ်ကုန်းရွာက တောင်သူဦးဝင်းလှိုင်ကပြောပါတယ်။

အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိတဲ့ တောင်သူလယ်သမားတွေအနေနဲ့
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြို့နယ်ကိုယ်စားလှယ်တွေကို ဆက်သွယ်နိုင်ပါကြောင်း လည်း ဒီကနေ့ထုတ်တဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

#voiceofmyanmar #အခြေခံစပါးဈေး

Related posts

Leave a Comment

VOM News

FREE
VIEW