အာဖဂန္ရိွ ဗလီတစ္ခုတြင္ ဗံုးခြဲတိုက္ခိုက္မႈေၾကာင္႔ လူ ၆၀ ေက်ာ္ေသဆံုး

ကဘူး၊ ေအာက္တိုဘာ-၁၉-၂၀၁၉
မ်ိဳးဆက္(VOM)

 

အာဖဂန္နစၥတန္နိုင္ရိွ ဗလီတစ္ခုမွာ ေအာက္တိုဘာ ၁၈ ရက္က ၀တ္ျပဳဆုေတာင္းေနၾကခ်ိန္မွာ ဗံုးခြဲတိုက္ခိုက္မႈေၾကာင္႔ လူ ၆၀ ေက်ာ္ေသဆံုးသြားတယ္လို႔ အာဖဂန္တာ၀န္ရိွသူေတြက ေျပာပါတယ္။

 

ဗံုးေပါက္ကြဲမႈေၾကာင္႔ လူ ၃၆ ဦးလည္းဒါဏ္ရာရရိွသြားပါတယ္။ အေသခံေဖာက္ခြဲေရးသမားေတြဟာ ဗံုးနွစ္လံုးကို ဗလီအတြင္းမွာ ေဖာက္ခြဲခဲ႔တာလို႔ နန္ဂါဟာျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

 

ဒီတိုက္ခိုက္မႈကို တာလီဘန္နဲ႔ သူ႔အေပါင္းအပါ အၾကမ္းဖက္သမားေတြလုပ္တာလို႔ အာဖဂန္သမၼတရံုး ေျပာေရးဆိုခြင္႔ရ္ိွသူက ေျပာပါတယ္။ ဒါေပမယ္႔ စြပ္စြဲခ်က္ကို တာလီဘန္အဖြဲ႔က ျငင္းဆိုထားပါတယ္။

 

အာဖဂန္နစၥတန္မွာ ယခုနွစ္အတြင္း တိုက္ခိုက္မႈေတြေၾကာင္႔ အရပ္သား ၂၅၀၀ ေက်ာ္ေသဆံုးသြားျပီး ၅၇၀၀ ေက်ာ္ ထိခိုက္ဒါဏ္ရာရရိွခဲ႔တယ္လို႔ ကုလသမဂၢရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

 

၂၀၀၁ ခုနွစ္မွာစတင္ခဲ႔တဲ႔ အာဖဂန္စစ္ေျမျပင္ကေန အေမရိကန္တပ္ဖြဲ႔၀င္ေတြ ရုပ္သိမ္းေရးအတြက္ တာလီဘန္အဖြဲ႔နဲ႔ အေမရိကန္တို႔အၾကား ညွိႏိႈင္းေဆြးေႏြးခဲၾကေပမယ္႔ ကနဦးသေဘာတူညီခ်က္ရရိွျပီးေနာက္ ေဆြးေႏြးပြဲေတြ ပ်က္ျပားခဲ႔ရပါတယ္။

 

Ref : UPI
Photo : AFP

#voiceofmyanmar #အာဖဂန္ #ဗလီထဲဗံုုးခြဲ

Unicode

အာဖဂန်ရှိ ဗလီတစ်ခုတွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော်သေဆုံး

ကဘူး၊ အောက်တိုဘာ-၁၉-၂၀၁၉
မျိုးဆက်(VOM)

 

အာဖဂန်နစ္စတန်နိုင်ရှိ ဗလီတစ်ခုမှာ အောက်တိုဘာ ၁၈ ရက်က ဝတ်ပြုဆုတောင်းနေကြချိန်မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော်သေဆုံးသွားတယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။

 

ဗုံးပေါက်ကွဲမှုကြောင့် လူ ၃၆ ဦးလည်းဒါဏ်ရာရရှိသွားပါတယ်။ အသေခံဖောက်ခွဲရေးသမားတွေဟာ ဗုံးနှစ်လုံးကို ဗလီအတွင်းမှာ ဖောက်ခွဲခဲ့တာလို့ နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ်။

 

ဒီတိုက်ခိုက်မှုကို တာလီဘန်နဲ့ သူ့အပေါင်းအပါ အကြမ်းဖက်သမားတွေလုပ်တာလို့ အာဖဂန်သမ္မတရုံး ပြောရေးဆိုခွင့်ရ်ှိသူက ပြောပါတယ်။ ဒါပေမယ့် စွပ်စွဲချက်ကို တာလီဘန်အဖွဲ့က ငြင်းဆိုထားပါတယ်။

 

အာဖဂန်နစ္စတန်မှာ ယခုနှစ်အတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၅၀၀ ကျော်သေဆုံးသွားပြီး ၅၇၀၀ ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၂၀၀၁ ခုနှစ်မှာစတင်ခဲ့တဲ့ အာဖဂန်စစ်မြေပြင်ကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းရေးအတွက် တာလီဘန်အဖွဲ့နဲ့ အမေရိကန်တို့အကြား ညှိနှိုင်းဆွေးနွေးခဲကြပေမယ့် ကနဦးသဘောတူညီချက်ရရှိပြီးနောက် ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ရပါတယ်။

 

Ref : UPI
Photo : AFP

#voiceofmyanmar #အာဖဂန် #ဗလီထဲဗုံးခွဲ

Related posts

Leave a Comment

VOM News

FREE
VIEW