အိမ္ေထာင္ရိွအမ်ိဳးသမီးနဲ႔ ေဖာက္ျပန္တဲ႔အင္ဒိုနီးရွားအမ်ိဳးသားတစ္ဦး လူျမင္ကြင္းမွာ ရိုက္နွက္အျပစ္ေပးခံရ

ဂ်ကာတာ၊ နိုဝင္ဘာ ၁-၂၀၁၉
မ်ိဳးဆက္ (VOM)

အင္ဒိုနီးရွားနိုင္ငံမွာ အိမ္ေထာင္ေရးေဖာက္ျပန္တာေတြကို တင္းၾကပ္ဖို႔ဥပေဒေရးဆြဲေရးမွာ ကူညီေနတဲ႔အဖြဲ႔မွ အမ်ိဳးသားတစ္ဦးဟာ လက္ထပ္ျပီးသားအမ်ိဳးသမီးတစ္ဦးနဲ႔ အတူေဖာက္ျပန္ ဆက္ဆံေနထိုင္တာကို ဖမ္းမိျပီးေနာက္ လူျမင္ကြင္းမွာ ရိုက္နွက္ခံခဲ႔ရပါတယ္။

Aceh Ulema Council (MPU) မွ မူခလစ္ဘင္မူဟာမက္ ၂၈ ခ်က္အရိုက္ခံခဲ႔ရျပီး သူနဲ႔ပတ္သက္ခဲ႔တဲ႔ အမ်ိဳးသမီးကေတာ႔ ၂၃ ခ်က္အရိုက္ခံခဲ႔ရပါတယ္။

မူခလစ္ဟာ အလြန္ေရွးရိုးစြဲဆန္တဲ႔ အာေခ်းျပည္နယ္ကျဖစ္ျပီး အဲဒီေဒသဟာ တင္းၾကပ္တဲ႔ အစၥလာမ္မစ္ဥပေဒျဖစ္တဲ႔ ရွာရီယာဥပေဒကို က်င္႔သံုးတဲ႔ အင္ဒိုနီးရွားနုိင္ငံရဲ႕ တစ္ခုတည္းေသာ ေနရာျဖစ္ပါတယ္။

လိင္တူဆက္ဆံတာေတြနဲ႔ ေလာင္းကစားျပဳသူေတြကို အာေခ်းေဒသက လူျမင္ကြင္းမွာ အျပစ္ေပးေလ႔ရိွပါတယ္။ ယင္းမွာ ဘုရားသခင္၏ ဥပေဒျဖစ္ျပီး Aceh Ulema Council (MPU) အဖြဲ႔၀င္ျဖစ္ေနရင္ေတာင္ အျပစ္ရိွေၾကာင္း သက္ေသျပနုိင္ရင္ ဘယ္သူမဆို အျပစ္ေပးခံရမယ္လို႔ အာေခ်းဘီဆာခရိုင္က ဒုတိယျမိဳ႕ေတာ္၀န္ ဟူဆာနီဝါဟက္ကေျပာပါတယ္။

မူခလစ္ကို ရိုက္နွက္အျပစ္ေပးတာကို ေအာက္တိုဘာ ၃၁ ရက္မွာလုပ္ခဲ႔တာျဖစ္ျပီး သူ႔ကို Aceh Ulema Council (MPU) ကေနလည္း ထုတ္ပယ္သြားမယ္လို႔ ဆိုပါတယ္။

အသက္ ၄၆ နွစ္အရြယ္ မူခလစ္ဟာ ဘာသာေရးေခါင္းေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။ သူဟာ ၂၀၀၅ ခုနွစ္မွာ ရွာရီယာဥပေဒကို အာေခ်းျပည္နယ္မွာ စတင္က်င္႔သံုးျပီးကတည္းက လူျမင္ကြင္းမွာ ရိုက္နွက္အျပစ္ေပးခံရတဲ႔ ပထမဆံုး ဘာသာေရးေခါင္းေဆာင္ျဖစ္ပါတယ္။

Ref : BBC Photo : AFP
#voiceofmyanmar #ဂ်ကာတာ #အမ်ိဳးသားတစ္ဦး #အျပစ္ေပးခံရ

 

Unicode

အိမ်ထောင်ရှိအမျိုးသမီးနဲ့ ဖောက်ပြန်တဲ့အင်ဒိုနီးရှားအမျိုးသားတစ်ဦး လူမြင်ကွင်းမှာ ရိုက်နှက်အပြစ်ပေးခံရ

ဂျကာတာ၊ နိုဝင်ဘာ ၁-၂၀၁၉
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံမှာ အိမ်ထောင်ရေးဖောက်ပြန်တာတွေကို တင်းကြပ်ဖို့ဥပဒေရေးဆွဲရေးမှာ ကူညီနေတဲ့အဖွဲ့မှ အမျိုးသားတစ်ဦးဟာ လက်ထပ်ပြီးသားအမျိုးသမီးတစ်ဦးနဲ့ အတူဖောက်ပြန် ဆက်ဆံနေထိုင်တာကို ဖမ်းမိပြီးနောက် လူမြင်ကွင်းမှာ ရိုက်နှက်ခံခဲ့ရပါတယ်။

Aceh Ulema Council (MPU) မှ မူခလစ်ဘင်မူဟာမက် ၂၈ ချက်အရိုက်ခံခဲ့ရပြီး သူနဲ့ပတ်သက်ခဲ့တဲ့ အမျိုးသမီးကတော့ ၂၃ ချက်အရိုက်ခံခဲ့ရပါတယ်။

မူခလစ်ဟာ အလွန်ရှေးရိုးစွဲဆန်တဲ့ အာချေးပြည်နယ်ကဖြစ်ပြီး အဲဒီဒေသဟာ တင်းကြပ်တဲ့ အစ္စလာမ်မစ်ဥပဒေဖြစ်တဲ့ ရှာရီယာဥပဒေကို ကျင့်သုံးတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ တစ်ခုတည်းသော နေရာဖြစ်ပါတယ်။

လိင်တူဆက်ဆံတာတွေနဲ့ လောင်းကစားပြုသူတွေကို အာချေးဒေသက လူမြင်ကွင်းမှာ အပြစ်ပေးလေ့ရှိပါတယ်။ ယင်းမှာ ဘုရားသခင်၏ ဥပဒေဖြစ်ပြီး Aceh Ulema Council (MPU) အဖွဲ့ဝင်ဖြစ်နေရင်တောင် အပြစ်ရှိကြောင်း သက်သေပြနိုင်ရင် ဘယ်သူမဆို အပြစ်ပေးခံရမယ်လို့ အာချေးဘီဆာခရိုင်က ဒုတိယမြို့တော်ဝန် ဟူဆာနီဝါဟက်ကပြောပါတယ်။

မူခလစ်ကို ရိုက်နှက်အပြစ်ပေးတာကို အောက်တိုဘာ ၃၁ ရက်မှာလုပ်ခဲ့တာဖြစ်ပြီး သူ့ကို Aceh Ulema Council (MPU) ကနေလည်း ထုတ်ပယ်သွားမယ်လို့ ဆိုပါတယ်။

အသက် ၄၆ နှစ်အရွယ် မူခလစ်ဟာ ဘာသာရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ၂၀၀၅ ခုနှစ်မှာ ရှာရီယာဥပဒေကို အာချေးပြည်နယ်မှာ စတင်ကျင့်သုံးပြီးကတည်းက လူမြင်ကွင်းမှာ ရိုက်နှက်အပြစ်ပေးခံရတဲ့ ပထမဆုံး ဘာသာရေးခေါင်းဆောင်ဖြစ်ပါတယ်။

Ref : BBC Photo : AFP
#voiceofmyanmar #ဂျကာတာ #အမျိုးသားတစ်ဦး #အပြစ်ပေးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW