က်ဴးေက်ာ္ေတြအတြက္ ၂၅ သိန္းတန္ အိမ္ခန္းေပါင္း၂၀၀၀၀ဝန္းက်င္တည္ေဆာက္မယ္

ရန္ကုန္ ၊နိုဝင္ဘာ ၃-၂၀၁၉
သိဂၤ ီ(VOM)

ရန္ကုန္တိုင္း အတြင္းက က်ဴးေက်ာ္ေနထိုင္သူေတြအတြက္ ျမန္မာက်ပ္ေငြ ၂၅ သိန္းတန္ဖိုးရွိ အိမ္ခန္းေပါင္း ၂၀၀၀၀ ကို ဒီနွစ္ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္အၿပီး တည္ေဆာက္သြားမယ္လ္ုိ႕ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက သိရပါတယ္။

တန္ဖိုးနည္းအိမ္ယာေတြကို အက်ယ္အဝန္း ၁၅ ေပ ၃၅ ေပပတ္လည္ အခန္းေတြတည္ေဆာက္မွာျဖစ္ၿပီး ကုန္က်စရိတ္ တန္ဖိုးအေနနဲ႕ လည္း ျမန္မာက်ပ္ေငြ ၂၅ သိန္းႏွင့္ သိန္း ၃၀ ဝန္းက်င္သာ ရွိမွာျဖစ္ၿပီး လူထုအေျချပဳအိမ္ယာစီမံကိန္းအျဖစ္ အဲ့ဒီစီမံကိန္းကို ေရႊျပည္သာၿမိဳ႕နယ္မွာ လုပ္ေဆာင္ေနၿပီ လို႔သိရပါတယ္။

” ေျမကေတာ့ Community ကပိုင္ေျမျဖစ္တယ္။ က်ဴးေက်ာ္ေတြကိုယ္တိုင္က ဒီေနရာမွာ ဒီလိုပုံစံရွိပါမယ္ ဒီလိုပုံစံ ေဆာက္ခ်င္ပါတယ္ဆိုတာကို အဖြဲ႕အစည္းကေန ကြင္းဆင္းစာရင္းေကာက္ယူထားတာျဖစ္တယ္။ ဒါေၾကာင့္ က်ဴးေက်ာ္ေနထိုင္သူေတြ သူတို႔ျဖစ္ခ်င္တဲ့ပုံစံ တတ္နိုင္တဲ့ေစ်းနႈန္းေတြကို ညွိနိႈင္းျပီးေတာ့ ဒီဇိုင္းေရးဆြဲေပးထားပါတယ္။ အရစ္က်ေပးနိုင္ေအာင္ ေခ်းေငြရရွိေအာင္လည္း ေဆာင္ရြက္ေပးမွာျဖစ္တယ္ ” လို႕ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ရဲ႕ တြဲဖက္အတြင္းေရးမွဴး ဦးသန္းကေျပာပါတယ္။

က်ဴးေက်ာ္ေတြအတြက္ လူထုအေျချပဳအိမ္ယာစီမံကိန္းကို ေရႊျပည္သာျမိဳ႕နယ္အျပင္ ဒဂံုေလးျမိဳ႕နယ္ျဖစ္တဲ႕ ေတာင္ဒဂုံ၊ ေျမာက္ဒဂုံ၊ အေရွ႕ဒဂုံ၊ ဒဂုံဆိပ္ကမ္း ျမိဳ႕နယ္ေတြမွာပါ တည္ေဆာက္သြားဖို႕ ေျမေနရာမ်ား ေရြးခ်ယ္ထားတယ္လို႔ သိရပါတယ္။

” ၂၅ သိန္းေလာက္ကို အရစ္က်လည္းေပးလို႔ရမယ္ဆိုရင္ေတာ့ ေကာင္းပါတယ္။ တကယ္ က်ဴးေက်ာ္ေတြလက္ထဲေရာက္မေရာက္ေတာ့ ေသခ်ာဖို႔လိုတယ္။ အမတို႔ကေတာ့ က်ဴးေက်ာ္စမတ္ကဒ္ရထားပါတယ္။ ခုက လိႈင္သာယာမွာေနတယ္” လို႕ ေဒၚစန္းစန္းႏြယ္က ေျပာပါတယ္။

လက္ရွိ ရန္ကုန္တိုင္းအတြင္းမွာ က်ဴေက်ာ္ေနထိုင္သူေတြအနက္ စမတ္ကဒ္ ထုတ္ေပးထားတဲ႕ မိသားစုေပါင္း ၁သိန္း ၅ေသာင္း၊ လူဦးေရအေနနဲ႔ဆိုရင္ လူေပါင္း ၄၀၀၀၀၀ ဝန္းက်င္ရွိေနၿပီး ထုတ္ေပးထားတဲ႕ စမတ္ကဒ္ေတြမွာ မိသားစုလိုက္ မ်က္ႏွာပါဓာတ္ပုံ၊ လက္ေဗြရာစနစ္၊ ေနရပ္လိပ္စာ၊ QR ကုဒ္ စတဲ့အခ်က္ေတြကို ထည့္သြင္းေပးထားတဲ့အတြက္ စမတ္ကဒ္ေတြကို အျခားသူတစ္ဦးတစ္ေယာက္ကို ျပန္လည္ေရာင္းခ်ခြင့္မရွိသလို အလႊဲအေျပာင္းလည္းလုပ္ခြင့္မ႐ွိဘူးလို႔လည္း သိရပါတယ္။

ရန္ကုန္မွာလာေရာက္ေနႀကတဲ႕ က်ဴးေက်ာ္ေနထိုင္သူအမ်ားစုဟာ ဧရာဝတီတိုင္း၊ ပဲခူးတိုင္း၊ မေကြး ၊ ရခိုင္ ျပည္နယ္ေတြကေန အမ်ားဆုံးလာေရာက္ေနၾကတာျဖစ္ပါတယ္။

Photo – အိုးအိမ္
#voiceofmyanmar #ရန္ကုန္ #က်ဴးေက်ာ္ #အိမ္ခန္းေဆာက္

 

Unicode

ကျူးကျော်တွေအတွက် ၂၅ သိန်းတန် အိမ်ခန်းပေါင်း၂၀၀၀၀ဝန်းကျင်တည်ဆောက်မယ်

ရန်ကုန် ၊နိုဝင်ဘာ ၃-၂၀၁၉
သိင်္ဂ ီ(VOM)

ရန်ကုန်တိုင်း အတွင်းက ကျူးကျော်နေထိုင်သူတွေအတွက် မြန်မာကျပ်ငွေ ၂၅ သိန်းတန်ဖိုးရှိ အိမ်ခန်းပေါင်း ၂၀၀၀၀ ကို ဒီနှစ် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အပြီး တည်ဆောက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

တန်ဖိုးနည်းအိမ်ယာတွေကို အကျယ်အဝန်း ၁၅ ပေ ၃၅ ပေပတ်လည် အခန်းတွေတည်ဆောက်မှာဖြစ်ပြီး ကုန်ကျစရိတ် တန်ဖိုးအနေနဲ့ လည်း မြန်မာကျပ်ငွေ ၂၅ သိန်းနှင့် သိန်း ၃၀ ဝန်းကျင်သာ ရှိမှာဖြစ်ပြီး လူထုအခြေပြုအိမ်ယာစီမံကိန်းအဖြစ် အဲ့ဒီစီမံကိန်းကို ရွှေပြည်သာမြို့နယ်မှာ လုပ်ဆောင်နေပြီ လို့သိရပါတယ်။

” မြေကတော့ Community ကပိုင်မြေဖြစ်တယ်။ ကျူးကျော်တွေကိုယ်တိုင်က ဒီနေရာမှာ ဒီလိုပုံစံရှိပါမယ် ဒီလိုပုံစံ ဆောက်ချင်ပါတယ်ဆိုတာကို အဖွဲ့အစည်းကနေ ကွင်းဆင်းစာရင်းကောက်ယူထားတာဖြစ်တယ်။ ဒါကြောင့် ကျူးကျော်နေထိုင်သူတွေ သူတို့ဖြစ်ချင်တဲ့ပုံစံ တတ်နိုင်တဲ့ဈေးနှုန်းတွေကို ညှိနှိုင်းပြီးတော့ ဒီဇိုင်းရေးဆွဲပေးထားပါတယ်။ အရစ်ကျပေးနိုင်အောင် ချေးငွေရရှိအောင်လည်း ဆောင်ရွက်ပေးမှာဖြစ်တယ် ” လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။

ကျူးကျော်တွေအတွက် လူထုအခြေပြုအိမ်ယာစီမံကိန်းကို ရွှေပြည်သာမြို့နယ်အပြင် ဒဂုံလေးမြို့နယ်ဖြစ်တဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာပါ တည်ဆောက်သွားဖို့ မြေနေရာများ ရွေးချယ်ထားတယ်လို့ သိရပါတယ်။

” ၂၅ သိန်းလောက်ကို အရစ်ကျလည်းပေးလို့ရမယ်ဆိုရင်တော့ ကောင်းပါတယ်။ တကယ် ကျူးကျော်တွေလက်ထဲရောက်မရောက်တော့ သေချာဖို့လိုတယ်။ အမတို့ကတော့ ကျူးကျော်စမတ်ကဒ်ရထားပါတယ်။ ခုက လှိုင်သာယာမှာနေတယ်” လို့ ဒေါ်စန်းစန်းနွယ်က ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ ကျူကျော်နေထိုင်သူတွေအနက် စမတ်ကဒ် ထုတ်ပေးထားတဲ့ မိသားစုပေါင်း ၁သိန်း ၅သောင်း၊ လူဦးရေအနေနဲ့ဆိုရင် လူပေါင်း ၄၀၀၀၀၀ ဝန်းကျင်ရှိနေပြီး ထုတ်ပေးထားတဲ့ စမတ်ကဒ်တွေမှာ မိသားစုလိုက် မျက်နှာပါဓာတ်ပုံ၊ လက်ဗွေရာစနစ်၊ နေရပ်လိပ်စာ၊ QR ကုဒ် စတဲ့အချက်တွေကို ထည့်သွင်းပေးထားတဲ့အတွက် စမတ်ကဒ်တွေကို အခြားသူတစ်ဦးတစ်ယောက်ကို ပြန်လည်ရောင်းချခွင့်မရှိသလို အလွှဲအပြောင်းလည်းလုပ်ခွင့်မရှိဘူးလို့လည်း သိရပါတယ်။

ရန်ကုန်မှာလာရောက်နေကြတဲ့ ကျူးကျော်နေထိုင်သူအများစုဟာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေး ၊ ရခိုင် ပြည်နယ်တွေကနေ အများဆုံးလာရောက်နေကြတာဖြစ်ပါတယ်။

Photo – အိုးအိမ်
#voiceofmyanmar #ရန်ကုန် #ကျူးကျော် #အိမ်ခန်းဆောက်

Related posts

Leave a Comment

VOM News

FREE
VIEW