အသက္ ၁၈ ႏွစ္ေအာက္ကေလးေတြကို ေဆးလိပ္ႏွင့္ေဆးရြက္ႀကီးေရာင္းခ်ေပးေနမွဳ ထိေရာက္စြာအေရးယူေတာ့မယ္

ရန္ကုန္ နိုဝင္ဘာ ၂၃-၂၀၁၉
သိဂီ ၤ( VOM)

ေဆးလိပ္ ေဆးရြက္ႀကီးကို အခြန္တိုးျမင့္ေကာက္ေတာ့မွာျဖစ္သလို အသက္ ၁၈ ႏွစ္ေအာက္ ကေလးေတြဆီ ေရာင္းခ်ေနတဲ့ကိစၥကိုပါ တားျမစ္အေရးယူသြားေတာ့မယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကေန သိရပါတယ္။

ဒါ့အျပင္ ေဆးလိပ္၊ေဆးရြက္ႀကီးထြက္ ပစၥည္းေတြမွာပါဝင္တဲ႕ ဓါတုပစၥည္းနဲ႕ အျခားပစၥည္းေတြ ပါဝင္မွု ပမာဏကိုစစ္ေဆးဖို႕ နည္းလမ္းရွာေဖြသြားမွာျဖစ္သလို ေဆးလိပ္နဲ႔ေဆးရြက္ႀကီး ေၾကာ္ျငာျခင္း၊ အေရာင္းျမႇင့္တင္ျခင္း၊ ကိစၥအေၾကာင္းအရာတစ္စုံတစ္ခုအတြက္ ေထာက္ပံ့ကာ ပုံရိပ္ျမႇင့္တင္ျခင္း (Tobacco Advertising, Promotion, and Sponsorship) ေတြကိုပါ ထိန္းခ်ဳပ္တားျမစ္တာကို သက္ဆိုင္ရာဝန္ႀကီးဌာန၊ ဦးစီးဌာန၊ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းလက္တြဲေဆာင္ရြက္သြားမယ္လို႕သိရပါတယ္။

“ေဆးလိပ္နဲ႕ ေဆးရြက္ႀကီးထြက္ပစၥည္းေသာက္သုံးမွု ထိန္းခ်ဳပ္ေရးဉပေဒ (၂၀၀၆) ကိုလည္း ျပန္လည္ဆန္းစစ္ျပီး အသစ္ျပန္လည္ေရးဆြဲပါမယ္။ ေဆးလိပ္ဘူးခြံေတြ ထုတ္ပိုးမွုကိုလည္း ေဆးလိပ္မူလအမွတ္တံဆိပ္နဲ႕ အေရာင္အေသြးမပါဘဲ စံသတ္မွတ္ထုပ္ပိုးမွုပုံစံနဲ႕ ထုတ္လုပ္ရမယ္။ ေဆးလိပ္ေငြ႕ကင္းစင္တဲဲ့ေဒသေတြ ပိုၿပီးသတ္မွတ္ေဆာင္ရြက္မယ္။ ဒါက ျပည္သူေတြကို ေဆးလိပ္ေငြ႕အႏၲရာယ္ကေန ကာကြယ္ေပးနိုင္တယ္။ဒါေႀကာင့္ စည္ပင္သာယာေရးေကာ္မတီေတြနဲ႕ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္တယ္” လို႕ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးကေျပာပါတယ္။

ႏိုဝင္ဘာလ ၁၉ ရက္ကေန ၂၂ ရက္အထိ ေနျပည္ေတာ္မွာျပဳလုပ္ခဲ့တဲ့ ေဆးလိပ္ေဆးရြက္ႀကီး သုံးစြဲမွုထိန္းခ်ဳပ္ေရးမူဝါဒႏွင့္ဥပေဒအား ျပန္လည္သုံးသပ္ျခင္း၊ အသစ္ျပန္လည္ေရးဆြဲနိုင္ေရးနဲ႔ပတ္သက္တဲ႕ အလုပ္႐ုံေဆြးေႏြးပြဲမွာ ဦးစားေပးေဆာင္ရြက္မယ့္ကိစၥအျဖစ္္ အထက္မွာေဖာ္ျပခဲ့တဲ့ အခ်က္ေတြအပါအဝင္ အခ်က္ ၁၂ ခ်က္ကိုခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ဒီအခ်က္ေတြထဲမွာ လက္ရွိ ေဆးရြက္ႀကီးထြက္ပစၥည္း ထိန္းခ်ဳပ္ျခင္းႏွင့္ပတ္သက္တဲ့မူဝါဒ၊ နည္းဗ်ဴဟာေတြကိုပါ ျပန္လည္ေရးဆြဲမယ့္လုပ္ငန္း ၊ ျမန္မာနိုင္ငံကို တင္သြင္းထုတ္လုပ္ေရာင္းခ်ေနတဲ့ ေဆးလိပ္ဘူးခြံေတြကို မူလအမွတ္တံဆိပ္နဲ႔သာ အေရာင္အေသြးမပါဝင္ဘဲ ထုတ္ပိုးျခင္း “စံသတ္မွတ္ထုတ္ပိုးမွု ပုံစံ (plain packaging)” ျဖင့္သာ ထုတ္ပိုးရမယ္လို႔ပါဝင္ပါတယ္။

ဒါ့အျပင္ WHO FCTC မွာပါဝင္တ့ဲဲ အခ်က္ေတြနဲ႕ကိုက္ညီၿပီး ထိေရာက္မယ့္ ေဆးလိပ္ႏွင့္ေဆးရြက္ႀကီး ထိန္းခ်ဳပ္ေရးဥပေဒသစ္ကို ေရးဆြဲသြားဖို႕ ျပဌာန္းထားတဲ႕ဥပေဒ၊ အမိန႔္ေၾကာ္ျငာစာေတြနဲ႔အညီ ဥပေဒစိုးမိုးမွု ရွိေစဖို႔ကို သက္ဆိုင္ရာဌာနေတြက အခန္းက႑အလိုက္ တာဝန္ယူေဆာင္ရြက္ရမယ္ဆိုတဲ႕ အခ်က္ေတြလည္းပါရွိပါတယ္။

” ေဆးလိပ္ေသာက္တာကို ဘယ္လိုထိန္းခ်ဳပ္မလဲေပါ့။ လက္ဘက္ရည္ဆိုင္ျဖစ္ျဖစ္ ဘီယာဆိုင္ျဖစ္ျဖစ္ ျကည့္လိုက္ပါ ေဆးလိပ္မေသာက္သူနည္းပါတယ္။ ေနာက္ ေက်ာင္းသားေလးေတြ ေက်ာင္းျပင္ပမွေသာက္ၾကတယ္၊ အိမ္သာထဲခိုးေသာက္တယ္၊ ဒါေတြဟိုးအရင္ထဲက ရွိေနတာ။ ဘယ္လိုထိန္းသိမ္းျကမလဲ ” လို႕ ကမာရြတ္ျမိဳ႕နယ္မွာေနတဲ့ ဦးတင္ေဌးကေျပာပါတယ္။

လက္ရွိမွာေတာ့ ျမန္မာနိုင္ငံမွာ ေဆးလိပ္ေသာက္သုံးမႈႏႈန္းက အသက္ ၁၈ ႏွစ္မျပည့္ေသးတဲ႕ ေက်ာင္းသားအရြယ္ကေန အသက္ႀကီးရင့္တဲ႕အရြယ္အထိ ရွိေနတယ္လို႔သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေဆးလိပ္ #လူငယ္

Unicode

အသက် ၁၈ နှစ်အောက်ကလေးတွေကို ဆေးလိပ်နှင့်ဆေးရွက်ကြီးရောင်းချပေးနေမှု ထိရောက်စွာအရေးယူတော့မယ်

ရန်ကုန် နိုဝင်ဘာ ၂၃-၂၀၁၉
သိဂီ ၤ( VOM)

ဆေးလိပ် ဆေးရွက်ကြီးကို အခွန်တိုးမြင့်ကောက်တော့မှာဖြစ်သလို အသက် ၁၈ နှစ်အောက် ကလေးတွေဆီ ရောင်းချနေတဲ့ကိစ္စကိုပါ တားမြစ်အရေးယူသွားတော့မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

ဒါ့အပြင် ဆေးလိပ်၊ဆေးရွက်ကြီးထွက် ပစ္စည်းတွေမှာပါဝင်တဲ့ ဓါတုပစ္စည်းနဲ့ အခြားပစ္စည်းတွေ ပါဝင်မှု ပမာဏကိုစစ်ဆေးဖို့ နည်းလမ်းရှာဖွေသွားမှာဖြစ်သလို ဆေးလိပ်နဲ့ဆေးရွက်ကြီး ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ကိစ္စအကြောင်းအရာတစ်စုံတစ်ခုအတွက် ထောက်ပံ့ကာ ပုံရိပ်မြှင့်တင်ခြင်း (Tobacco Advertising, Promotion, and Sponsorship) တွေကိုပါ ထိန်းချုပ်တားမြစ်တာကို သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမယ်လို့သိရပါတယ်။

“ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဉပဒေ (၂၀၀၆) ကိုလည်း ပြန်လည်ဆန်းစစ်ပြီး အသစ်ပြန်လည်ရေးဆွဲပါမယ်။ ဆေးလိပ်ဘူးခွံတွေ ထုတ်ပိုးမှုကိုလည်း ဆေးလိပ်မူလအမှတ်တံဆိပ်နဲ့ အရောင်အသွေးမပါဘဲ စံသတ်မှတ်ထုပ်ပိုးမှုပုံစံနဲ့ ထုတ်လုပ်ရမယ်။ ဆေးလိပ်ငွေ့ကင်းစင်တဲ့ဒေသတွေ ပိုပြီးသတ်မှတ်ဆောင်ရွက်မယ်။ ဒါက ပြည်သူတွေကို ဆေးလိပ်ငွေ့အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်။ဒါကြောင့် စည်ပင်သာယာရေးကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက်ကနေ ၂၂ ရက်အထိ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုထိန်းချုပ်ရေးမူဝါဒနှင့်ဥပဒေအား ပြန်လည်သုံးသပ်ခြင်း၊ အသစ်ပြန်လည်ရေးဆွဲနိုင်ရေးနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဦးစားပေးဆောင်ရွက်မယ့်ကိစ္စအဖြစ် အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေအပါအဝင် အချက် ၁၂ ချက်ကိုချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီအချက်တွေထဲမှာ လက်ရှိ ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်းနှင့်ပတ်သက်တဲ့မူဝါဒ၊ နည်းဗျူဟာတွေကိုပါ ပြန်လည်ရေးဆွဲမယ့်လုပ်ငန်း ၊ မြန်မာနိုင်ငံကို တင်သွင်းထုတ်လုပ်ရောင်းချနေတဲ့ ဆေးလိပ်ဘူးခွံတွေကို မူလအမှတ်တံဆိပ်နဲ့သာ အရောင်အသွေးမပါဝင်ဘဲ ထုတ်ပိုးခြင်း “စံသတ်မှတ်ထုတ်ပိုးမှု ပုံစံ (plain packaging)” ဖြင့်သာ ထုတ်ပိုးရမယ်လို့ပါဝင်ပါတယ်။

ဒါ့အပြင် WHO FCTC မှာပါဝင်တဲ့ဲ အချက်တွေနဲ့ကိုက်ညီပြီး ထိရောက်မယ့် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေသစ်ကို ရေးဆွဲသွားဖို့ ပြဌာန်းထားတဲ့ဥပဒေ၊ အမိန့်ကြော်ငြာစာတွေနဲ့အညီ ဥပဒေစိုးမိုးမှု ရှိစေဖို့ကို သက်ဆိုင်ရာဌာနတွေက အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမယ်ဆိုတဲ့ အချက်တွေလည်းပါရှိပါတယ်။

” ဆေးလိပ်သောက်တာကို ဘယ်လိုထိန်းချုပ်မလဲပေါ့။ လက်ဘက်ရည်ဆိုင်ဖြစ်ဖြစ် ဘီယာဆိုင်ဖြစ်ဖြစ် ကြည့်လိုက်ပါ ဆေးလိပ်မသောက်သူနည်းပါတယ်။ နောက် ကျောင်းသားလေးတွေ ကျောင်းပြင်ပမှသောက်ကြတယ်၊ အိမ်သာထဲခိုးသောက်တယ်၊ ဒါတွေဟိုးအရင်ထဲက ရှိနေတာ။ ဘယ်လိုထိန်းသိမ်းကြမလဲ ” လို့ ကမာရွတ်မြို့နယ်မှာနေတဲ့ ဦးတင်ဌေးကပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးမှုနှုန်းက အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကျောင်းသားအရွယ်ကနေ အသက်ကြီးရင့်တဲ့အရွယ်အထိ ရှိနေတယ်လို့သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ဆေးလိပ် #လူငယ်

Related posts

Leave a Comment

VOM News

FREE
VIEW