လုပ္ေဖာ္ကိုင္ဖက္ ၁၆ဦးကိုသတ္ျပီး ထြက္ေျပးလာတဲ႔ ေျမာက္ကိုရီးယားနုိင္ငံသားနွစ္ဦးကို မိခင္နုိင္ငံသို႔ ေတာင္ကိုရီးယားျပန္လႊဲေပး

ဆိုးလ္၊ နို၀င္ဘာ-၈-၂၀၁၉
မ်ိဳးဆက္ (VOM)

သေဘၤာေပၚက လုပ္ေဖာ္ကိုင္ဖက္ ၁၆ ဦးကိုသတ္ျဖတ္ျပီး ေတာင္ကိုရီးယားကို ထြက္ေျပးလာတဲ႔ ေျမာက္ကိုရီးယား နုိင္ငံသားနွစ္ဦးကို မိခင္နိုင္ငံသို႔ ေတာင္ကိုရီးယားက ျပန္လည္လႊဲေျပာင္းေပးလိုက္ပါတယ္။

အဲဒီေျမာက္ကိုရီးယား နုိင္ငံသားနွစ္ဦးဟာ နိုဝင္ဘာ ၂ ရက္ေန႔က ေရေၾကာင္းနယ္စပ္ကိုျဖတ္ေက်ာ္ျပီး ေတာင္ကိုရီးယားဘက္ကို ဝင္ေရာက္လာတာျဖစ္ကာ ေနာက္ပိုင္းမွာေတာ႔ ေတာင္ကိုရီးယား အာဏာပိုင္ေတြက ဖမ္းဆီးထိန္းသိမ္းခဲ႔ပါတယ္။

ေတာင္ကိုရီးယားနုိင္ငံဟာ ေျမာက္ကိုရီးယားကေျပာင္းလာသူေတြကို အျမဲတမ္းခိုလံႈခြင္႔ေပးခဲ႔ေပမယ္႔ ဒီကိစၥမွာေတာ႔ အဲဒီအမ်ိဳးသားနွစ္ဦးဟာ အမ်ိဳးသားလံုျခံဳေရးကို ျခိမ္းေျခာက္တဲ႔ လုပ္ရပ္ေၾကာင္႔လို႔ ေတာင္ကိုရီးယားဘက္ကေျပာပါတယ္။

သူတို႔ဟာ နိုင္ငံစြန္႔ခြာထြက္ေျပးတာတယ္ဆိုျခင္းထက္ ရာဇဝတ္မႈကို က်ဴးလြန္ခဲ႔တာေၾကာင္႔ ျပန္ပို႔ရတာျဖစ္ၿပီး သူတို႔ရဲ႕ ငါးဖမ္းသေဘၤာဟာ ေရပိုင္နက္ကိုျဖတ္သန္းျပီးေနာက္ သူတို႔ကိုဖမ္းဆီးရမိဖို႔ ေတာင္ကိုရီးယား ေရတပ္က အခ်ိန္နွစ္ရက္ယူခဲ႔ရတယ္လို႔ သိရပါတယ္။

သေဘၤာကပၸတိန္ရဲ႕ ဆိုးဆိုးရြားရြား ဆက္ဆံမႈေတြေၾကာင္႔ သူတို႔နွစ္ဦးနဲ႔ ေနာက္ထပ္တစ္ဦးတို႔ဟာ ကပၸတိန္ကို ေအာက္တိုဘာေနွာင္းပိုင္းက သတ္ျဖတ္ခဲ႔တယ္လို႔ ဝန္ခံခဲ႔ေၾကာင္း တာဝန္ရိွသူေတြကေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ျပီး မေက်မနပ္ျဖစ္တဲ႔ အျခားသေဘၤာသားေတြကိုလည္း တစ္ေယာက္ျပီးတစ္ေယာက္သတ္ကာ အေလာင္းေတြကို ပင္လယ္ထဲပစ္ခ်ခဲ႔တယ္လို႔ ဝန္ခံခဲ႔ၾကပါတယ္။

Ref : BBC Photo : Getty Images
#voiceofmyanmar #ဆိုးလ္ #ေတာင္ကိုရီးယား

Unicode

လုပ်ဖော်ကိုင်ဖက် ၁၆ဦးကိုသတ်ပြီး ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားနိုင်ငံသားနှစ်ဦးကို မိခင်နိုင်ငံသို့ တောင်ကိုရီးယားပြန်လွှဲပေး

ဆိုးလ်၊ နိုဝင်ဘာ-၈-၂၀၁၉
မျိုးဆက် (VOM)

သင်္ဘောပေါ်က လုပ်ဖော်ကိုင်ဖက် ၁၆ ဦးကိုသတ်ဖြတ်ပြီး တောင်ကိုရီးယားကို ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား နိုင်ငံသားနှစ်ဦးကို မိခင်နိုင်ငံသို့ တောင်ကိုရီးယားက ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။

အဲဒီမြောက်ကိုရီးယား နိုင်ငံသားနှစ်ဦးဟာ နိုဝင်ဘာ ၂ ရက်နေ့က ရေကြောင်းနယ်စပ်ကိုဖြတ်ကျော်ပြီး တောင်ကိုရီးယားဘက်ကို ဝင်ရောက်လာတာဖြစ်ကာ နောက်ပိုင်းမှာတော့ တောင်ကိုရီးယား အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားကပြောင်းလာသူတွေကို အမြဲတမ်းခိုလှုံခွင့်ပေးခဲ့ပေမယ့် ဒီကိစ္စမှာတော့ အဲဒီအမျိုးသားနှစ်ဦးဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ကြောင့်လို့ တောင်ကိုရီးယားဘက်ကပြောပါတယ်။

သူတို့ဟာ နိုင်ငံစွန့်ခွာထွက်ပြေးတာတယ်ဆိုခြင်းထက် ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာကြောင့် ပြန်ပို့ရတာဖြစ်ပြီး သူတို့ရဲ့ ငါးဖမ်းသင်္ဘောဟာ ရေပိုင်နက်ကိုဖြတ်သန်းပြီးနောက် သူတို့ကိုဖမ်းဆီးရမိဖို့ တောင်ကိုရီးယား ရေတပ်က အချိန်နှစ်ရက်ယူခဲ့ရတယ်လို့ သိရပါတယ်။

သင်္ဘောကပ္ပတိန်ရဲ့ ဆိုးဆိုးရွားရွား ဆက်ဆံမှုတွေကြောင့် သူတို့နှစ်ဦးနဲ့ နောက်ထပ်တစ်ဦးတို့ဟာ ကပ္ပတိန်ကို အောက်တိုဘာနှောင်းပိုင်းက သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်တဲ့ အခြားသင်္ဘောသားတွေကိုလည်း တစ်ယောက်ပြီးတစ်ယောက်သတ်ကာ အလောင်းတွေကို ပင်လယ်ထဲပစ်ချခဲ့တယ်လို့ ဝန်ခံခဲ့ကြပါတယ်။

Ref : BBC Photo : Getty Images
#voiceofmyanmar #ဆိုးလ် #တောင်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW