အေျမာက္တပ္ေျမက်ဳးေက်ာ္တယ္ဆုိၿပီးပဲခူးေရႊေတာင္ကေတာင္သူေတြကုိႏိုင္လြတ္လုံနဲ႔အမႈဖြင့္ 

Zawgyi

ရန္ကုန္- ေအာက္တုိဘာ၂၄- ၂၀၁၉

ကုိးသက္စံ(VOM)

 

ပဲခူးတုိင္းေဒသႀကီးေရႊေတာင္ၿမိဳ႕နယ္အတြင္း၀ါးေတာ၊ဇယ္မ၊မဲေတာ၊ထန္းကုန္း  ေက်းရြာအုပ္စုေတြမွာေနထုိင္တဲ့ေတာင္သူ၁၀ဦးကုိႏုိ္င္ငံသားမ်ားဧ။္ပုဂၢဳိလ္ေရးဆုိင္ရာလြတ္လပ္ခြင့္ႏွင့္လုံၿခံဳေရးကုိအကာအကြယ္ေပးေရးဥပေဒပုဒ္မ(၁၀)နဲ႔အေျမာက္တပ္ကအမႈဖြင့္လိုုက္ျပီလိုု႕ နယ္ေျမရဲစခန္းကသိရပါတယ္။

 

“အမႈဖြင့္ထားတယ္ဆုိတာဟုတ္ပါတယ္၊၂၀ရက္ေန႔ကဖြင့္လုိက္တာပါ၊လူပုဂၢဳိလ္ဆုိင္ရာကာကြယ္ေပးေရးပုဒ္မ(၁၀)နဲ႔ဖြင့္ထားတာပါ  “လုိ႔ေရႊေတာင္ၿမိဳ႕မရဲစခန္းကေျပာပါတယ္။

 

 

ပဲခူးတုိင္းေရႊြေတာင္ၿမိဳ႕နယ္အတြင္းကေက်းရြာေတြက  ေတာင္သူေလးေထာင္ေက်ာ္ကုိစက္တင္ဘာလေနာက္ဆုံးထားၿပီးဖယ္ရွားေပးဖုိ႔အမွတ္(၅၀၉)အေျမာက္တပ္က  စက္တင္ဘာလ၆ရက္ေန႔ကေၾကညာခ်က္ထုတ္ျပန္ထားတာျဖစ္ပါတယ္။ေနရာဖယ္ရွားဖုိ႔ေၾကညာခ်က္ကုိမလုိက္နာပါကဥပေဒအတုိင္းအေရးယူမယ္လုိ႔လည္းေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

 

 

“ကြ်န္ေတာ္တုိ႔ဘိုးဘြားလက္ထက္လြန္ခဲ့တဲ့ႏွစ္၉၀ကတည္းကလုပ္ကိုင္စားေသာက္ခဲ့ၾကတာပါ၊အခုခ်ိန္က်မွေနရာေျပာင္းေရႊ႕ဖုိ႔မလြယ္ပါဘူး၊ေတာင္သူေတြေတာ္ေတာ္မ်ားမ်ားရွိပါတယ္၊ကြ်န္ေတာ္တုိ႔မွာသြားစရာေနရာလည္းမရွိပါဘူး၊လုပ္ကိုင္စားေသာက္ဖို႔လည္းမရွိပါဘူး၊အခုေတာင္သူေတြထဲက၁၀ဦးကုိပုဒ္မ(၁၀)နဲ႔စြဲတယ္၊ရဲစခန္းကစာေတာ့မပုိ႔ေသးဘူး၊ရဲစခန္းကုိသြားေမးမွသိရတယ္လုိ႔”  ေရြေတာင္ေက်ာက္ထံရံေက်းရြာေဒသခံကုိဖုိးတုိးကေျပာပါတယ္။

 

 

ေရႊေတာင္ၿမိဳ႕နယ္အတြင္းေနထုိင္တဲ့ေတာင္သူေတြအေနနဲ႔ဘိုးဘြားအစဥ္အဆက္ဓားမဦးခ်ေနထုိင္ခဲ့တာပါ၊လက္ရွိမွာအဲဒီေဒသအတြင္းေျမဧကရွစ္ေထာင္ေက်ာ္ကုိသိမ္းဆည္းခံထားရတဲ့အေျခအေနေတြနဲ႔ရင္ဆုိင္ေနရတာေၾကာင့္ေတာင္သူေတြကသက္ဆုိင္ရာအဖြဲ႕အစည္းေတြထံစာတင္ထားေပးမယ့္လက္ရွိအခ်ိန္အထိထိေရာက္တဲ့ကူညီေပးမႈေတြမရွိေသးတဲ့အေျခအေနမွာရွိေနေသးတာျဖစ္ပါတယ္။

 

 

“ၿပီးခဲ့တဲ့ရက္ပုိင္းကပဲခူးတုိင္း၀န္ႀကီးခ်ဳပ္ေတာ့လာသြားမယ္သူတပ္နဲ႔ညိွႏႈိင္းမႈလုပ္ေဆာင္ေပးမယ္ဆုိၿပီးေျပာသြားတယ္၊ၿပီးေတာ့တပ္ဧရိယာမွာအေဆာက္အဦေတြမရွိရင္ေတာင္သူကုိျပန္ေပးသင့္တယ္၊ကြ်န္ေတာ္တုိ႔လည္းဒီေနရာေလးမွာပဲလုပ္ကုိင္စားတတ္ၾကတာပါ။ကၽြန္ေတာ္တို႔ကိုႏုိင္ငံေတာ္အႀကီးအကဲေတြကအကူအညီေပးေစခ်င္ပါတယ္”လို႔  ေဒသခံေတာင္သူဦးေအာင္ျမင့္ကေျပာပါတယ္။

 

 

ဒါ့အျပင္ေရြေတာင္ၿမိဳ႕နယ္ဥယ်ာဥ္ေတာင္ယာဖြံ႔ၿဖိဳးတုိးတက္ေရးအသင္းဥကၠ႒ဦးျမင့္၀င္းေမာင္ကေတာင္သူေတြကုိနုိင္လြတ္လုံပုဒ္မ(၁၀)နဲ႔အမႈဖြင့္တာဟာေတာင္သူေတြအတြက္ႀကီးလြန္းတဲ့ဥပေဒပုဒ္မျဖစ္တယ္လို႔ေျပာပါတယ္။

 

 

“ေတာင္သူေတြကစစ္တပ္ကုိဘာမွမလုပ္ပါဘူး၊သူတို႔ေတာင္ယာထဲမွာသူတုိ႔ဘာသာစုိက္ပ်ဳိးတာပါ၊ပုဂၢဳိလ္ေရးဆုိင္ရာဘာတစ္ခုမွမလုပ္ၾကပါဘူး၊ေနာက္တစ္ခုရွိတာကေတာင္သူေတြအမ်ားႀကီးရွိတဲ့အထဲက၁၀ဦးကုိပဲဘာလုိ႔အမႈဖြင့္တာလဲ၊လက္ရွိဖြင့္ထားတဲ့  ပုဒ္မ(၁၀)ကေတာ့ေတာင္သူေတြအတြက္   ႀကီးလြန္းတယ္လို႔ထင္ပါတယ္“ လုိ႔  ဦးျမင့္၀င္းေမာင္ကေျပာပါတယ္။

 

 

အဲဒီေတာင္ယာေတြကုိ၁၉၉၀အလြန္န၀တအစုိးရလက္ထက္ကတည္းကအထက္ဌာနေတြရဲ႕ညႊန္ၾကားခ်က္နဲ႔သိမ္းယူထားတာျဖစ္ေၾကာင္း၅၀၉အေျမာက္တပ္ရဲ႕ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။လက္ရွိမွာေလ်ာ္ေၾကးနစ္နာေၾကးတစ္စုံတစ္ရာမရရွိပဲ  သိမ္းဆည္းခံထားရတဲ့ေတာင္ယာေတြကုိတပ္အေနနဲ႔လုိအပ္သေလာက္ေျမေတြကိုသာသိမ္းယူၿပီးႏိုိင္ငံေတာ္ကိုျပန္လည္အပ္ႏွံေစခ်င္တယ္လို႔ေဒသခံေတြကဆိုပါတယ္။ေျမေတြႏုိင္ငံေတာ္ပုိင္ျဖစ္မွေတာင္သူေတြကုိခြဲတမ္းျပန္ခ်ေပးဖုိ႔  ေဒသခံေတြကေတာင္းဆုိေနၾကတာျဖစ္ပါတယ္။

 

#voiceofmyanmar #ပဲခူး #ေရႊေတာင္ #အေျမွာက္တပ္ #နိုုင္လႊတ္လံုု

Unicode

 

အမြောက်တပ်မြေ ကျုးကျော်တယ်ဆိုပြီး ပဲခူးရွှေတောင်က တောင်သူတွေကို နိုင်လွတ်လုံနဲ့ အမှုဖွင့်

ရန်ကုန်- အောက်တိုဘာ၂၄- ၂၀၁၉
ကိုးသက်စံ(VOM)

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင်း ဝါးတော၊ ဇယ်မ၊မဲတော၊ထန်းကုန်း ကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ တောင်သူ ၁၀ ဦးကို နိုင်ငံသားများဧ။် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံရေးကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀)နဲ့ အမြောက်တပ်က အမှုဖွင့်လိုက်ပြီလို့ နယ်မြေရဲစခန်းကသိရပါတယ်။

“အမှုဖွင့်ထားတယ်ဆိုတာ ဟုတ်ပါတယ် ၊၂၀ ရက်နေ့ကဖွင့်လိုက်တာပါ၊ လူပုဂ္ဂိုလ်ဆိုင်ရာ ကာကွယ်ပေးရေး ပုဒ်မ (၁၀)နဲ့ ဖွင့်ထားတာပါ “လို့ ရွှေတောင်မြို့မ ရဲစခန်းက ပြောပါတယ် ။

ပဲခူးတိုင်းရွှွေတောင်မြို့နယ်အတွင်းက ကျေးရွာတွေက တောင်သူ လေးထောင်ကျော်ကို စက်တင်ဘာလ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အမှတ် (၅၀၉)အမြောက်တပ်က စက်တင်ဘာလ ၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ် ။နေရာဖယ်ရှားဖို့ ကြေညာချက်ကို မလိုက်နာပါက ဥပဒေအတိုင်းအရေးယူမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ် ။

“ကျွန်တော်တို့ဘိုးဘွားလက်ထက်လွန်ခဲ့တဲ့ နှစ် ၉၀ကတည်းက လုပ်ကိုင်စားသောက်ခဲ့ကြတာပါ၊အခုချိန်ကျမှ နေရာပြောင်းရွှေ့ဖို့ မလွယ်ပါဘူး ၊တောင်သူတွေတော်တော်များများရှိပါတယ် ၊ကျွန်တော်တို့မှာ သွားစရာနေရာလည်း မရှိပါဘူး၊လုပ်ကိုင်စားသောက်ဖို့လည်း မရှိပါဘူး ၊အခု တောင်သူတွေထဲက ၁၀ ဦးကို ပုဒ်မ(၁၀)နဲ့ စွဲတယ်၊ရဲစခန်းက စာတော့မပို့သေးဘူး ၊ရဲစခန်းကို သွားမေးမှ သိရတယ်လို့” ရွေတောင်ကျောက်ထံရံ ကျေးရွာ ဒေသခံ ကိုဖိုးတိုးက ပြောပါတယ် ။

ရွှေတောင်မြို့နယ်အတွင်းနေထိုင်တဲ့ တောင်သူတွေအနေနဲ့ ဘိုးဘွားအစဉ်အဆက် ဓားမဦးချ နေထိုင်ခဲ့တာပါ၊ လက်ရှိမှာ အဲဒီဒေသအတွင်း မြေဧက ရှစ်ထောင်ကျော်ကို သိမ်းဆည်းခံထားရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် တောင်သူတွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ စာတင်ထားပေးမယ့် လက်ရှိအချိန်အထိ ထိရောက်တဲ့ ကူညီပေးမှုတွေ မရှိသေးတဲ့ အခြေအနေမှာ ရှိနေသေးတာ ဖြစ်ပါတယ် ။

“ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးတိုင်း ဝန်ကြီးချုပ်တော့လာသွားမယ် သူတပ်နဲ့ ညှိနှိုင်းမှု လုပ်ဆောင်ပေးမယ်ဆိုပြီး ပြောသွားတယ် ၊ပြီးတော့ တပ်ဧရိယာမှာ အဆောက်အဦ တွေမရှိရင် တောင်သူကို ပြန်ပေးသင့်တယ်၊ ကျွန်တော်တို့လည်း ဒီနေရာလေးမှာပဲ လုပ်ကိုင်စားတတ်ကြတာပါ။ ကျွန်တော်တို့ကို နိုင်ငံတော်အကြီးအကဲတွေက အကူအညီပေးစေချင်ပါတယ်” လို့ ဒေသခံတောင်သူဦးအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင် ရွေတောင်မြို့နယ် ဥယျာဉ်တောင်ယာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးမြင့်ဝင်းမောင်က တောင်သူတွေကို နိုင်လွတ်လုံ ပုဒ်မ (၁၀)နဲ့ အမှုဖွင့်တာဟာ တောင်သူတွေအတွက် ကြီးလွန်းတဲ့ ဥပဒေပုဒ်မဖြစ်တယ်လို့ ပြောပါတယ် ။

“တောင်သူတွေက စစ်တပ်ကိုဘာမှမလုပ်ပါဘူး ၊သူတို့တောင်ယာထဲမှာ သူတို့ဘာသာစိုက်ပျိုးတာပါ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာဘာတစ်ခုမှ မလုပ်ကြပါဘူး၊နောက်တစ်ခုရှိတာက တောင်သူတွေအများကြီးရှိတဲ့အထဲက ၁၀ဦးကိုပဲဘာလို့ အမှုဖွင့်တာလဲ ၊လက်ရှိဖွင့်ထားတဲ့ ပုဒ်မ (၁၀)ကတော့ တောင်သူတွေအတွက် ကြီးလွန်းတယ်လို့ ထင်ပါတယ် “ လို့ ဦးမြင့်ဝင်းမောင်က ပြောပါတယ် ။

အဲဒီတောင်ယာတွေကို ၁၉၉၀ အလွန် နဝတ အစိုးရလက်ထက်ကတည်းက အထက်ဌာနတွေရဲ့ ညွှန်ကြားချက်နဲ့ သိမ်းယူထားတာ ဖြစ်ကြောင်း ၅၀၉ အမြောက်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ လျော်ကြေးနစ်နာကြေး တစ်စုံတစ်ရာ မရရှိပဲ သိမ်းဆည်းခံထားရတဲ့ တောင်ယာတွေကို တပ်အနေနဲ့ လိုအပ်သလောက် မြေတွေကိုသာ သိမ်းယူပြီး နိုင်ငံတော်ကို ပြန်လည်အပ်နှံစေချင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မြေတွေ နိုင်ငံတော်ပိုင်ဖြစ်မှ တောင်သူတွေကို ခွဲတမ်းပြန်ချပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။

#voiceofmyanmar #ပဲခူး #ရွှေတောင် #အမြှောက်တပ် #နိုင်လွှတ်လုံ

Related posts

Leave a Comment

VOM News

FREE
VIEW