လူငွားျပီး စာေမးပြဲေျဖခိုင္းတဲ့ ဘဂၤလားေဒ႔ရွ္လႊတ္ေတာ္အမတ္ တကၠသိုလ္မွထုတ္ပယ္ခံရ

ဒါကာ၊ ေအာက္တိုဘာ ၂၂-၂၀၁၉
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ႔ရွ္လႊတ္ေတာ္အမတ္တစ္ဦးဟာ သူ႔ကိုယ္စား စာေမးပြဲေတြေျဖဆိုေပးဖို႔ ကိုယ္စားလွယ္ရွစ္ဦးကို ငွားရမ္းခဲ႔ေၾကာင္း ေတြ႔ရိွျပီးေနာက္ တကၠသိုလ္မွ ထုတ္ပယ္ခံလိုက္ရပါတယ္။

အာဏာရ အဝါမီအဖြဲ႔ခ်ဳပ္ပါတီမွ လႊတ္ေတာ္အမတ္တစ္ဦးျဖစ္သူ တာမန္နာန်ဴဆရတ္ဟာ ဘဂၤလားေဒ႔ရွ္မွာရိွတဲ႔ အိုးပင္းတကၠသိုလ္မွာ ၀ိဇၨာဘြဲ႕တက္ေရာက္သင္ၾကားေနသူျဖစ္ပါတယ္။

သူ႔အတြက္ စာေမးပြဲကိုယ္စားေျဖေပးတယ္ဆိုျပီး စြပ္စြဲခံရတဲ႔ ကိုယ္စားလွယ္္ေတြထဲက တစ္ဦးကို ေအာက္တိုဘာ ၁၉ ရက္က စာေမးပြဲခန္းတစ္ခုမွာ ရုပ္ျမင္သံၾကားဌာနတစ္ခုက ေတြ႔ရိွျပီးေနာက္ မိီးစ္န်ဴဆရတ္အား တကၠသိုလ္ကေန ထုတ္ပယ္လိုက္တာျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သကျပီး ပါလီမန္မွာ တာ၀န္ထမ္းေဆာင္ေနတဲ႔ အမ်ိဳးသမီးအမတ္ ၅၀ ထဲမွာ တစ္ဦးအပါ အဝင္ျဖစ္တဲ႔ န်ဴဆရတ္က ဘီဘီစီသတင္းဌာနရဲ႕ ဆက္သြယ္မႈကို တံု႕ျပန္ေျဖၾကားမႈမျပဳခဲ႔ပါဘူး။

တကၠသိုလ္ေလးနွစ္တာကာလအတြင္း စာေမးပြဲ ၁၃ ခုကို လက္ရိွအခ်ိန္ထိ က်င္းပျပဳလုပ္ျပီးျဖစ္ေပမယ္႔ အဲဒီ စာေမးပြဲေတြကို လႊတ္ေတာ္အမတ္ န်ဴဆရတ္က ဝင္ေရာက္ေျဖဆိုျခင္းမရိွခဲ႔ဘူးလို႔ ဘဂၤလားေဒ႔ရွ္ ပုဂၢလိကရုပ္ျမင္သံၾကားဌာန နာဂိုရိခ္က ထုတ္ေဖာ္ေျပာဆိုပါတယ္။

န်ဴဆရတ္ကို အေရးယူတာနဲ႔ ပတ္သက္ျပီး အိုးပင္းတကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ အမ္ေအမန္နန္းက ေၾကညာခဲ႔ပါတယ္။ စာေမးပြဲကိုယ္စားေျဖဆိုသူေတြကို နာဆင္ဒီအစိုးရေကာလိပ္ဌာနမွာ ေအာက္တိုဘာ ၁၉ ရက္ကျပဳလုပ္တဲ႔ စာေမးပြဲတစ္ခုမွာ ရုပ္ျမင္သံၾကားဌာနက ရွာေဖြေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။

Ref : BBC , Photo : Bangladesh Parliament
#voiceofmyanmar #ဘဂၤလားေဒ႔ရွ္လႊတ္ေတာ္အမတ္ #တကၠသိုလ္မွထုတ္ပယ္ခံရ

 

Unicode

လူငှားပြီး စာမေးပွဲဖြေခိုင်းတဲ့ ဘင်္ဂလားဒေ့ရှ်လွှတ်တော်အမတ် တက္ကသိုလ်မှထုတ်ပယ်ခံရ

ဒါကာ၊ အောက်တိုဘာ ၂၂-၂၀၁၉
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်လွှတ်တော်အမတ်တစ်ဦးဟာ သူ့ကိုယ်စား စာမေးပွဲတွေဖြေဆိုပေးဖို့ ကိုယ်စားလှယ်ရှစ်ဦးကို ငှားရမ်းခဲ့ကြောင်း တွေ့ရှိပြီးနောက် တက္ကသိုလ်မှ ထုတ်ပယ်ခံလိုက်ရပါတယ်။

အာဏာရ အဝါမီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ တာမန်နာနျူဆရတ်ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အိုးပင်းတက္ကသိုလ်မှာ ဝိဇ္ဇာဘွဲ့တက်ရောက်သင်ကြားနေသူဖြစ်ပါတယ်။

သူ့အတွက် စာမေးပွဲကိုယ်စားဖြေပေးတယ်ဆိုပြီး စွပ်စွဲခံရတဲ့ ကိုယ်စားလှယ်တွေထဲက တစ်ဦးကို အောက်တိုဘာ ၁၉ ရက်က စာမေးပွဲခန်းတစ်ခုမှာ ရုပ်မြင်သံကြားဌာနတစ်ခုက တွေ့ရှိပြီးနောက် မီးစ်နျူဆရတ်အား တက္ကသိုလ်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သကပြီး ပါလီမန်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးအမတ် ၅၀ ထဲမှာ တစ်ဦးအပါ အဝင်ဖြစ်တဲ့ နျူဆရတ်က ဘီဘီစီသတင်းဌာနရဲ့ ဆက်သွယ်မှုကို တုံ့ပြန်ဖြေကြားမှုမပြုခဲ့ပါဘူး။

တက္ကသိုလ်လေးနှစ်တာကာလအတွင်း စာမေးပွဲ ၁၃ ခုကို လက်ရှိအချိန်ထိ ကျင်းပပြုလုပ်ပြီးဖြစ်ပေမယ့် အဲဒီ စာမေးပွဲတွေကို လွှတ်တော်အမတ် နျူဆရတ်က ဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့ဘူးလို့ ဘင်္ဂလားဒေ့ရှ် ပုဂ္ဂလိကရုပ်မြင်သံကြားဌာန နာဂိုရိခ်က ထုတ်ဖော်ပြောဆိုပါတယ်။

နျူဆရတ်ကို အရေးယူတာနဲ့ ပတ်သက်ပြီး အိုးပင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် အမ်အေမန်နန်းက ကြေညာခဲ့ပါတယ်။ စာမေးပွဲကိုယ်စားဖြေဆိုသူတွေကို နာဆင်ဒီအစိုးရကောလိပ်ဌာနမှာ အောက်တိုဘာ ၁၉ ရက်ကပြုလုပ်တဲ့ စာမေးပွဲတစ်ခုမှာ ရုပ်မြင်သံကြားဌာနက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Ref : BBC , Photo : Bangladesh Parliament
#voiceofmyanmar #ဘင်္ဂလားဒေ့ရှ်လွှတ်တော်အမတ် #တက္ကသိုလ်မှထုတ်ပယ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW