အိႏိၵယနိုင္ငံရဲ႕ ေလထုညစ္ညမ္းမႈ အႏၱရာယ္ရိွတဲ႔ အဆင္႔ထိေရာက္ေန

ေဒလီ၊ နိုဝင္ဘာ-၄-၂၀၁၉
မ်ိဳးဆက္ (VOM)

အိႏိၵယနုိင္ငံေျမာက္ပိုင္းမွာျဖစ္ေပၚေနတဲ႔ ေလထုညစ္ညမ္းမွဳဟာ အႏၱရယ္ရိွတဲ႔အဆင္႔ေတြကို ေရာက္ရိွေနျပီျဖစ္ေၾကာင္း ေဒလီဝန္ၾကီးခ်ဳပ္ အာဗင္႔ကတ္ရီဝယ္က ေျပာပါတယ္။

ေဒလီျမိဳ႕ရိွေနရာအမ်ားစုမွာ ေလထုအေရအေသြးဟာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ ျဖစ္ပြားေစနိုင္တဲ႔ အႏၱရယ္ရိွတဲ႔ အဆင္႔ေတြအထိ ဆိုးရြားစြာျဖစ္ေပၚေနတာျဖစ္ပါတယ္။

မီးခိုးျမဴေတြေၾကာင္႔ ျမင္ကြင္းမရွင္းလင္းတဲ့အတြက္ နိုဝင္ဘာ ၃ ရက္မွာ ေလယာဥ္ခရီးစဥ္ ၃၀ ေက်ာ္ကို လမ္းေၾကာင္းေျပာင္းပ်ံသန္းခဲ႔ရပါတယ္။

ေမာ္ေတာ္ကားေတြကိုလည္း ေမာင္းနွင္ရန္ခြင္႔ျပဳထားသည္႔ ေန႕စြဲပါ နံပါတ္ျပားတပ္ဆင္ထားတဲ႔ ကားေတြကိုသာ ေမာင္းနွင္႔ခြင္႔ျပဳထားျဖစ္ၿပီး ဒီလို လုပ္ေဆာင္တာဟာ ေလထုညစ္ညမ္းမႈကို ထိန္းခ်ဳပ္ဖို႔ အားထုတ္မႈအျဖစ္ လမ္းေတြေပၚမွာ ေမာ္ေတာ္ကားအေရအတြက္ ပိုမိုနည္းပါးသြားေစဖို႔ ရည္ရြယ္ထားတာျဖစ္ပါတယ္။

ဒါ႔အျပင္ ေဒလီရိွ စာသင္ေက်ာင္းေတြကို နိုဝင္ဘာ ၅ ရက္တိုင္ေအာင္ ပိတ္ထားဖို႔ အာဏာပိုင္ေတြက အမိန္႔ထုတ္ထားျပီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြကိုလည္း ရပ္ဆိုင္းထားပါတယ္။

ေဒလီျမိဳ႕မွာ ေနထိုင္သူေတြအေနနဲ႔ အထူးသျဖင္႔ နံနက္ပိုင္းနဲ႔ ညေနေစာင္းမ်ားေတြမွာ ျပင္ပသို႔ထြက္ျပီး လႈပ္ရွားသြားလာတာေတြကို ေရွာင္ရွားၾကဖို႔္ ေဒလီက်န္းမာေရးဝန္ၾကီး ဆက္ယန္ဒါဂ်ိန္းက အၾကံျပဳထားပါတယ္။

ေဒသခံေတြကို မ်က္နွာဖံုးမ်ားတပ္ဆင္ထားဖို႔နဲ႔ ေလထုညစ္ညမ္းတဲ႔ ေနရာေတြကို သြားလာတာကိုေရွာင္ရွားကာ ေနအိမ္ေတြမွာလည္း တံခါးေတြနဲ႔ ျပတင္းေပါက္ေတြကိုပိတ္ထားဖို႔ အၾကံျပဳထားတာ ျဖစ္ပါတယ္။

Ref : BBC Photo : AFP
#voiceofmyanmar #ေဒလီ #ေလထုညစ္ညမ္းမွဳ

Unicode

အိန္ဒိယနိုင်ငံရဲ့ လေထုညစ်ညမ်းမှု အန္တရာယ်ရှိတဲ့ အဆင့်ထိရောက်နေ

ဒေလီ၊ နိုဝင်ဘာ-၄-၂၀၁၉
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုဟာ အန္တရယ်ရှိတဲ့အဆင့်တွေကို ရောက်ရှိနေပြီဖြစ်ကြောင်း ဒေလီဝန်ကြီးချုပ် အာဗင့်ကတ်ရီဝယ်က ပြောပါတယ်။

ဒေလီမြို့ရှိနေရာအများစုမှာ လေထုအရေအသွေးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့ အန္တရယ်ရှိတဲ့ အဆင့်တွေအထိ ဆိုးရွားစွာဖြစ်ပေါ်နေတာဖြစ်ပါတယ်။

မီးခိုးမြူတွေကြောင့် မြင်ကွင်းမရှင်းလင်းတဲ့အတွက် နိုဝင်ဘာ ၃ ရက်မှာ လေယာဉ်ခရီးစဉ် ၃၀ ကျော်ကို လမ်းကြောင်းပြောင်းပျံသန်းခဲ့ရပါတယ်။

မော်တော်ကားတွေကိုလည်း မောင်းနှင်ရန်ခွင့်ပြုထားသည့် နေ့စွဲပါ နံပါတ်ပြားတပ်ဆင်ထားတဲ့ ကားတွေကိုသာ မောင်းနှင့်ခွင့်ပြုထားဖြစ်ပြီး ဒီလို လုပ်ဆောင်တာဟာ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ အားထုတ်မှုအဖြစ် လမ်းတွေပေါ်မှာ မော်တော်ကားအရေအတွက် ပိုမိုနည်းပါးသွားစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဒေလီရှိ စာသင်ကျောင်းတွေကို နိုဝင်ဘာ ၅ ရက်တိုင်အောင် ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

ဒေလီမြို့မှာ နေထိုင်သူတွေအနေနဲ့ အထူးသဖြင့် နံနက်ပိုင်းနဲ့ ညနေစောင်းများတွေမှာ ပြင်ပသို့ထွက်ပြီး လှုပ်ရှားသွားလာတာတွေကို ရှောင်ရှားကြဖို့် ဒေလီကျန်းမာရေးဝန်ကြီး ဆက်ယန်ဒါဂျိန်းက အကြံပြုထားပါတယ်။

ဒေသခံတွေကို မျက်နှာဖုံးများတပ်ဆင်ထားဖို့နဲ့ လေထုညစ်ညမ်းတဲ့ နေရာတွေကို သွားလာတာကိုရှောင်ရှားကာ နေအိမ်တွေမှာလည်း တံခါးတွေနဲ့ ပြတင်းပေါက်တွေကိုပိတ်ထားဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။

Ref : BBC Photo : AFP
#voiceofmyanmar #ဒေလီ #လေထုညစ်ညမ်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW