က်ိဳက္ထီး႐ိုး ေတာင္ေတာ္ကို ေရွးေဟာင္းဇုန္အျဖစ္ သတ္မွတ္ဖို႔ ခက္ခဲေန

Zawgyi

က်ိဳက္ထို ၊ ေအာက္တိုဘာ ၂၉-၂၀၁၉

သူရိန္(VOM)

မြန္ျပည္နယ္၊ သထုံခ႐ိုင္၊ က်ိဳက္ထိုၿမိဳ႕နယ္ရွိ ေရွးေဟာင္း သမိုင္းဝင္ ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုး ေစတီေတာ္ တည္ရွိတဲ့ က်ိဳက္ထီး႐ိုး ေတာင္ေတာ္ကို ေရွးေဟာင္းဇုန္ အျဖစ္ သတ္မွတ္ဖို႔ခက္ခဲ ေနတယ္လို႔မြန္ျပည္နယ္အစိုးရအဖြဲ႕ ဝင္လူမႈေရး ဝန္ႀကီး ေဒါက္တာထိန္လင္းက‌ေျပာပါတယ္။

ေရွးေဟာင္းယဥ္ေက်းမႈဇုန္အျဖစ္ သတ္မွတ္ ၿပီးရင္ ဘုရားျပင္တာတို႔၊ ေ႐ႊခ်တာတို႔၊အဲဒါေတြ လုပ္လို႔မရေတာ့ဘူး ။ေရွးေဟာင္းဘုရားအေနနဲ႔ စည္းကမ္းခ်က္ထဲမွာ အဲဒါေတြပါတယ္ ။ေဂါပက အဖြဲ႕ေတြေရာ ၊ အဲဒီက လုပ္ငန္းရွင္ေတြေရာ ၊ ဟိုတယ္ပိုင္ရွင္ ေတြေရာ ၊ ေစ်းသည္ေတြေရာ အားလုံးကို ဒီစည္းကမ္းခ်က္ေတြကိုရွင္းျပရမယ္ ၊ စည္းကမ္းေဖာက္ဖ်က္ရင္ေတာ့ ဥပေဒ အရ အေရးယူတာတို႔ ဘာတို႔ရွိလာလိမ့္မယ္လို႔ ဝန္ႀကီး ေဒါက္တာထိန္လင္းက‌ေျပာပါတယ္။

 

ဒီေနရာကိုမြန္ျပည္နယ္ အစိုးရက ေရွးေဟာင္း ယဥ္ေက်းမႈအေမြအႏွစ္ဇုန္ အျဖစ္သတ္မွတ္ ျပ႒ာန္း ဖို႔ အစီအစဥ္ ရွိေပမယ့္ ေရွးေဟာင္းယဥ္ေက်းမႈဇုန္ အျဖစ္ သတ္မွတ္ဖို႔က ခက္ခဲေနၿပီး လက္ရွိမွာ က်ိဳက္ထီး႐ိုးေတာင္ကို ကာကြယ္ထိန္းသိမ္းထားႏိုင္ဖို႔အခ်ိန္ယူ ဆက္လက္ ညႇိႏႈိင္း လုပ္ေဆာင္သြားမယ္လို႔သိရပါတယ္။

ေရွးေဟာင္းဇုန္အျဖစ္ႀကိဳးစားေနတာေတာ့ၾကာပါၿပီ။ ဟိုးတုန္းကတည္းကႀကိဳးစားေနတာ ။ ကြၽန္ေတာ္တို႔ဆီမွာ ေရွးေဟာင္းပစၥည္းနဲ႔ပက္သက္ရင္ ေက်ာက္လုံးေတာ္ႀကီးတခုဘဲရွိပါတယ္။ ေတြကအားလုံးျပဳျပဳင္တာေတြႀကီးဘဲျဖစ္ေနပါတယ္။ ေရွးေဟာင္းဇုန္သတ္မွတ္လိုက္ရင္ဘုရားဖူးလာတဲ့သူေတြ ၊ ေ႐ႊသကၤန္းကပ္ တဲ့သူေတြက ဘုရားဖူးအာ႐ုံေတြေလ်ာ့သြားႏိုင္တယ္။ ဒါေၾကာင့္ ေရွးေဟာင္းယဥ္ေက်းမႈထိန္းသိမ္းေရးဇုန္အေနနဲ႔ ယတိျပတ္ သတ္မွတ္လို႔မရဘူး။ ‌ေရွးေဟာင္းဆိုလို႕ ေက်ာက္လုံးေတာ္ပဲရွိတယ္ ။ ေစတီေတာင္မွျပန္ျပဳျပင္ထားတာျဖစ္ေနတယ္ဟုက်ိဳက္ထီး႐ိုးေစတီေတာ္ ေဂါပကအဖြဲ႕ဦးေက်ာ္ဝင္းလႈိင္ကေျပာပါတယ္။

 

ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုး ေစတီေတာ္ႀကီးကို လုံးေတာ္ျပည့္ ေ႐ႊသကၤန္း ကပ္လႉတာနဲ႔ဘုရား ထီးတင္တာကို ဘုရား ေဂါပက အဖြဲ႕ ဝင္ေတြက သုံးႏွစ္ တစ္ႀကိမ္ျပဳလုပ္ေနၿပီး ေရွးေဟာင္း ယဥ္ေက်းမႈဇုန္အျဖစ္ သတ္မွတ္ၿပီးရင္ ေရွးေဟာင္း ယဥ္ေက်းမႈ ဇုန္ စည္းကမ္း ခ်က္‌ေတြအရ ေရွးေဟာင္းဘုရားေတြ ျပန္လည္ ျပဳျပင္တာကို ခြင့္ျပဳခ်က္ယူရမွာျဖစ္သလို ဆႏၵအေလ်ာက္ ျပဳျပင္မႈေတြလုပ္လို႔ရေတာ့မွာမဟုတ္ပါဘူး။

က်ိဳက္ထိုၿမိဳ႕မွာ တည္ရွိတဲ့Golden Rockလို႔ ႏိုင္ငံ တကာက တင္စား ေခၚေဝၚတဲ့ ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုး ဘုရားက က်ိဳက္ထီး႐ိုး သဘာဝ ႀကိဳးဝိုင္းေတာ ေျမဧရိယာ ၃၈၆၀၆ ဧက ေပၚမွာတည္ရွိၿပီး သယံဇာတနဲ႔ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနက စီမံပိုင္ခြင့္ သစ္ေတာေျမေပၚမွာ တည္ရွိပါတယ္။

ဒီ ေျမထဲက ၆၆၉၂ ဧကကို သာသနာ့ နယ္ေျမ အျဖစ္ သတ္မွတ္ထားၿပီးသာသနာ့ နယ္ေျမ ေပၚမွာ ေစတီပုထိုး ၁၆ ဆူ ၊ ဘုန္းေတာ္ႀကီး ေက်ာင္း ၃၃ ေက်ာင္း ၊ ဌာနဆိုင္ရာ ႏွင့္ အျခားအေဆာက္အအုံ ၄၁ ခု ၊ အလႉခံ မ႑ာပ္ ၁၂ ခု ၊ ရင္ျပင္ေတာ္ ဧရိယာ အတြင္းရွိ ဘုန္းႀကီးေက်ာင္း ၊ တည္းခိုေဆာင္ ၊ ေစ်းဆိုင္ ၉၁ ခု ၊ အျခားလူေနအိမ္ ႏွင့္ ေစ်းဆိုင္ခန္းမ်ား ၉၉၁ ခုရွိတယ္လို႔သိရပါတယ္။

ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုး ေစတီေတာ္ကို ယဥ္ေက်းမႈဝန္ႀကီးဌာနက အမိန႔္ ေၾကျငာစာ အမွတ္ (၄/၉၉) နဲ႔ ၁၉၉၉ ခုႏွစ္ ေအာက္တိုဘာလ ၁၁ ရက္က ကာကြယ္ထိန္းသိမ္း ထားေသာ ဇုန္ အျဖစ္ တရားဝင္သတ္မွတ္ ေၾကျငာခဲ့ၿပီးေနာက္ လက္ရွိမွာ ဒီအတိုင္း ဆက္လက္ သတ္မွတ္ထားပါတယ္။

#voicofmyanmar #က်ိဳက္ထီးရိုုး #ေရွးေဟာင္းဇုုန္

Unicode

 

ကျိုက်ထီးရိုး တောင်တော်ကို ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ဖို့ ခက်ခဲနေ

 

ကျိုက်ထို ၊ အောက်တိုဘာ ၂၉-၂၀၁၉

သူရိန်(VOM)

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် တည်ရှိတဲ့ ကျိုက်ထီးရိုး တောင်တော်ကို ရှေးဟောင်းဇုန် အဖြစ် သတ်မှတ်ဖို့ခက်ခဲ နေတယ်လို့မွန်ပြည်နယ်အစိုးရအဖွဲ့ ဝင်လူမှုရေး ဝန်ကြီး ဒေါက်တာထိန်လင်းက‌ပြောပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ် ပြီးရင် ဘုရားပြင်တာတို့၊ ရွှေချတာတို့၊အဲဒါတွေ လုပ်လို့မရတော့ဘူး ။ရှေးဟောင်းဘုရားအနေနဲ့ စည်းကမ်းချက်ထဲမှာ အဲဒါတွေပါတယ် ။ဂေါပက အဖွဲ့တွေရော ၊ အဲဒီက လုပ်ငန်းရှင်တွေရော ၊ ဟိုတယ်ပိုင်ရှင် တွေရော ၊ ဈေးသည်တွေရော အားလုံးကို ဒီစည်းကမ်းချက်တွေကိုရှင်းပြရမယ် ၊ စည်းကမ်းဖောက်ဖျက်ရင်တော့ ဥပဒေ အရ အရေးယူတာတို့ ဘာတို့ရှိလာလိမ့်မယ်လို့ ဝန်ကြီး ဒေါက်တာထိန်လင်းက‌ပြောပါတယ်။

ဒီနေရာကိုမွန်ပြည်နယ် အစိုးရက ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဇုန် အဖြစ်သတ်မှတ် ပြဋ္ဌာန်း ဖို့ အစီအစဉ် ရှိပေမယ့် ရှေးဟောင်းယဉ်ကျေးမှုဇုန် အဖြစ် သတ်မှတ်ဖို့က ခက်ခဲနေပြီး လက်ရှိမှာ ကျိုက်ထီးရိုးတောင်ကို ကာကွယ်ထိန်းသိမ်းထားနိုင်ဖို့အချိန်ယူ ဆက်လက် ညှိနှိုင်း လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ရှေးဟောင်းဇုန်အဖြစ်ကြိုးစားနေတာတော့ကြာပါပြီ။ ဟိုးတုန်းကတည်းကကြိုးစားနေတာ ။ ကျွန်တော်တို့ဆီမှာ ရှေးဟောင်းပစ္စည်းနဲ့ပက်သက်ရင် ကျောက်လုံးတော်ကြီးတခုဘဲရှိပါတယ်။ တွေကအားလုံးပြုပြုင်တာတွေကြီးဘဲဖြစ်နေပါတယ်။ ရှေးဟောင်းဇုန်သတ်မှတ်လိုက်ရင်ဘုရားဖူးလာတဲ့သူတွေ ၊ ရွှေသင်္ကန်းကပ် တဲ့သူတွေက ဘုရားဖူးအာရုံတွေလျော့သွားနိုင်တယ်။ ဒါကြောင့် ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးဇုန်အနေနဲ့ ယတိပြတ် သတ်မှတ်လို့မရဘူး။ ‌ရှေးဟောင်းဆိုလို့ ကျောက်လုံးတော်ပဲရှိတယ် ။ စေတီတောင်မှပြန်ပြုပြင်ထားတာဖြစ်နေတယ်ဟုကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဦးကျော်ဝင်းလှိုင်ကပြောပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူတာနဲ့ဘုရား ထီးတင်တာကို ဘုရား ဂေါပက အဖွဲ့ ဝင်တွေက သုံးနှစ် တစ်ကြိမ်ပြုလုပ်နေပြီး ရှေးဟောင်း ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ပြီးရင် ရှေးဟောင်း ယဉ်ကျေးမှု ဇုန် စည်းကမ်း ချက်‌တွေအရ ရှေးဟောင်းဘုရားတွေ ပြန်လည် ပြုပြင်တာကို ခွင့်ပြုချက်ယူရမှာဖြစ်သလို ဆန္ဒအလျောက် ပြုပြင်မှုတွေလုပ်လို့ရတော့မှာမဟုတ်ပါဘူး။

ကျိုက်ထိုမြို့မှာ တည်ရှိတဲ့Golden Rockလို့ နိုင်ငံ တကာက တင်စား ခေါ်ဝေါ်တဲ့ ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားက ကျိုက်ထီးရိုး သဘာဝ ကြိုးဝိုင်းတော မြေဧရိယာ ၃၈၆၀၆ ဧက ပေါ်မှာတည်ရှိပြီး သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက စီမံပိုင်ခွင့် သစ်တောမြေပေါ်မှာ တည်ရှိပါတယ်။

ဒီ မြေထဲက ၆၆၉၂ ဧကကို သာသနာ့ နယ်မြေ အဖြစ် သတ်မှတ်ထားပြီးသာသနာ့ နယ်မြေ ပေါ်မှာ စေတီပုထိုး ၁၆ ဆူ ၊ ဘုန်းတော်ကြီး ကျောင်း ၃၃ ကျောင်း ၊ ဌာနဆိုင်ရာ နှင့် အခြားအဆောက်အအုံ ၄၁ ခု ၊ အလှူခံ မဏ္ဍာပ် ၁၂ ခု ၊ ရင်ပြင်တော် ဧရိယာ အတွင်းရှိ ဘုန်းကြီးကျောင်း ၊ တည်းခိုဆောင် ၊ ဈေးဆိုင် ၉၁ ခု ၊ အခြားလူနေအိမ် နှင့် ဈေးဆိုင်ခန်းများ ၉၉၁ ခုရှိတယ်လို့သိရပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့် ကြေငြာစာ အမှတ် (၄/၉၉) နဲ့ ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်က ကာကွယ်ထိန်းသိမ်း ထားသော ဇုန် အဖြစ် တရားဝင်သတ်မှတ် ကြေငြာခဲ့ပြီးနောက် လက်ရှိမှာ ဒီအတိုင်း ဆက်လက် သတ်မှတ်ထားပါတယ်။

#voicofmyanmar #ကျိုက်ထီးရိုး #ရှေးဟောင်းဇုန်

Related posts

Leave a Comment

VOM News

FREE
VIEW