ပါကစၥတန္မွာ မီးရထားတစ္စင္း ေပါက္ကြဲမီးေလာင္လို႔ လူ ၆၄ ဦးေသဆံုး

အစၥလာမၼာဘတ္၊ ေအာက္တိုဘာ ၃၁-၂၀၁၉
မ်ိဳးဆက္ (VOM)

ပါကစၥတန္နိုင္ငံမွာ ျမိဳ႕ေတာ္ကရာခ်ိကေန ရဝယ္ပင္ဒီျမိဳ႔ကို ခုတ္ေမာင္းေနတဲ႔ ရထားတစ္စင္း မီးေလာင္ကြ်မ္းမႈေၾကာင္႔ လူ ၆၄ ဦးထက္မနည္းေသဆံုးသြားပါတယ္။

မီးေလာင္ကြ်မ္းမႈဟာ ခရီးသည္ေတြက မနက္စာခ်က္ျပဳတ္ဖို႔ ဓါတ္ေငြ႔မီးဖိုေတြ အသံုးျပဳရာကေန ေပါက္ကြဲမႈျဖစ္ျပီး စတင္ခဲ႔တာျဖစ္တယ္လို႔ ပါကစၥတန္ ရထားဝန္ၾကီး ရိွတ္ရာရွစ္အာမက္က ေျပာပါတယ္။ ခ်က္ျပဳတ္ေနတဲ႔ ဂတ္စ္မီးဖို နွစ္လံုးေပါက္ကြဲမႈျဖစ္ပြားျပီး ခ်က္ျပဳတ္ေနတဲ႔ ဆီေတြေၾကာင္႔ မီးေလာင္မႈပိုဆိုး၀ါးေစခဲ႔တယ္လို႔ သူကေျပာပါတယ္။

ခရီးသည္ေတြဟာ ရထားနဲ႔ ခရီးရွည္သြားရာမွာ အစားအစာခ်က္ျပဳတ္ဖို႔အတြက္ ဂတ္စ္မီးဖိုေတြကို ခိုးေၾကာင္ခိုးဝွက္သယ္ေဆာင္လာၾကတာက အဓိက ျပသနာတစ္ရပ္ျဖစ္တယ္လို႔ အာမက္ကေျပာပါတယ္။

မီးဟာ ရထားတြဲသံုးတြဲအထိ ေလာင္ကြ်မ္းပ်က္စီးသြားျပီး ေသဆံုးသူအမ်ားစုဟာ မီးေလာင္ေနတဲ႔ရထားေပၚကေန ခုန္ခ်ဖို႔ ၾကိဳးစားရာက ေသဆံုးသြားၾကတာလို႔ ေဒသဆိုင္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။

မီးေလာင္မႈေၾကာင္႔ လူ ၃၀ ထက္မနည္းဒါဏ္ရာရရိွသြားျပီး ေသဆံုးသူအေရအတြက္ ျမင္႔တက္လာနိုင္တယ္လို႔ တာဝန္ရိွသူေတြက ေျပာပါတယ္။

ခရီးသည္အမ်ားစုဟာ မြတ္စလင္သာသနာျပဳလႈပ္ရွားမႈအဖြဲ႔က စီစဥ္တဲ႔ ညီလာခံတစ္ခုကို တက္ေရာက္ဖို႔ သြားၾကသူေတြလို႔ မီးရထားဝန္ၾကီးက ေျပာပါတယ္။

Ref : BBC Photo : Pakistantoday
#voiceofmyanmar #ပါကစၥတန္ #မီးရထားမီးေလာင္

 

Unicode

ပါကစ္စတန်မှာ မီးရထားတစ်စင်း ပေါက်ကွဲမီးလောင်လို့ လူ ၆၄ ဦးသေဆုံး

အစ္စလာမ္မာဘတ်၊ အောက်တိုဘာ ၃၁-၂၀၁၉
မျိုးဆက် (VOM)

ပါကစ္စတန်နိုင်ငံမှာ မြို့တော်ကရာချိကနေ ရဝယ်ပင်ဒီမြို့ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်း မီးလောင်ကျွမ်းမှုကြောင့် လူ ၆၄ ဦးထက်မနည်းသေဆုံးသွားပါတယ်။

မီးလောင်ကျွမ်းမှုဟာ ခရီးသည်တွေက မနက်စာချက်ပြုတ်ဖို့ ဓါတ်ငွေ့မီးဖိုတွေ အသုံးပြုရာကနေ ပေါက်ကွဲမှုဖြစ်ပြီး စတင်ခဲ့တာဖြစ်တယ်လို့ ပါကစ္စတန် ရထားဝန်ကြီး ရှိတ်ရာရှစ်အာမက်က ပြောပါတယ်။ ချက်ပြုတ်နေတဲ့ ဂတ်စ်မီးဖို နှစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ချက်ပြုတ်နေတဲ့ ဆီတွေကြောင့် မီးလောင်မှုပိုဆိုးဝါးစေခဲ့တယ်လို့ သူကပြောပါတယ်။

ခရီးသည်တွေဟာ ရထားနဲ့ ခရီးရှည်သွားရာမှာ အစားအစာချက်ပြုတ်ဖို့အတွက် ဂတ်စ်မီးဖိုတွေကို ခိုးကြောင်ခိုးဝှက်သယ်ဆောင်လာကြတာက အဓိက ပြသနာတစ်ရပ်ဖြစ်တယ်လို့ အာမက်ကပြောပါတယ်။

မီးဟာ ရထားတွဲသုံးတွဲအထိ လောင်ကျွမ်းပျက်စီးသွားပြီး သေဆုံးသူအများစုဟာ မီးလောင်နေတဲ့ရထားပေါ်ကနေ ခုန်ချဖို့ ကြိုးစားရာက သေဆုံးသွားကြတာလို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်မှုကြောင့် လူ ၃၀ ထက်မနည်းဒါဏ်ရာရရှိသွားပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခရီးသည်အများစုဟာ မွတ်စလင်သာသနာပြုလှုပ်ရှားမှုအဖွဲ့က စီစဉ်တဲ့ ညီလာခံတစ်ခုကို တက်ရောက်ဖို့ သွားကြသူတွေလို့ မီးရထားဝန်ကြီးက ပြောပါတယ်။

Ref : BBC Photo : Pakistantoday
#voiceofmyanmar #ပါကစ္စတန် #မီးရထားမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW