ျမရည္နႏၵာတန္ဖိုးနည္းအိမ္ယာမွာ တစ္ရက္တည္း လူကုန္ကူးမႈႏွစ္ခုကို ဖမ္းဆီးရမိ

မႏၲေလး ေအာက္တိုဘာ ၂၂-၂၀၁၉
ျဖဴျဖဴ (VOM)

မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ၊္ ျမရည္နႏၵာတန္ဖိုးနည္းအိမ္ယာမွာ တိုက္ခန္းအတြင္းပိတ္ေလွာင္ၿပီး စင္တင္ေတးဂီတဆိုင္မွာ ျပည့္တန္ဆာအျဖစ္ေစခိုင္းမႈနဲ႔ တ႐ုတ္မယားအျဖစ္ေရာင္းစားခံရမႈတို႔အတြက္ လူကုန္ကူးခံရမႈ ႏွစ္ခုကို ေအာက္တိုဘာ ၁၉ ရက္ေန႔က ဖမ္းဆီးရမိခဲ့တယ္လို႔ အမွတ္ ၁၁ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕စုက သိရပါတယ္။

“ ျပည့္တန္ဆာအျဖစ္ ခိုင္းေစတဲ့အမႈက တိုက္ခန္းမွာပိတ္ခံထားရေတာ့ စာေရးၿပီး သူေလွာင္ပိတ္ခံထားရတယ္၊ ဖုန္းေတြလည္းပိတ္ခံထားရတယ္၊ ဒါက လူကုန္ကူးတာျဖစ္တဲ့အတြက္သက္ဆိုင္ရာတိုင္ေပးပါဆိုၿပီး စာပစ္တဲ့အတြက္ ျပည္သူတစ္ဦးက ၁၉၉ ကိုဖုန္းဆက္တိုင္လာတာပါ။ တ႐ုတ္ေရာင္းခ်မယ့္အမႈက ေအာင္ပင္လယ္စခန္းကေန ခ်ိတ္ဆက္ေဖာ္ထုတ္တာပါ ”လို႔ အမွတ္ (၁၁) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(မႏၲေလး)မွ ရဲမွဴးမ်ိဳးဇင္က ေျပာပါတယ္။

ျမရည္နႏၵာတန္ဖိုးနည္းအိမ္ယာက မမ – ၁၆၊ တိုက္အမွတ္ (၁၃)၊ တိုက္ခန္းတစ္ခုအတြင္းမွာ အမ်ိဳးသမီး သုံးဦးကို ေသာ့ခတ္ ပိတ္ေလွာင္ကာ ျပည့္တန္ဆာအျဖစ္ခိုင္းေစတဲ့အမႈနဲ႔ မမ – ၂၈၊ တိုက္အမွတ္(၁၅) တို႔က တိုက္ခန္းတစ္ခုမွာ တ႐ုတ္ဇနီးမယားအျဖစ္ အမ်ိဳးသမီး ၅ ဦး ေရာင္းစားခံရတဲ့အမႈတို႔ ျဖစ္ပြားခဲ့တာပါ။

လူကုန္ကူးခံရသူေတြထဲမွာ အသက္ ၁၈ ႏွစ္နဲ႔ ၅၅ ႏွစ္အတြင္းအမ်ိဳးသမီးေတြျဖစ္ၿပီး ေတာင္ႀကီး၊ ထီးခ်ိဳင့္ ၊ ရန္ကုန္ၿမိဳ႕နယ္ေတြက ျဖစ္တယ္လို႔လည္း သိရပါတယ္။

အခုျဖစ္ေပၚခဲ့တဲ့အမႈႏွစ္ခုဟာ သီးျခားစီ ျဖစ္ေပၚခဲ့တာျဖစ္ၿပီး ျပည့္တန္ဆာအျဖစ္ လူကုန္ကူးသူ ဦးဆန္းထြန္းနဲ႔ တ႐ုတ္ဇနီးမယားအျဖစ္ လူကုန္ကူးသူ ကိုသီဟ(ခ) သီဟမိုးေအာင္နဲ႔ မ်ိဳးသန႔္(ခ) ကိုစိုင္းတို႔ကို လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄/၃၂ တို႔နဲ႔ အမႈဖြင့္ၿပီး ေအာင္ပင္လယ္ ရဲစခန္းမွာ ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ျပည့္တန္ဆာအျဖစ္ခိုင္းေစမႈနဲ႔ပတ္သက္လို႔ စင္တင္ေတးဂီတက ဝိတ္တာ ၃ ဦးအပါအဝင္ အမႈႏွစ္ခုလုံးအတြက္ ဆက္စပ္တရားခံေတြကို စုံစမ္းေနတယ္လို႔ အမွတ္ ၁၁ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕က သိရပါတယ္။

မႏၲေလးတိုင္းအတြင္းမွာ ၿပီးခဲ့တဲ့ႏွစ္က လူကုန္ကူးမႈ ၂၈ မႈ၊ ဒီႏွစ္ ေအာက္တိုဘာလအထိက ၂၄ မႈေဖာ္ထုတ္ႏိုင္ခဲ့ၿပီး အမ်ားစုက တ႐ုတ္ႏိုင္ငံကိုဦးတည္ၿပီး လူကုန္ကူးၾကတာလို႔ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(မႏၲေလး)ကေန သိရပါတယ္။

#voiceofmyanmar #မႏၲေလး #လူကုန္ကူး #ျမရည္နႏၵာအိမ္ယာ

 

Unicode

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ယာမှာ တစ်ရက်တည်း လူကုန်ကူးမှုနှစ်ခုကို ဖမ်းဆီးရမိ

မန္တလေး အောက်တိုဘာ ၂၂-၂၀၁၉
ဖြူဖြူ (VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ၊် မြရည်နန္ဒာတန်ဖိုးနည်းအိမ်ယာမှာ တိုက်ခန်းအတွင်းပိတ်လှောင်ပြီး စင်တင်တေးဂီတဆိုင်မှာ ပြည့်တန်ဆာအဖြစ်စေခိုင်းမှုနဲ့ တရုတ်မယားအဖြစ်ရောင်းစားခံရမှုတို့အတွက် လူကုန်ကူးခံရမှု နှစ်ခုကို အောက်တိုဘာ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုက သိရပါတယ်။

“ ပြည့်တန်ဆာအဖြစ် ခိုင်းစေတဲ့အမှုက တိုက်ခန်းမှာပိတ်ခံထားရတော့ စာရေးပြီး သူလှောင်ပိတ်ခံထားရတယ်၊ ဖုန်းတွေလည်းပိတ်ခံထားရတယ်၊ ဒါက လူကုန်ကူးတာဖြစ်တဲ့အတွက်သက်ဆိုင်ရာတိုင်ပေးပါဆိုပြီး စာပစ်တဲ့အတွက် ပြည်သူတစ်ဦးက ၁၉၉ ကိုဖုန်းဆက်တိုင်လာတာပါ။ တရုတ်ရောင်းချမယ့်အမှုက အောင်ပင်လယ်စခန်းကနေ ချိတ်ဆက်ဖော်ထုတ်တာပါ ”လို့ အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ ရဲမှူးမျိုးဇင်က ပြောပါတယ်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ယာက မမ – ၁၆၊ တိုက်အမှတ် (၁၃)၊ တိုက်ခန်းတစ်ခုအတွင်းမှာ အမျိုးသမီး သုံးဦးကို သော့ခတ် ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ်ခိုင်းစေတဲ့အမှုနဲ့ မမ – ၂၈၊ တိုက်အမှတ်(၁၅) တို့က တိုက်ခန်းတစ်ခုမှာ တရုတ်ဇနီးမယားအဖြစ် အမျိုးသမီး ၅ ဦး ရောင်းစားခံရတဲ့အမှုတို့ ဖြစ်ပွားခဲ့တာပါ။

လူကုန်ကူးခံရသူတွေထဲမှာ အသက် ၁၈ နှစ်နဲ့ ၅၅ နှစ်အတွင်းအမျိုးသမီးတွေဖြစ်ပြီး တောင်ကြီး၊ ထီးချိုင့် ၊ ရန်ကုန်မြို့နယ်တွေက ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုဖြစ်ပေါ်ခဲ့တဲ့အမှုနှစ်ခုဟာ သီးခြားစီ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ပြည့်တန်ဆာအဖြစ် လူကုန်ကူးသူ ဦးဆန်းထွန်းနဲ့ တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးသူ ကိုသီဟ(ခ) သီဟမိုးအောင်နဲ့ မျိုးသန့်(ခ) ကိုစိုင်းတို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ တို့နဲ့ အမှုဖွင့်ပြီး အောင်ပင်လယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည့်တန်ဆာအဖြစ်ခိုင်းစေမှုနဲ့ပတ်သက်လို့ စင်တင်တေးဂီတက ဝိတ်တာ ၃ ဦးအပါအဝင် အမှုနှစ်ခုလုံးအတွက် ဆက်စပ်တရားခံတွေကို စုံစမ်းနေတယ်လို့ အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က သိရပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့နှစ်က လူကုန်ကူးမှု ၂၈ မှု၊ ဒီနှစ် အောက်တိုဘာလအထိက ၂၄ မှုဖော်ထုတ်နိုင်ခဲ့ပြီး အများစုက တရုတ်နိုင်ငံကိုဦးတည်ပြီး လူကုန်ကူးကြတာလို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)ကနေ သိရပါတယ်။

#voiceofmyanmar #မန္တလေး #လူကုန်ကူး #မြရည်နန္ဒာအိမ်ယာ

 

Related posts

Leave a Comment

VOM News

FREE
VIEW