လႊတ္ေတာ္ကိုယ္စားလွယ္ကို ဖမ္းၿပီး က်ပ္သိန္းသုံးေထာင္နဲ႔ ျပန္ေ႐ြးခိုင္းတာ ဓါးျပသာသာလုပ္ရပ္အ ဆင့္သာျဖစ္

Zawgyi

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၁၅၊ ၂၀၁၉
သီရိ (VOM)

လႊတ္ေတာ္ကိုယ္စားလွယ္ကို ဖမ္းၿပီး က်ပ္သိန္းသုံးေထာင္နဲ႔ ျပန္ေ႐ြးခိုင္းတာ ဓါးျပသာသာလုပ္ရပ္အ ဆင့္သာျဖစ္တယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာလိုက္ပါတယ္။

ႏိုဝင္ဘာလ ၁၅ ရက္က ေနျပည္ေတာ္သမၼတအိမ္ေတာ္သတင္းစာရွင္းလင္းေရးခန္းမမွာ လုပ္တဲ့ သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံတဲ့အခ်ိန္မွာ ေျပာဆိုလိုက္တာျဖစ္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္၊ ခ်င္းျပည္နယ္မဲဆႏၵနယ္အမွတ္ ၁၁ မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၃ ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္မယ့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ၁၄ ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးကို လာေရာက္ေနတဲ့ ခရီးစဥ္အတြင္း ရခိုင္လက္ နက္ကိုင္အဖြဲ႕ ေအေအက ဖမ္းဆီေခၚေဆာင္ထားၿပီး ေငြက်ပ္ သိန္းသုံးေထာင္နဲ႔ ျပန္လည္ေ႐ြးယူဖို႔ ထုတ္ျပန္ ခ်က္တစ္ခု ထုတ္ျပန္ထားပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ဆိုတာ ျပည္သူလူထုက ေ႐ြးခ်ယ္ထားတဲ့သူ၊ ဥပေဒျပဳေရးမ႑ိဳင္ကိုလည္း ကိုယ္စားျပဳသူလည္းျဖစ္လို႔ ၎ကို ဖမ္းဆီတာဟာ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာကို ထိပါးတာျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

“သိန္း သုံးေထာင္ဆိုတာ ေတာင္းထားတာေတြ႕တယ္။ ဒါက ဆိုမာလီယာပင္လယ္ဓါးျပေတြရဲ႕လုပ္ရပ္သ ေဘာဆန္တယ္။ ဒါ တိုင္းရင္းသားအခြင့္အေရး ေတာင္းဆိုတာမဟုတ္ဘူးဆိုတာ ေျပာခ်င္တယ္”လို႔ ဆိုပါတယ္။

ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ရခိုင္ျပည္နယ္မွာ ေအေအအဖြဲ႕ေတြ စၿပီးလႈပ္ရွားလာတဲ့ အခ်ိန္ကတည္းက ေသာင္းက်န္းသူႏွိမ္နင္းေရး စစ္ဆင္ေရးကို ထိထိေရာက္ေရာက္ေဆာင္႐ြက္ဖို႔ ၫႊန္ၾကားထားလို႔ တပ္မေတာ္အ ေနနဲ႔ ထိထိေရာက္ေရာက္ေဆာင္႐ြက္ႏိုင္ဖို႔ လိုေၾကာင္းလည္းေျပာပါတယ္။

တစ္ဖက္မွာလည္း တိုင္းရင္းသားအခြင့္အေရးေတြ၊ ျပည္နယ္အခြင့္အေရးေတြလိုခ်င္တယ္ဆိုရင္ ႏိုင္ငံ ေရးေဆြးေႏြးပြဲကိုလာဖို႔၊ ေအေအအဖြဲ႕ အခု လုပ္ေနတဲ့ ေတြ႕တဲ့လူဖမ္းတာေတြ၊ ဖမ္းတဲ့အထဲမွာ အထူးသျဖင့္ တပ္မေတာ္သားစစ္စစ္ေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ၊ ႏိုင္ငံဝန္ထမ္းေတြ၊ သစ္ေတာဝန္ထမ္းေတြပါဝင္ေနတာဟာလည္း ႏိုင္ငံေတာ္ရဲ႕ ဝန္ထမ္းေတြကို ဓါးစာခံလုပ္ၿပီးေတာ့ ဖမ္းထားတာမ်ိဳးျဖစ္တယ္လို႔ ဦးေဇာ္ေဌးက သုံးသပ္ပါတယ္။

“သူတို႔က ဘယ္ေလာက္ထိ စည္းနဲ႔ ကမ္းနဲ႔ လုပ္ လို႔လဲ။ ဘယ္ေလာက္ထိ စနစ္တက်ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းျဖစ္လို႔လဲ။ အခု နယ္ထဲမွာေပါ့ေနာ္။ ကိုယ့္ စစ္ဘုရင္ဝါဒနဲ႔ လုပ္ခ်င္တိုင္းလုပ္ အဲ့လိုမ်ိဳးေတာ့ လက္ခံ လို႔မရဘူး။ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ကို သိန္း သုံးေထာင္နဲ႔ ျပန္ေ႐ြးဖို႔ ထုတ္ျပန္ခ်က္ထုတ္ထားတာရွိ တယ္။ အဲ့ဒီမွာ တစ္စုံတစ္ရာျငင္းခ်က္ထုတ္ထားတာမရွိဘူး။ ဥပမာအားျဖင့္ ေငြစကၠဴလိုကိစၥမ်ိဳး ျငင္းခ်က္ထုတ္ တယ္။ ဒီ သိန္း သုံးေထာင္ေတာင္းတဲ့ကိစၥက ျငင္းခ်က္မထုတ္တဲ့အတြက္ သူတို႔ကဒါကို သူတို႔လုပ္တယ္လို႔ယူ ဆရတယ္။ အဲ့ဒီေတာ့ ဒီလိုမ်ိဳး လူကိုဖမ္းတယ္ ပိုက္ဆံဘယ္ေလာက္နဲ႔ ေ႐ြးပါေျပာတာက တကယ့္ ဓါးျပသာသာ အဆင့္ပဲရွိတယ္”လို႔ ဦးေဇာ္ေဌးက ေျပာဆိုသြားပါတယ္။

 

Unicode

လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းပြီး ကျပ်သိန်းသုံးထောင်နဲ့ ပြန်ရွေးခိုင်းတာ ဓါးပြသာသာလုပ်ရပ်အ ဆင့်သာဖြစ်

နေပြည်တော်၊ နိုဝင်ဘာ ၁၅၊ ၂၀၁၉
သီရိ (VOM)

လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းပြီး ကျပ်သိန်းသုံးထောင်နဲ့ ပြန်ရွေးခိုင်းတာ ဓါးပြသာသာလုပ်ရပ်အ ဆင့်သာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်က နေပြည်တော်သမ္မတအိမ်တော်သတင်းစာရှင်းလင်းရေးခန်းမမှာ လုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို လာရောက်နေတဲ့ ခရီးစဉ်အတွင်း ရခိုင်လက် နက်ကိုင်အဖွဲ့ အေအေက ဖမ်းဆီခေါ်ဆောင်ထားပြီး ငွေကျပ် သိန်းသုံးထောင်နဲ့ ပြန်လည်ရွေးယူဖို့ ထုတ်ပြန် ချက်တစ်ခု ထုတ်ပြန်ထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူလူထုက ရွေးချယ်ထားတဲ့သူ၊ ဥပဒေပြုရေးမဏ္ဍိုင်ကိုလည်း ကိုယ်စားပြုသူလည်းဖြစ်လို့ ၎င်းကို ဖမ်းဆီတာဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“သိန်း သုံးထောင်ဆိုတာ တောင်းထားတာတွေ့တယ်။ ဒါက ဆိုမာလီယာပင်လယ်ဓါးပြတွေရဲ့လုပ်ရပ်သ ဘောဆန်တယ်။ ဒါ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုတာမဟုတ်ဘူးဆိုတာ ပြောချင်တယ်”လို့ ဆိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ အေအေအဖွဲ့တွေ စပြီးလှုပ်ရှားလာတဲ့ အချိန်ကတည်းက သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ ညွှန်ကြားထားလို့ တပ်မတော်အ နေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ လိုကြောင်းလည်းပြောပါတယ်။

တစ်ဖက်မှာလည်း တိုင်းရင်းသားအခွင့်အရေးတွေ၊ ပြည်နယ်အခွင့်အရေးတွေလိုချင်တယ်ဆိုရင် နိုင်ငံ ရေးဆွေးနွေးပွဲကိုလာဖို့၊ အေအေအဖွဲ့ အခု လုပ်နေတဲ့ တွေ့တဲ့လူဖမ်းတာတွေ၊ ဖမ်းတဲ့အထဲမှာ အထူးသဖြင့် တပ်မတော်သားစစ်စစ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံဝန်ထမ်းတွေ၊ သစ်တောဝန်ထမ်းတွေပါဝင်နေတာဟာလည်း နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေကို ဓါးစာခံလုပ်ပြီးတော့ ဖမ်းထားတာမျိုးဖြစ်တယ်လို့ ဦးဇော်ဌေးက သုံးသပ်ပါတယ်။

“သူတို့က ဘယ်လောက်ထိ စည်းနဲ့ ကမ်းနဲ့ လုပ် လို့လဲ။ ဘယ်လောက်ထိ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်လို့လဲ။ အခု နယ်ထဲမှာပေါ့နော်။ ကိုယ့် စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တိုင်းလုပ် အဲ့လိုမျိုးတော့ လက်ခံ လို့မရဘူး။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို သိန်း သုံးထောင်နဲ့ ပြန်ရွေးဖို့ ထုတ်ပြန်ချက်ထုတ်ထားတာရှိ တယ်။ အဲ့ဒီမှာ တစ်စုံတစ်ရာငြင်းချက်ထုတ်ထားတာမရှိဘူး။ ဥပမာအားဖြင့် ငွေစက္ကူလိုကိစ္စမျိုး ငြင်းချက်ထုတ် တယ်။ ဒီ သိန်း သုံးထောင်တောင်းတဲ့ကိစ္စက ငြင်းချက်မထုတ်တဲ့အတွက် သူတို့ကဒါကို သူတို့လုပ်တယ်လို့ယူ ဆရတယ်။ အဲ့ဒီတော့ ဒီလိုမျိုး လူကိုဖမ်းတယ် ပိုက်ဆံဘယ်လောက်နဲ့ ရွေးပါပြောတာက တကယ့် ဓါးပြသာသာ အဆင့်ပဲရှိတယ်”လို့ ဦးဇော်ဌေးက ပြောဆိုသွားပါတယ်။

#VoiceOfMyanmar #ဦးဝှေ့တင်း
#AA #အေအေ

Related posts

Leave a Comment

VOM News

FREE
VIEW