ျမန္မာႏိုင္ငံရဲ႕အေျခအေနက ႏိုင္ငံသားအားလံုး စည္းလံုးညီၫႊတ္ရမယ့္အခ်ိန္ျဖစ္တယ္လို႔ တပ္ခ်ဳပ္ေျပာ

ရန္ကုန္၊ႏိုဝင္ဘာ ၂၂-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

ျမန္မာႏိုင္ငံရဲ႕ လက္ရိွအေျခအေနဟာ ျမန္မာႏိုင္ငံသားတိုင္း စည္းလံုးညီၫႊတ္ရမယ့္ အခ်ိန္ျဖစ္တယ္လို႔ ႏို၀င္ဘာ၂၁ရက္က ေရႊတိဂံုဘုရားပတ္လမ္းမွာရိွတဲ့ တပ္မေတာ္ဓမၼာ႐ံုမွာ YMBA အသင္းကဦးေဆာင္က်င္းပတဲ့ ၉၉ႀကိမ္ေျမာက္ အမ်ဳိးသားေအာင္ပြဲေန႔အခမ္းအနားကို သဝဏ္လႊာေပးပို႔ရာမွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိွဳင္က ထည့္သြင္းေျပာၾကားထားတာျဖစ္ပါတယ္။

“အခုအခ်ိန္ကာလမွ ျပည္ေထာင္စု ျမန္မာနိုင္ငံ အေနနဲ႔ တည္ၿငိမ္ ေအးခ်မ္းမူ၊ စည္းလုံးညီညြတ္မူနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မူတို႔ အထူးလိုအပ္ေနေသာ အခ်ိန္ကာလျဖစ္ပါတယ္။ ထိုလိုအပ္ခ်က္မ်ားအား ျဖည့္ဆည္းနိုင္ေရးအတြက္ စည္းလုံးညီညြတ္မူသည္ အဓိကအေျခခံျဖစ္ၿပီးေတာ့ အားလုံးက ဝိုင္းဝန္းႀကိဳးပမ္းေဆာင္ရြက္ရမဲ့ အခ်က္ျဖစ္ပါတယ္။ တစ္ေျမတည္းေန၊ တစ္ေရထဲေသာက္၊ တစ္ေလထဲ႐ူသည့္ ျမန္မာနိုင္ငံသားအားလုံး၊ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ားအားလုံး ေရပက္မဝင္ေသာ၊ စည္းလုံးမူ ေရကိုတားေသာ၊ အၾကားမထင္ေသာ စည္းလုံးမူကို တည္ေဆာင္ရမယ့္အခ်ိန္ျဖစ္ပါတယ္။”ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ က သဝဏ္လႊာမွာ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

သမၼတေျပာေရးဆိုခြင့္ရိွသူ ဦေဇာ္းေဌးကလည္း ႏိုင္ငံတကာ ဖိအားမ်ားေနခ်ိန္မွာ မည္သည့္ႏိုင္ငံေရးခံယူခ်က္မ်ား ကြဲျပားေနပါေစ ျပည္တြင္းတြင္း စည္းလံုးညီၫႊတ္ရမယ့္ အခ်ိန္ျဖစ္တယ္လို႔ သမၼတအိမ္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာလည္း ရိွပါတယ္။

လက္ရွိ အျပည္ျပည္ဆိုင္ရာတရားရံုးICJ မွာ ဂမ္ဘီယာႏိုင္ငံကေန ျမန္မာႏုိင္ငံအေပၚ တရားစြဲဆိုထားတာကို တံု႔ျပန္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ နယ္သာလန္ႏိုင္ငံကို သြားမယ္လို႔ သမၼတရံုးက ထုတ္ျပန္ထားတာျဖစ္ၿပီး ICJ ရံုးရွိရာ နယ္သာလန္ႏိုင္ငံ The Hague ျမိဳ႕ကို သြားေရာက္တဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ႏိုင္ငံျခားေရးရာ ျပည္ေထာင္စုဝန္ၾကီး အျဖစ္သြားေရာက္မယ္လို႔လည္း သမၼတရံုးရဲ႕ ထုတ္ျပန္ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာနိုင္ငံဟာ ရခိုင္ျပည္နယ္က ေနရပ္စြန႔္ခြာသြားသူေတြနဲ႔ ပတ္သက္တဲ့ ကိစၥေတြမွာ လူ႔အခြင့္အေရး ေဖာက္ဖ်က္မွုေတြ ရွိတယ္ဆိုတဲ့ စြဲခ်က္ကို အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ (OIC) ကိုယ္စား၊ ဂမ္ဘီယာ နိုင္ငံက ICJ ကို တင္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီအမွုအတြက္ ICJ ႐ုံးရွိရာ နယ္သာလန္နိုင္ငံ The Hague ၿမိဳ့မွာ လာမယ့္ ဒီဇင္ဘာ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ အမ်ားျပည္သူေရွ႕ေမွာက္မွာ ၾကားနာမွာ ျဖစ္ပါတယ္။

Photo-YMBA
#voiceofmyanmar #ရန္ကုန္ #တပ္ခ်ဳပ္ #မင္းေအာင္လိွဳင္

Unicode

မြန်မာနိုင်ငံရဲ့အခြေအနေက နိုင်ငံသားအားလုံး စည်းလုံးညီညွှတ်ရမယ့်အချိန်ဖြစ်တယ်လို့ တပ်ချုပ်ပြော

ရန်ကုန်၊နိုဝင်ဘာ ၂၂-၂၀၁၉
ချမ်းငြိမ်း(VOM)

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံသားတိုင်း စည်းလုံးညီညွှတ်ရမယ့် အချိန်ဖြစ်တယ်လို့ နိုဝင်ဘာ၂၁ရက်က ရွှေတိဂုံဘုရားပတ်လမ်းမှာရှိတဲ့ တပ်မတော်ဓမ္မာရုံမှာ YMBA အသင်းကဦးဆောင်ကျင်းပတဲ့ ၉၉ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားထားတာဖြစ်ပါတယ်။

“အခုအချိန်ကာလမှ ပြည်ထောင်စု မြန်မာနိုင်ငံ အနေနဲ့ တည်ငြိမ် အေးချမ်းမူ၊ စည်းလုံးညီညွတ်မူနဲ့ ဖွံ့ဖြိုးတိုးတက်မူတို့ အထူးလိုအပ်နေသော အချိန်ကာလဖြစ်ပါတယ်။ ထိုလိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရေးအတွက် စည်းလုံးညီညွတ်မူသည် အဓိကအခြေခံဖြစ်ပြီးတော့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမဲ့ အချက်ဖြစ်ပါတယ်။ တစ်မြေတည်းနေ၊ တစ်ရေထဲသောက်၊ တစ်လေထဲရူသည့် မြန်မာနိုင်ငံသားအားလုံး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ရေပက်မဝင်သော၊ စည်းလုံးမူ ရေကိုတားသော၊ အကြားမထင်သော စည်းလုံးမူကို တည်ဆောင်ရမယ့်အချိန်ဖြစ်ပါတယ်။”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သဝဏ်လွှာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

သမ္မတပြောရေးဆိုခွင့်ရှိသူ ဦဇော်းဌေးကလည်း နိုင်ငံတကာ ဖိအားများနေချိန်မှာ မည်သည့်နိုင်ငံရေးခံယူချက်များ ကွဲပြားနေပါစေ ပြည်တွင်းတွင်း စည်းလုံးညီညွှတ်ရမယ့် အချိန်ဖြစ်တယ်လို့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာလည်း ရှိပါတယ်။

လက်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးICJ မှာ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတာကို တုံ့ပြန်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကို သွားမယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားတာဖြစ်ပြီး ICJ ရုံးရှိရာ နယ်သာလန်နိုင်ငံ The Hague မြို့ကို သွားရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးရာ ပြည်ထောင်စုဝန်ကြီး အဖြစ်သွားရောက်မယ်လို့လည်း သမ္မတရုံးရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်ကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား၊ ဂမ်ဘီယာ နိုင်ငံက ICJ ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီအမှုအတွက် ICJ ရုံးရှိရာ နယ်သာလန်နိုင်ငံ The Hague မြို့မှာ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အများပြည်သူရှေ့မှောက်မှာ ကြားနာမှာ ဖြစ်ပါတယ်။

Photo-YMBA
#voiceofmyanmar #ရန်ကုန် #တပ်ချုပ် #မင်းအောင်လှိုင်

Related posts

Leave a Comment

VOM News

FREE
VIEW