ဖခင္ျဖစ္သူက သမီးအရင္းကို အဓမၼအႀကိမ္ႀကိမ္ျပဳက်င့္ၿပီး ႐ိုက္ႏွက္မႈမ်ား ျပဳလုပ္

မြန္၊ ႏိုဝင္ဘာ ၈ – ၂၀၁၉
မင္းရန္ႏိုင္(VOM)

မြန္ျပည္နယ္ သထုံၿမိဳ႕၊ ဘင္လႈိင္ရပ္ကြက္ရွိ အသက္(၁၇)ႏွစ္အ႐ြယ္ေက်ာင္းသူကို ဖခင္အရင္းျဖစ္သူက အဓမၼအႀကိမ္ႀကိမ္ျပဳက်င့္ၿပီး ႐ိုက္ႏွက္မႈေတြျပဳလုပ္ခဲ့တယ္လို႔ မြန္ျပည္နယ္ရဲတပ္ဖြဲ႕က ဒီေန႔မွာ သတင္းထုတ္ျပန္ထားတာျဖစ္ပါတယ္။

၁၆-၁၀-၂၀၁၈ ရက္ေန႔ ည ၇ နာရီ အခ်ိန္ခန႔္မွာ ဖခင္အရင္းျဖစ္သူ ဦးစိုင္းေက်ာ္ေဇာ(၄၃)ႏွစ္၊ (ဘ)ဦးသန္းေ႐ႊနဲ႔ သမီးျဖစ္သူတို႔ ေနအိမ္မွာရွိေနခ်ိန္ ဖခင္ျဖစ္သူက သမီးျဖစ္သူကို ေနအိမ္အိပ္ခန္းအတြင္းေခၚၿပီး ဖုန္းနဲ႔ ညစ္ညမ္းေခြ အတင္းျပကာ သားမယားအျဖစ္ တစ္ႀကိမ္ျပဳက်င့္ခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္ ျဖစ္ပြားခ်ိန္က မိခင္ျဖစ္သူဟာ ေတာင္ႀကီးၿမိဳ႕ကို ေရာက္ေနၿပီး ဖခင္ကိုေၾကာက္ရတဲ့အတြက္ ဘယ္သူ႔ကိုမွ မေျပာျပခဲ့ဘူးလို႔ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဖခင္ျဖစ္သူမွာ ေဆာက္လုပ္ေရးကန္ထ႐ိုက္အလုပ္နဲ႔ ခရီးထြက္ေလ့ရွိၿပီး ခရီးထြက္ရာမွ ျပန္လည္ေရာက္ရွိတိုင္း မိခင္ျဖစ္သူအလစ္မွာ ေနအိမ္အိပ္ခန္းအတြင္း မၾကာခဏဝင္ေရာက္ၿပီး သားမယားအျဖစ္ျပဳက်င့္ၿပီး တားေဆးတိုက္‌ေလ့ရွိတယ္လို႔လည္း သိရပါတယ္။

အဲဒီေနာက္ ၇-၁၁-၂၀၁၉ ရက္ေန႔ နံနက္ (၀၂း၃၀) အခ်ိန္မွာလည္း သမီးျဖစ္သူရဲ႕ ေနအိမ္အိပ္ခန္းထဲ ထပ္မံေရာက္ရွိလာၿပီး သားမယားအျဖစ္ တစ္ႀကိမ္ထပ္မံျပဳက်င့္ခဲ့တာျဖစ္ပါတယ္။

သမီးျဖစ္သူရဲ႕ ဖုန္းကို စစ္ေဆးၿပီး “ရည္းစားထားရမလား”လို႔ ေျပာကာ တံမ်က္စည္း၊ စတီးလက္ကိုင္႐ိုး၊ သစ္သားေခ်ာင္းတို႔နဲ႔ ႐ိုက္ႏွက္ခဲ့တဲ့အတြက္ ဝဲ/ယာ ပုခုံးညိဳမဲ၊ ဝဲ/ ယာလက္ခုံေပါက္ၿပဲ၊ ယာေပါင္ညိဳမဲ၊ ဝဲ/ယာေျခသလုံးေပါက္ၿပဲ၊ ယာခါးဖူးေယာင္၊ ယာဂ်ိဳေစာင္းဖူးေယာင္၊ ေနာက္ေစ့ဖူးေယာင္ဒဏ္ရာမ်ား (မစိုးရိမ္ရ)ရရွိခဲ့ၿပီး သထုံခ႐ိုင္ေဆး႐ုံႀကီးကို တက္ေရာက္ကုသခဲ့ရတယ္လို႔ ရဲမွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ မြန္ျပည္နယ္လႊတ္ေတာ္ရဲ႕ အမ်ိဳးသမီးနဲ႔ကေလးသူငယ္အခြင့္အေရးေကာ္မတီက လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့ကို ဖုန္းနဲ႔ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

သမီးျဖစ္သူကို သားမယားအျဖစ္အႀကိမ္ႀကိမ္ျပဳက်င့္ၿပီး ႐ိုက္ႏွက္ခဲ့သူ ဦးစိုင္းေက်ာ္ေဇာအား ဥပေဒအရ အေရးယူေပးဖို႔ တိုင္တန္းတဲ့အတြက္ သထုံၿမိဳ႕မရဲစခန္းက (ပ) ၂၃၀၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆/၃၂၅ (အမႈႀကီးအမွတ္စဥ္၊၁၀/၂၀၁၉) အရ အမႈဖြင့္လွစ္ၿပီး ဖမ္းဆီးစစ္ေဆးေဆာင္႐ြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #မြန္ #သားမယားျပဳက်င့္မႈ

Unicode

ဖခင်ဖြစ်သူက သမီးအရင်းကို အဓမ္မအကြိမ်ကြိမ်ပြုကျင့်ပြီး ရိုက်နှက်မှုများ ပြုလုပ်

မွန်၊ နိုဝင်ဘာ ၈ – ၂၀၁၉
မင်းရန်နိုင်(VOM)

မွန်ပြည်နယ် သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အသက်(၁၇)နှစ်အရွယ်ကျောင်းသူကို ဖခင်အရင်းဖြစ်သူက အဓမ္မအကြိမ်ကြိမ်ပြုကျင့်ပြီး ရိုက်နှက်မှုတွေပြုလုပ်ခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

၁၆-၁၀-၂၀၁၈ ရက်နေ့ ည ၇ နာရီ အချိန်ခန့်မှာ ဖခင်အရင်းဖြစ်သူ ဦးစိုင်းကျော်ဇော(၄၃)နှစ်၊ (ဘ)ဦးသန်းရွှေနဲ့ သမီးဖြစ်သူတို့ နေအိမ်မှာရှိနေချိန် ဖခင်ဖြစ်သူက သမီးဖြစ်သူကို နေအိမ်အိပ်ခန်းအတွင်းခေါ်ပြီး ဖုန်းနဲ့ ညစ်ညမ်းခွေ အတင်းပြကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ် ဖြစ်ပွားချိန်က မိခင်ဖြစ်သူဟာ တောင်ကြီးမြို့ကို ရောက်နေပြီး ဖခင်ကိုကြောက်ရတဲ့အတွက် ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူးလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖခင်ဖြစ်သူမှာ ဆောက်လုပ်ရေးကန်ထရိုက်အလုပ်နဲ့ ခရီးထွက်လေ့ရှိပြီး ခရီးထွက်ရာမှ ပြန်လည်ရောက်ရှိတိုင်း မိခင်ဖြစ်သူအလစ်မှာ နေအိမ်အိပ်ခန်းအတွင်း မကြာခဏဝင်ရောက်ပြီး သားမယားအဖြစ်ပြုကျင့်ပြီး တားဆေးတိုက်‌လေ့ရှိတယ်လို့လည်း သိရပါတယ်။

အဲဒီနောက် ၇-၁၁-၂၀၁၉ ရက်နေ့ နံနက် (၀၂း၃၀) အချိန်မှာလည်း သမီးဖြစ်သူရဲ့ နေအိမ်အိပ်ခန်းထဲ ထပ်မံရောက်ရှိလာပြီး သားမယားအဖြစ် တစ်ကြိမ်ထပ်မံပြုကျင့်ခဲ့တာဖြစ်ပါတယ်။

သမီးဖြစ်သူရဲ့ ဖုန်းကို စစ်ဆေးပြီး “ရည်းစားထားရမလား”လို့ ပြောကာ တံမျက်စည်း၊ စတီးလက်ကိုင်ရိုး၊ သစ်သားချောင်းတို့နဲ့ ရိုက်နှက်ခဲ့တဲ့အတွက် ဝဲ/ယာ ပုခုံးညိုမဲ၊ ဝဲ/ ယာလက်ခုံပေါက်ပြဲ၊ ယာပေါင်ညိုမဲ၊ ဝဲ/ယာခြေသလုံးပေါက်ပြဲ၊ ယာခါးဖူးယောင်၊ ယာဂျိုစောင်းဖူးယောင်၊ နောက်စေ့ဖူးယောင်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ပြီး သထုံခရိုင်ဆေးရုံကြီးကို တက်ရောက်ကုသခဲ့ရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ မွန်ပြည်နယ်လွှတ်တော်ရဲ့ အမျိုးသမီးနဲ့ကလေးသူငယ်အခွင့်အရေးကော်မတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သမီးဖြစ်သူကို သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ပြီး ရိုက်နှက်ခဲ့သူ ဦးစိုင်းကျော်ဇောအား ဥပဒေအရ အရေးယူပေးဖို့ တိုင်တန်းတဲ့အတွက် သထုံမြို့မရဲစခန်းက (ပ) ၂၃၀၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၂၅ (အမှုကြီးအမှတ်စဉ်၊၁၀/၂၀၁၉) အရ အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #မွန် #သားမယားပြုကျင့်မှု

Related posts

Leave a Comment

VOM News

FREE
VIEW