ေဒၚနယ္ထရန္႔ကို အေရးယူဖို႔ ပထမဆံုးအၾကိမ္လူသိရွင္ၾကား ၾကားနာစစ္ေဆးမည္

ဝါရွင္တန္၊ နိုဝင္ဘာ ၇-၂၀၁၉
မ်ိဳးဆက္ (VOM)

ေဒၚနယ္ထရန္႔ကို သမၼတရာထူးကေနဖယ္ရွားဖို႔ လုပ္ေဆာင္ျခင္းျဖစ္ဖြယ္ရိွတဲ႔ စံုစမ္းမႈတစ္ရပ္ကို လာမယ့္သီတင္းပတ္မွာ ပထမဆံုးအၾကိမ္အျဖစ္ လူသိရွင္ၾကား ၾကားနာစစ္ေဆးမယ္လို႔ ကြန္ဂရက္ရိွ ဒိီမိုကရက္တစ္အမတ္ေတြက ေၾကညာလိုက္ပါတယ္။

ဒီၾကားနာမႈမွာ နိုင္ငံျခားေရးဝန္ၾကီးဌာနမွ တာဝန္ရိွသူသံုးဦးက ပထမဆံုး သက္ေသခံထြက္ဆိုမွာျဖစ္ၿပီး လက္ရိွအခ်ိန္ထိ ေအာက္လႊတ္ေတာ္အဓိကေကာ္မတီသံုးခုမွ လႊတ္ေတာ္အမတ္ေတြဟာ သက္ေသေတြကို တံခါးပိတ္အစည္းအေ၀းေတြမွာသာ ၾကားနာစစ္ေဆးခဲ႔ၾကတာျဖစ္ပါတယ္။

မစၥတာထရန္႔ဟာ ျပိဳင္ဘက္နုိင္ငံေရးသမား ဂ်ိဳးဘိုင္ဒင္အေပၚ စံုစမ္းစစ္ေဆးမႈတစ္ရပ္ကို လူသိရွင္ၾကားေၾကညာဖို႔ ယူကရိန္းနိုင္ငံအား ဖိအားေပးခဲ႔တယ္ဆိုျပီး ျပစ္တင္စြပ္စြဲခ်က္စံုစမ္းေရးအဖြဲ႔ေတြက အခိုင္အမာေျပာဆိုထားပါတယ္။

သူ႔အေနနဲ႔ အာဏာအလြဲသံုးစားမႈမျပဳခဲ႔ဘူးလို႔ ေဒၚနယ္ထရန္႔ကေတာ႔ ျငင္းဆိုထားပါတယ္။ အေမရိကန္ဒုတိယသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္နဲ႔ ယူကရိန္းဓါတ္ေငြ႔ကုမၸဏီတစ္ခမွာ တစ္ခ်ိန္က အလုပ္လုပ္ကိုင္ခဲ႔သူ သူ႔ရဲ႕သားျဖစ္သူတို႔ဟာ အက်င္႔ပ်က္ခ်စားမႈေတြ လုပ္ေဆာင္ခဲ႔ေၾကာင္း မစၥတာထရန္႔က စြပ္စြဲေျပာဆိုခဲ႔ပါတယ္။

စြပ္စြဲျပစ္တင္မႈ တစ္ရပ္လုပ္ေဆာင္ရျခင္းဟာ သမၼတအေပၚ စစ္ေဆးဖို႔အတြက္ အခ်က္အလက္ေတြ တည္ေဆာက္တာျဖစ္ေၾကာင္း စံုစမ္းစစ္ေဆးမႈကို ၾကီးၾကပ္ေနတဲ႔ ေအာက္လႊတ္ေတာ္ေထာက္လွမ္းေရး ေကာ္မတီအၾကီးအကဲ အဒန္ရွစ္ဖ္က နိုဝင္ဘာ ၆ ရက္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

Ref : BBC Photo : Getty Images
#voiceofmyanmar #ဝါရွင္တန္ #သမၼတထရန္႔

Unicode

ဒေါ်နယ်ထရန့်ကို အရေးယူဖို့ ပထမဆုံးအကြိမ်လူသိရှင်ကြား ကြားနာစစ်ဆေးမည်

ဝါရှင်တန်၊ နိုဝင်ဘာ ၇-၂၀၁၉
မျိုးဆက် (VOM)

ဒေါ်နယ်ထရန့်ကို သမ္မတရာထူးကနေဖယ်ရှားဖို့ လုပ်ဆောင်ခြင်းဖြစ်ဖွယ်ရှိတဲ့ စုံစမ်းမှုတစ်ရပ်ကို လာမယ့်သီတင်းပတ်မှာ ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ကြားနာစစ်ဆေးမယ်လို့ ကွန်ဂရက်ရှိ ဒီမိုကရက်တစ်အမတ်တွေက ကြေညာလိုက်ပါတယ်။

ဒီကြားနာမှုမှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူသုံးဦးက ပထမဆုံး သက်သေခံထွက်ဆိုမှာဖြစ်ပြီး လက်ရှိအချိန်ထိ အောက်လွှတ်တော်အဓိကကော်မတီသုံးခုမှ လွှတ်တော်အမတ်တွေဟာ သက်သေတွေကို တံခါးပိတ်အစည်းအဝေးတွေမှာသာ ကြားနာစစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

မစ္စတာထရန့်ဟာ ပြိုင်ဘက်နိုင်ငံရေးသမား ဂျိုးဘိုင်ဒင်အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို လူသိရှင်ကြားကြေညာဖို့ ယူကရိန်းနိုင်ငံအား ဖိအားပေးခဲ့တယ်ဆိုပြီး ပြစ်တင်စွပ်စွဲချက်စုံစမ်းရေးအဖွဲ့တွေက အခိုင်အမာပြောဆိုထားပါတယ်။

သူ့အနေနဲ့ အာဏာအလွဲသုံးစားမှုမပြုခဲ့ဘူးလို့ ဒေါ်နယ်ထရန့်ကတော့ ငြင်းဆိုထားပါတယ်။ အမေရိကန်ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းဓါတ်ငွေ့ကုမ္ပဏီတစ်ခမှာ တစ်ချိန်က အလုပ်လုပ်ကိုင်ခဲ့သူ သူ့ရဲ့သားဖြစ်သူတို့ဟာ အကျင့်ပျက်ချစားမှုတွေ လုပ်ဆောင်ခဲ့ကြောင်း မစ္စတာထရန့်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

စွပ်စွဲပြစ်တင်မှု တစ်ရပ်လုပ်ဆောင်ရခြင်းဟာ သမ္မတအပေါ် စစ်ဆေးဖို့အတွက် အချက်အလက်တွေ တည်ဆောက်တာဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုကို ကြီးကြပ်နေတဲ့ အောက်လွှတ်တော်ထောက်လှမ်းရေး ကော်မတီအကြီးအကဲ အဒန်ရှစ်ဖ်က နိုဝင်ဘာ ၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

Ref : BBC Photo : Getty Images
#voiceofmyanmar #ဝါရှင်တန် #သမ္မတထရန့်

Related posts

Leave a Comment

VOM News

FREE
VIEW