အစိုးရ ေရာင္းခ်ေပးမယ့္ ေျမေလ်ွာက္လႊာဖိုး က်ပ္သန္း ၁၀၀ ေက်ာ္႐ွိေန

ရန္ကုန္ ေအာက္တိုဘာ ၃၁-၂၀၁၉
သိဂီ ၤ(VOM)

ရန္ကုန္အစိုးရက ပထမအသုတ္ ေရာင္းခ်ေပးမယ့္ ေျမကြက္ ၅၀၀ ေက်ာ္အတြက္ ေျမအသုံးျပဳခြင့္ေလ်ွာက္လႊာဝယ္ယူသူေပါင္း ၁၀၀၀၀ ေက်ာ္ရွိလာတာေႀကာင့္ ေလ်ွာက္လႊာေရာင္းရေငြ က်ပ္သန္း ၁၀၀ ေက်ာ္ ရရွိထားၿပီျဖစ္တယ္လို႕ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကေန သိရပါတယ္။

” ေရာင္းမယ့္ေျမက နည္းတယ္ ေလ်ွာက္လႊာေရာင္းအားကမ်ားေနတယ္ ငါတို႕ရမွရပါ့မလား ဆိုျပီး အေတြးရွိေနတာေပါ့ ။မပူပါနဲ႕ ပထမအသုတ္ေနနဲ႕ ေျမကြက္ ၅၀၀ ေက်ာ္ေရာင္းေပးမယ္ ျပိးရင္ ဒုတိယအသုတ္ နဲ႕တတိယအသုတ္ လည္း ေရာင္းေပးဖို့ ထပ္စီစဥ္ထားပါတယ္။စီစဥ္ထားတဲ႕အတြက္ ပထမအသုတ္မွာ မရလိုက္တဲ႕သူေတြက အဲ႕ဒီေလ်ွာက္လႊာမွာ စာရင္းနံပါတ္ရွိတယ္ အဲ႕ဒီနံပါတ္အတိုင္း ဒုတိယအသုတ္ နဲ႕ႀတတိယအသုတ္ေရာင္းတဲ႕အခါမွာ နံပါတ္နဲ႕ proposal တင္နိုင္ပါတယ္။တတ္နိုင္သေလာက္ရနိုင္သေရြ႕ေတာ့ေရာင္းေပးမွာပါ” လို႕ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴးျဖစ္သူ ဦးသန္းကေျပာပါတယ္။

ဒုတိယအသုတ္နဲ႕တတိယအသုတ္ ေရာင္းခ်ေပးမယ့္ ေျမကြက္က ၁၀၀၀၀ ဝန္းက်ငိရွိၿပီး ဒုတိယအသုတ္အေနနဲ႔ ေျမာင္းတကာစက္မွုဇုန္ မွာ စက္မွုေျမကြက္ ေဖာ္ထုတ္ထားတဲ့ အကြက္ေတြကို ေရာင္းခ်ဖို႕စီစဥ္ထားတယ္လို႔ သိရပါတယ္။

တတိယအသုတ္အေနနဲ႔က ဒဂုံဆိပ္ကမ္းနဲ႔ ဒဂုံအေရွ႕မွာ အရင္ စံျပစိုက္ပ်ိဳးေရးဇုန္ႀကီးေတြအျဖစ္ သတ္မွတ္ခဲ့တဲ႕ ေျမဧက ၉၃၀၀ ဟာ ခုခ်ိန္ထိ ေအာင္ျမင္မွုမရွိတဲ့အတြက္ ၈ဝ ရာခိုင္ႏွုန္းကို အစိုးရက ျပန္ယူျပီး ၂ဝ ရာခိုင္ႏွုန္းကို ကုမၸဏီေတြထံ ျပန္လည္ေပးေလ်ာ္ကာ အဲ့ဒီေျမေတြေပၚမွာ လူေနဇုန္ေတြ၊ စီးပြားေရးဇုန္ေတြ၊ စက္မွုဇုန္ေတြ ျပန္လည္အေကာင္အထည္ေဖာ္နိုင္ဖို႔အတြက္ ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။

“ေလ်ွာက္လႊာ ခုထိမဝယ္ရေသးဘူး။ ေဘာ္ဒါဝယ္လာတာေတာ့ ျကည့္လိုက္ရတယ္။ အဓိက အစိုးရဘယ္လ္ုိစီမံခန့္ခြဲမလဲ အဓိကက်တယ္။ တကယ္လိုအပ္သူေတြ ခ်ေပးဖို့ လိုအပ္တယ္ ” လို႕ ကမာရြတ္ျမိဳ႕နယ္ေန ကိုထြန္းေဇာ္ဦးက ေျပာပါတယ္။

ဒါ့အျပင္ ေျမကြက္ေလ်ွာက္လႊာေတြကို တစ္ေစာင္ ၁၀၀၀၀ က်ပ္နဲ႕ေရာင္းခ်တာဟာ ေျမကြက္အေပၚတန္ဖိုးထားေစလိုတဲ့ ရည္ရြယ္ခ်က္သာျဖစ္ၿပီး လက္ရွိမွာေတာ့ ေျမကြက္ေလ်ွာက္လႊာေရာင္းခ်ရေငြ က်ပ္သိန္း ၁၀၀၀ ေက်ာ္ရ ရွိေနတာျဖစ္ပါတယ္။

ေျမအသုံးျပဳခြင့္ေလ်ွာက္လႊာေတြကိုေတာ့ ခုလေအာက္တိုဘာ ၇ ရက္ေန့ကတည္းက စတင္ေရာင္းခ်ခဲ႕တာျဖစ္ျပီး သတ္မွတ္ကာလျဖစ္တဲ႕နိုဝင္ဘာ ၈ ထိ ဆက္လက္ေရာင္းခ်မွာျဖစ္တယ္လို႕သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေျမကြက္ေလ်ွာက္လႊာ

 

Unicode

အစိုးရ ရောင်းချပေးမယ့် မြေလျှောက်လွှာဖိုး ကျပ်သန်း ၁၀၀ ကျော်ရှိနေ

ရန်ကုန် အောက်တိုဘာ ၃၁-၂၀၁၉
သိဂီ ၤ(VOM)

ရန်ကုန်အစိုးရက ပထမအသုတ် ရောင်းချပေးမယ့် မြေကွက် ၅၀၀ ကျော်အတွက် မြေအသုံးပြုခွင့်လျှောက်လွှာဝယ်ယူသူပေါင်း ၁၀၀၀၀ ကျော်ရှိလာတာကြောင့် လျှောက်လွှာရောင်းရငွေ ကျပ်သန်း ၁၀၀ ကျော် ရရှိထားပြီဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

” ရောင်းမယ့်မြေက နည်းတယ် လျှောက်လွှာရောင်းအားကများနေတယ် ငါတို့ရမှရပါ့မလား ဆိုပြီး အတွေးရှိနေတာပေါ့ ။မပူပါနဲ့ ပထမအသုတ်နေနဲ့ မြေကွက် ၅၀၀ ကျော်ရောင်းပေးမယ် ပြိးရင် ဒုတိယအသုတ် နဲ့တတိယအသုတ် လည်း ရောင်းပေးဖို့ ထပ်စီစဉ်ထားပါတယ်။စီစဉ်ထားတဲ့အတွက် ပထမအသုတ်မှာ မရလိုက်တဲ့သူတွေက အဲ့ဒီလျှောက်လွှာမှာ စာရင်းနံပါတ်ရှိတယ် အဲ့ဒီနံပါတ်အတိုင်း ဒုတိယအသုတ် နဲ့တြတိယအသုတ်ရောင်းတဲ့အခါမှာ နံပါတ်နဲ့ proposal တင်နိုင်ပါတယ်။တတ်နိုင်သလောက်ရနိုင်သရွေ့တော့ရောင်းပေးမှာပါ” လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးသန်းကပြောပါတယ်။

ဒုတိယအသုတ်နဲ့တတိယအသုတ် ရောင်းချပေးမယ့် မြေကွက်က ၁၀၀၀၀ ဝန်းကျငိရှိပြီး ဒုတိယအသုတ်အနေနဲ့ မြောင်းတကာစက်မှုဇုန် မှာ စက်မှုမြေကွက် ဖော်ထုတ်ထားတဲ့ အကွက်တွေကို ရောင်းချဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

တတိယအသုတ်အနေနဲ့က ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံအရှေ့မှာ အရင် စံပြစိုက်ပျိုးရေးဇုန်ကြီးတွေအဖြစ် သတ်မှတ်ခဲ့တဲ့ မြေဧက ၉၃၀၀ ဟာ ခုချိန်ထိ အောင်မြင်မှုမရှိတဲ့အတွက် ၈ဝ ရာခိုင်နှုန်းကို အစိုးရက ပြန်ယူပြီး ၂ဝ ရာခိုင်နှုန်းကို ကုမ္ပဏီတွေထံ ပြန်လည်ပေးလျော်ကာ အဲ့ဒီမြေတွေပေါ်မှာ လူနေဇုန်တွေ၊ စီးပွားရေးဇုန်တွေ၊ စက်မှုဇုန်တွေ ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့အတွက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

“လျှောက်လွှာ ခုထိမဝယ်ရသေးဘူး။ ဘော်ဒါဝယ်လာတာတော့ ကြည့်လိုက်ရတယ်။ အဓိက အစိုးရဘယ်လိုစီမံခန့်ခွဲမလဲ အဓိကကျတယ်။ တကယ်လိုအပ်သူတွေ ချပေးဖို့ လိုအပ်တယ် ” လို့ ကမာရွတ်မြို့နယ်နေ ကိုထွန်းဇော်ဦးက ပြောပါတယ်။

ဒါ့အပြင် မြေကွက်လျှောက်လွှာတွေကို တစ်စောင် ၁၀၀၀၀ ကျပ်နဲ့ရောင်းချတာဟာ မြေကွက်အပေါ်တန်ဖိုးထားစေလိုတဲ့ ရည်ရွယ်ချက်သာဖြစ်ပြီး လက်ရှိမှာတော့ မြေကွက်လျှောက်လွှာရောင်းချရငွေ ကျပ်သိန်း ၁၀၀၀ ကျော်ရ ရှိနေတာဖြစ်ပါတယ်။

မြေအသုံးပြုခွင့်လျှောက်လွှာတွေကိုတော့ ခုလအောက်တိုဘာ ၇ ရက်နေ့ကတည်းက စတင်ရောင်းချခဲ့တာဖြစ်ပြီး သတ်မှတ်ကာလဖြစ်တဲ့နိုဝင်ဘာ ၈ ထိ ဆက်လက်ရောင်းချမှာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #မြေကွက်လျှောက်လွှာ

Related posts

Leave a Comment

VOM News

FREE
VIEW