ရိုဟင္ဂ်ာေတြ ေနရပ္ျပန္လာတယ္ဆိုျပီး ျမန္မာဘက္ကဝါဒျဖန္႔ေနေၾကာင္း ဘဂၤလားေဒ႔ရွ္ ဆို

ဒါကာ၊ ေအာက္တိုဘာ-၂၃-၂၀၁၉
မ်ိဳးဆက္ (VOM)

ေအာက္တိုဘာ ၂၂ ရက္ေန႔က ဘဂၤလားေဒ႔ရွ္က ရိုဟင္ဂ်ာ ၂၉ ဦးေက်ာ္ဟာ ျမန္မာနိုင္ငံဘက္ကို ဆႏၵအေလ်ာက္ ျပန္လည္ဝင္ေရာက္ေနထိုင္ဖို႔ ေရာက္ရိွလာေၾကာင္း ဒါကာရိွျမန္မာသံရံုးရဲ႕ ထုတ္ျပန္ခ်က္ဟာ မမွန္မကန္ ဝါဒါျဖန္႔တာလို႔ ဘဂၤလားေဒ႔ရွ္ ဒုကၡသည္ကယ္ဆယ္ေရးနွင္႔ ျပန္လည္ေနရာခ်ထားေရး (RRRC) ေကာ္မရွင္နာမင္းၾကီး မာဘတ္အလမ္ တာလြတ္ဒါက ဒါကာထရီျဗြန္း သတင္းဌာနကကိုေျပာပါတယ္။

ဘဂၤါလီ ၂၉ ဦးေက်ာ္ဟာ သူတို႔ရဲ႕ဆႏၵအေလ်ာက္ ေတာင္ျပိဳလက္ဝဲ ျပန္လည္လက္ခံေရးစခန္းမွတစ္ဆင္႔ ျမန္မာနိုင္ငံဘက္ကုိ ျပန္လည္ဝင္ေရာက္လာတယ္လို႔ ဒါကာရိွ ျမန္မာသံရံုးရဲ႕ ေဖ႔စ္ဘြတ္ခ္စာမ်က္နွာမွာ ေအာက္တိုဘာ ၂၂ ကေဖာ္ျပခဲ႔ပါတယ္။

ဒါေပမယ္႔ ဒီသတင္းဟာ မွန္ကန္မႈမရိွေၾကာင္းနဲ႔ ျမန္မာနိုင္ငံက ဝါဒျဖန္႔တာလို႔ RRRC ရဲ႕ ေကာ္မရွင္နာမင္းၾကီး ကဆိုပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ျပီး ဘာအခ်က္အလက္မွမရိွေၾကာင္းနဲ႔ ဒုကၡသည္ေတြ ေနရပ္ျပန္ခ်င္ရင္ RRRC နဲ႔ UNHCR တို႔ရဲ႕ လုပ္ငန္းစဥ္အတိုင္းသြားရတာျဖစ္တယ္လို႔ သူကေျပာပါတယ္။

ေကာ႔ဘဇားေဒသမွာရိွတဲ့ ဒုကၡသည္စခန္းေတြမွာ ဒုကၡသည္အျဖစ္ စာရင္းသြင္းထားသူ တစ္ေယာက္မွ ေနရပ္ျပန္တာမ်ိဳးမရိွေၾကာင္းနဲ႔ ျမန္မာနိုင္ငံဟာ ထံုးစံအတိုင္း ဝါဒျဖန္႔တာမ်ိဳး တစ္စိတ္တစ္ပိုင္း လုပ္ေဆာင္တာလို႔ အလမ္ကေျပာပါတယ္။

ျမန္မာအစိုးရဟာ ဘဂၤလားေဒ႔ရွ္အစိုးရနဲ႔ လက္မွတ္ေရးထိုးထားတ႔ဲ နွစ္နုိင္ငံ သေဘာတူစာခ်ဳပ္နဲ႔ အညီ လံုျခံဳစိတ္ခ်၊ ေခ်ာေမြ႔ညင္သာျပီး ေရရွည္လုပ္ေဆာင္မယ္႔ ေနရပ္ျပန္ေရးလုပ္ငန္းစဥ္အတြက္ အေကာင္းဆံုးၾကိဳးပမ္းေနျပီး ကုလသမဂၢအဖြဲ႔အစည္းေတြနဲ႔လည္း အေကာင္းဆံုးပူးေပါင္း လုပ္ေဆာင္ေနတယ္လို႔ ဒါကာရိွ ျမန္မာသံရံုးရဲ႕ ေဖ႔စ္ဘြတ္စာမ်က္နွာမွာ ေဖာ္ျပထားပါတယ္။
ဒါ႔အျပင္ ဘဂၤလားေဒ႔ရွ္ကေန ျမန္မာနိုင္ငံကို ဆႏၵအေလ်ာက္ျပန္တဲ႔ ဘဂၤါလီဦးေရ ၃၅၁ ဦးရိွျပီလို႔ ထုတ္ျပန္ထားျပီး ဒုကၡသည္စခန္းရိွ ဘဂၤါလီေတြဟာ ေနရပ္ျပန္ဖို႔ စိတ္အားထက္သန္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

Ref & Photo : Dhakatribune
#voiceofmyanmar #ရိုဟင္ဂ်ာေတြေနရပ္ျပန္လာတယ္ဆိုျပီး #ျမန္မာဘက္ကဝါဒျဖန္႔ေနေၾကာင္းဘဂၤလားေဒ႔ရွ္ဆို

 

Unicode

ရိုဟင်ဂျာတွေ နေရပ်ပြန်လာတယ်ဆိုပြီး မြန်မာဘက်ကဝါဒဖြန့်နေကြောင်း ဘင်္ဂလားဒေ့ရှ် ဆို

ဒါကာ၊ အောက်တိုဘာ-၂၃-၂၀၁၉
မျိုးဆက် (VOM)

အောက်တိုဘာ ၂၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ၂၉ ဦးကျော်ဟာ မြန်မာနိုင်ငံဘက်ကို ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ရောက်ရှိလာကြောင်း ဒါကာရှိမြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ဟာ မမှန်မကန် ဝါဒါဖြန့်တာလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး (RRRC) ကော်မရှင်နာမင်းကြီး မာဘတ်အလမ် တာလွတ်ဒါက ဒါကာထရီဗြွန်း သတင်းဌာနကကိုပြောပါတယ်။

ဘင်္ဂါလီ ၂၉ ဦးကျော်ဟာ သူတို့ရဲ့ဆန္ဒအလျောက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်ဝင်ရောက်လာတယ်လို့ ဒါကာရှိ မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အောက်တိုဘာ ၂၂ ကဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဒီသတင်းဟာ မှန်ကန်မှုမရှိကြောင်းနဲ့ မြန်မာနိုင်ငံက ဝါဒဖြန့်တာလို့ RRRC ရဲ့ ကော်မရှင်နာမင်းကြီး ကဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာအချက်အလက်မှမရှိကြောင်းနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ချင်ရင် RRRC နဲ့ UNHCR တို့ရဲ့ လုပ်ငန်းစဉ်အတိုင်းသွားရတာဖြစ်တယ်လို့ သူကပြောပါတယ်။

ကော့ဘဇားဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်အဖြစ် စာရင်းသွင်းထားသူ တစ်ယောက်မှ နေရပ်ပြန်တာမျိုးမရှိကြောင်းနဲ့ မြန်မာနိုင်ငံဟာ ထုံးစံအတိုင်း ဝါဒဖြန့်တာမျိုး တစ်စိတ်တစ်ပိုင်း လုပ်ဆောင်တာလို့ အလမ်ကပြောပါတယ်။

မြန်မာအစိုးရဟာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ အညီ လုံခြုံစိတ်ချ၊ ချောမွေ့ညင်သာပြီး ရေရှည်လုပ်ဆောင်မယ့် နေရပ်ပြန်ရေးလုပ်ငန်းစဉ်အတွက် အကောင်းဆုံးကြိုးပမ်းနေပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့လည်း အကောင်းဆုံးပူးပေါင်း လုပ်ဆောင်နေတယ်လို့ ဒါကာရှိ မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ဆန္ဒအလျောက်ပြန်တဲ့ ဘင်္ဂါလီဦးရေ ၃၅၁ ဦးရှိပြီလို့ ထုတ်ပြန်ထားပြီး ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီတွေဟာ နေရပ်ပြန်ဖို့ စိတ်အားထက်သန်တယ်လို့လည်း ဖော်ပြထားပါတယ်။

Ref & Photo : Dhakatribune
#voiceofmyanmar #ရိုဟင်ဂျာတွေနေရပ်ပြန်လာတယ်ဆိုပြီး #မြန်မာဘက်ကဝါဒဖြန့်နေကြောင်းဘင်္ဂလားဒေ့ရှ်ဆို

Related posts

Leave a Comment

VOM News

FREE
VIEW