ေက်ာင္းကထိန္ခင္းဖို႔လုပ္တားတဲ့ ပေဒသာပင္က ေငြ(၂၃)သိန္းေက်ာ္ ခိုးယူခံရ

ပုသိမ္၊ ႏိုဝင္ဘာ ၈-၂၀၁၉
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ ပုသိမ္ျမိဳ႕နယ္၊ ေရႊျမင္တင္ေက်းရြာ အထက္တန္းေက်ာင္းမွာ ဒီေန႔နံနက္ပိုင္းအေစာပိုင္းက ေက်ာင္းကထိန္ခင္းဖို႔လုပ္ထားတဲ့ ပေဒသာပင္က ေငြေတြ(၂၃)သိန္းေက်ာ္ခိုးယူခံခဲ့ရတယ္လို႔ ေက်ာင္းအုပ္ဆရာမႀကီးစီကေန သိရပါတယ္။

အထက္တန္းေက်ာင္းက ဆရာ/ဆရာမေတြ၊ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ ေက်းရြာကအလွဴေငြေတြစုေပါင္းၿပီး ရြာအတြင္းက နိေၾကဓာရုံ ေက်ာင္းတိုက္က္ိုပို႔ေဆာင္ဖို႔အတြက္ ညဘက္ ပေဒသာပင္သီးထားခဲ့တဲ့အခ်ိန္မွာ အခိုးခံခဲ့ရတယ္လို႔ သိရပါတယ္။

“ ခိုးယူသူက ေက်ာင္းပင္မေဆာင္သံဇကာကို ေဖာက္ထြင္းဝင္ေရာက္ၿပီး ပေဒသာပင္ ေငြေတြထဲက၂၃သိန္း၈ေသာင္း၉ေထာင္ကို ယူေဆာင္သြားတယ္၊ ေက်ာင္းေစာင့္ျဖစ္သူက နံနက္၂နာရီမွသိခဲ့ရတယ္၊ မနက္ကေက်ာင္းေစာင့္ကဖုန္းဆက္ေတာ့ မယံုနိင္ဘူး တာဝန္ထမ္းေဆာင္တာ၉နစ္ရွိပီ ဒီလိုတစ္ခါပဲႀကံဳဘူးေသးတယ္” လို႔ ေရႊျမင္တင္ေက်းရြာ အထက္တန္းေက်ာင္းက ေက်ာင္းအုပ္ႀကီး ဆရာမေဒၚခ်ိဳခ်ိဳဟန္က ေျပာပါတယ္။

ပေဒသာပင္ကေငြေတြ ခိုးယူခံရတဲ့အတြက္ ေက်ာင္းဘက္ကအမွဳဖြင့္ထားကာ ဌာနတြင္းစစ္ေဆးမွဳမ်ားလည္း ျပဳလုပ္ေနၿပီး တရားခံဖမ္းဆီးနိင္ေရးကိုလည္း ပုသိမ္ၿမိဳ႕မရဲစခန္းက စံုစမ္းစစ္ေဆးတာေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ပုသိမ္ #ပေဒသာပင္ #၂၃သိန္းခိုးခံရ

Unicode

ကျောင်းကထိန်ခင်းဖို့လုပ်တားတဲ့ ပဒေသာပင်က ငွေ(၂၃)သိန်းကျော် ခိုးယူခံရ

ပုသိမ်၊ နိုဝင်ဘာ ၈-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာ အထက်တန်းကျောင်းမှာ ဒီနေ့နံနက်ပိုင်းအစောပိုင်းက ကျောင်းကထိန်ခင်းဖို့လုပ်ထားတဲ့ ပဒေသာပင်က ငွေတွေ(၂၃)သိန်းကျော်ခိုးယူခံခဲ့ရတယ်လို့ ကျောင်းအုပ်ဆရာမကြီးစီကနေ သိရပါတယ်။

အထက်တန်းကျောင်းက ဆရာ/ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ကျေးရွာကအလှူငွေတွေစုပေါင်းပြီး ရွာအတွင်းက နိကြေဓာရုံ ကျောင်းတိုက်ကိုပို့ဆောင်ဖို့အတွက် ညဘက် ပဒေသာပင်သီးထားခဲ့တဲ့အချိန်မှာ အခိုးခံခဲ့ရတယ်လို့ သိရပါတယ်။

“ ခိုးယူသူက ကျောင်းပင်မဆောင်သံဇကာကို ဖောက်ထွင်းဝင်ရောက်ပြီး ပဒေသာပင် ငွေတွေထဲက၂၃သိန်း၈သောင်း၉ထောင်ကို ယူဆောင်သွားတယ်၊ ကျောင်းစောင့်ဖြစ်သူက နံနက်၂နာရီမှသိခဲ့ရတယ်၊ မနက်ကကျောင်းစောင့်ကဖုန်းဆက်တော့ မယုံနိင်ဘူး တာဝန်ထမ်းဆောင်တာ၉နစ်ရှိပီ ဒီလိုတစ်ခါပဲကြုံဘူးသေးတယ်” လို့ ရွှေမြင်တင်ကျေးရွာ အထက်တန်းကျောင်းက ကျောင်းအုပ်ကြီး ဆရာမဒေါ်ချိုချိုဟန်က ပြောပါတယ်။

ပဒေသာပင်ကငွေတွေ ခိုးယူခံရတဲ့အတွက် ကျောင်းဘက်ကအမှုဖွင့်ထားကာ ဌာနတွင်းစစ်ဆေးမှုများလည်း ပြုလုပ်နေပြီး တရားခံဖမ်းဆီးနိင်ရေးကိုလည်း ပုသိမ်မြို့မရဲစခန်းက စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #ပုသိမ် #ပဒေသာပင် #၂၃သိန်းခိုးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW