ထုိင္း-ျမန္မာ နံရံေဆးေရးပန္းခ်ီေတြရွိတဲ့ ေရွးေဟာင္းသမုိင္းဝင္ မဟာသိမ္ေတာ္ႀကီး ပ်က္စီးမႈမ်ားၿဖစ္ေပၚေန

စစ္ကုိင္း၊ႏုိဝင္ဘာ ၂၅-၂၀၁၉
ရႈိင္းေအာင္ (VOM)

စစ္ကုိင္းၿမဳိ႕၊ ဒါးဝယ္ေစ်းတုိက္နယ္၊ သမုိင္းဝင္ ေဝဠဳဝန္ငါးထပ္ႀကီးဘုရားအနီးက မဟာသိမ္ေတာ္ေက်ာင္းတိုက္ရွိ ထုိင္း ၊ၿမန္မာ နံရံေဆးေရးပန္းခ်ီ လက္ရာမ်ားစြာရွိတဲ့ ေရွးေဟာင္း မဟာသိမ္ေတာ္ႀကီးရဲ႕ အျပင္ဘက္နံရံေတြ ပ်က္စီးမႈၿဖစ္ေနတယ္လုိ႔ မဟာသိမ္ေတာ္ေက်ာင္းတိုက္ကေန သိရပါတယ္။

ေရွးေဟာင္းမဟာသိမ္ေတာ္ႀကီး တည္ေနရာက ဧရာဝတီျမစ္ေရ ျမင့္တက္ခ်ိန္မွာ ႏွစ္စဥ္ေရဝင္ေရာက္မႈေတြ ရွိေနတဲ့အတြက္ ႏွစ္ကာလၾကာလာတဲ့အခါ အမုိးေတြရဲ႕ႀကံခုိင္မႈအားနည္းၿပီး ေရမ်ားစိမ့္ဝင္ကာ နံရံေဆးေရးပန္းခ်ီေတြကို ပ်က္စီးႏုိင္တဲ့ အေျခအေနရွိေနတာ ျဖစ္ပါတယ္။

”အုတ္နံရံ႕အခ်ဳိ႕ကြာက်ပ်က္စီးေနတာ ဒီေန႔မနက္မွာေတြ႕ခဲ့တယ္။ ထိန္းသိမ္းမႈေတြ အၿမန္မလုပ္ဘူးဆုိ ေရရွည္က် သဘာဝေဘးဒဏ္ေႀကာင့္ ပ်က္စီးမယ္။ အရင္တုန္းကေတာ့ ဦးဇင္းက ထိန္းသိမ္းေစာင့္ေရွာက္ခဲ့တယ္။ အခု သက္ဆုိင္ရာ၊ဌာနဆုိင္ရာက တာဝန္ရွိသူေတြပါဝင္တဲ့ ၿပဳၿပဳင္ထိန္းသိမ္းေရးေကာ္မတီဖြဲ႕ၿပီး ေဆာင္ရြက္ေနတယ္လို႕ေၿပာပါတယ္။ ဘယ္လုိလုပ္ေဆာင္မယ္။ ဘာေတြလုပ္မယ္ဆုိတာ ဦးဇင္းကုိ ဘာမွေတာ့လာမေၿပာေသးဘူး။ အခုလက္ရွိက အလွဴရွင္ေတြနဲ႕ သိမ္ေတာ္ႀကီး အၿပင္ဘက္ ပတ္ပတ္လည္ကုိ အုတ္တံတုိင္းခတ္ေနပါတယ္ “လုိ႔ မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္္ ဆရာေတာ္မွ မိန္႔ပါတယ္။

ထုိင္း၊ျမန္မာ နံရံေဆးေရးပန္ခ်ီလက္ရာမ်ားစြာရိွတဲ့ ေရွးေဟာင္းမဟာသိမ္ေတာ္ႀကီးကို သဘာဝေဘး အႏၲရာယ္ကာကြယ္ဖို႔ ေရကာတာ နဲ႔ အမုိး တည္ေဆာက္ျခင္းလုပ္ငန္းေတြလုပ္ဖို႔အတြက္ ထုိင္းႏုိင္ငံ ေ႐ွးေဟာင္းယဥ္ေက်းမႈ ထိန္းသိမ္းေရးအဖြဲ႕က ၂၀၁၈ ခုႏွစ္ ဧျပီလ ၂၉ ရက္ေန႔က မဟာသိမ္ေတာ္ေက်ာင္းတုိက္မွာ အလွဴေငြအပ္ျခင္းအခမ္းအနား တစ္ရပ္ျပဳလုပ္ကာ အလႉေငြမ်ား ေပးအပ္လွဴဒါန္းခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အၿပင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၉ ရက္ေန႕က စစ္ကိုင္းၿမဳိ႕၊ ဟုိတယ္စစ္ကုိင္း မွာ ေ႐ွးေဟာင္းသိမ္ေတာ္ႀကီး ျပဳျပင္ထိန္းသိမ္းေရးအတြက္ လုပ္ငန္းညွိႏႈိင္းအစည္းအေဝးကုိ က်င္းပၿပဳလုပ္ခဲ့ၿပီး အဲ့ဒီအခမ္းအနားမွာ ေ႐ွးေဟာင္း မဟာသိမ္ေတာ္ႀကီးၿပဳျပင္ထိန္းသိမ္းႏုိင္ေရးအတြက္ ထုိင္း ႐ုပ္သံလုိင္းတစ္ခုက ဘတ္ေငြေၿခာက္သိန္း ကုိ သိမ္ေတာ္ႀကီးျပဳျပင္ထိန္းသိမ္းေရးေကာ္မတီကုိ လွဴဒါန္းခဲ့တယ္လုိ႔လည္း သိရပါတယ္။

”မုိးရြာတဲ့အခါ မုိးေရမဝင္ေအာင္ အမုိးလုပ္ဖုိ႕၊ ေနာက္ ေရႀကီးတဲ့အခါ အဲ့ေနရာက ဧရာဝတီၿမစ္ေရဝင္တာၿဖစ္တဲ့အတြက္ ၿမစ္ေရမဝင္ေအာင္ လုပ္ဖုိ႔ေပါ့ေနာ္ ၊ အဲဒါက ပထမအဆင့္ေပါ့ေနာ္ ။အဲဒါေတြလုပ္ဖို႔ ထုိင္းႏုိင္ငံက ရုပ္သံဌာနတစ္ခုက ကြ်န္ေတာ္တုိ႔ေကာ္မတီကုိ အလွဴေငြေတြ လွဴေပးမွာပါ။ အလွဴေငြလွဴမယ္လုိ႔ အစည္းအေဝးမွာ သေဘာတူထားတာရွိတာ အလွဴေငြက မရေသးပါဘူး။ အဲဒါေတြလုပ္ဖုိ႔က အလွဴေငြရမွ လုပ္လုိ႔ရမွာပါ။ ဒုတိယအဆင့္က ထုိင္းႏုိင္ငံက ေရွးေဟာင္းပညာရွင္ေတြနဲ႔ ၿမန္မာႏုိင္ငံက ေရွးေဟာင္းကလူေတြနဲ႔ ပူးေပါင္းၿပီး၊ နံ႔ရံ႕ေဆးေရးပန္းခ်ီေတြ ၿပန္ၿပီး ထိန္းသိမ္းတာတုိ႕ လုပ္ေဆာင္သြားပါမယ္ ” လုိ႔ ေ႐ွးေဟာင္း မဟာသိမ္ေတာ္ႀကီး ျပဳၿပင္ေရးေကာ္မတီဝင္ ဦးေဌးေရႊ က ေျပာပါတယ္။

ႏွစ္စဥ္ ဧရာဝတီၿမစ္ ေရဝင္နစ္ၿမဳပ္မွဳၿဖစ္ၿခင္း၊ ေလဒဏ္ မုိးဒဏ္ေၾကာင့္ အမုိးပ်က္စီးကာမုိးေရဝင္ျခင္း၊ ေရေငြ႔ ႐ုိက္တာေတြေၾကာင့္ သိမ္ေတာ္ႀကီးအတြင္းက နံရံေဆးေရးပန္းခ်ီေတြ ပ်က္စီးမႈၿဖစ္ခဲ့တဲ့အတြက္ ေရကာတာ တစ္ခုနဲ႔ မဟာသိမ္ေတာ္ႀကီးအေပၚမုိးမယ့္ ေပ (၈၀) အက်ယ္႐ွိ အမုိးတစ္ခုကုိ တည္ေဆာက္သြားမယ္လို႔ သိရပါတယ္။

”တုိင္းေဒသႀကီးအစုိးရအဖြဲ႕ဝန္ႀကီးတစ္ဦးပါဝင္တဲ့ ေကာ္မတီကုိဖြဲ႕စည္းၿပီး၊ ဝန္ႀကီးရဲ႕ လမ္းညြန္ခ်က္ကုိ ယူၿပီး ကြ်န္မတုိ႔ ေဆာင္ရြက္ေနပါတယ္။ အခုက အလွဴေငြလက္ခံထားပါတယ္။ တုိင္းေဒသႀကီးအစုိးရအဖြဲ႕က ဦးစီးတာ ကြ်န္မတုိ႕က ပူးေပါင္းေဆာင္ရြက္ေပးတာပါ”လုိ႔ စစ္ကုိင္းတုိင္းေဒသျကီး ေရွးေဟာင္းသုေသတန ႏွင့္ အမ်ဳိးသား ၿပတုိက္ဦးစီးဌာနမွ ဦးစီးမွဴး ေဒၚမုိ႔မုိ႔သိန္း ကေၿပာပါတယ္။

ထုိင္းၿမန္မာ နံရံေဆးေရးပန္းခ်ီေတြ႐ွိတဲ့ မဟာသိမ္ေတာ္ႀကီးကုိ အင္းဝေခတ္က တည္ေဆာက္ခဲ့တာျဖစ္ၿပီး ႏွစ္သက္တမ္း ၄၀၀ ခန္႕႐ွိကာ သိမ္ေတာ္အတြင္းက ထုိင္း၊ျမန္မာ နံရံေဆးေရးပန္းခ်ီေတြဟာ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၂၅၀ ေက်ာ္႐ွိၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #စစ္ကိုင္း #မဟာသိမ္ေတာ္ႀကီး #ပ်က္စီး

႔Unicode

ထိုင်း-မြန်မာ နံရံဆေးရေးပန်းချီတွေရှိတဲ့ ရှေးဟောင်းသမိုင်းဝင် မဟာသိမ်တော်ကြီး ပျက်စီးမှုများဖြစ်ပေါ်နေ

စစ်ကိုင်း၊နိုဝင်ဘာ ၂၅-၂၀၁၉
ရှိုင်းအောင် (VOM)

စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးတိုက်နယ်၊ သမိုင်းဝင် ဝေဠုဝန်ငါးထပ်ကြီးဘုရားအနီးက မဟာသိမ်တော်ကျောင်းတိုက်ရှိ ထိုင်း ၊မြန်မာ နံရံဆေးရေးပန်းချီ လက်ရာများစွာရှိတဲ့ ရှေးဟောင်း မဟာသိမ်တော်ကြီးရဲ့ အပြင်ဘက်နံရံတွေ ပျက်စီးမှုဖြစ်နေတယ်လို့ မဟာသိမ်တော်ကျောင်းတိုက်ကနေ သိရပါတယ်။

ရှေးဟောင်းမဟာသိမ်တော်ကြီး တည်နေရာက ဧရာဝတီမြစ်ရေ မြင့်တက်ချိန်မှာ နှစ်စဉ်ရေဝင်ရောက်မှုတွေ ရှိနေတဲ့အတွက် နှစ်ကာလကြာလာတဲ့အခါ အမိုးတွေရဲ့ကြံခိုင်မှုအားနည်းပြီး ရေများစိမ့်ဝင်ကာ နံရံဆေးရေးပန်းချီတွေကို ပျက်စီးနိုင်တဲ့ အခြေအနေရှိနေတာ ဖြစ်ပါတယ်။

”အုတ်နံရံ့အချို့ကွာကျပျက်စီးနေတာ ဒီနေ့မနက်မှာတွေ့ခဲ့တယ်။ ထိန်းသိမ်းမှုတွေ အမြန်မလုပ်ဘူးဆို ရေရှည်ကျ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမယ်။ အရင်တုန်းကတော့ ဦးဇင်းက ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။ အခု သက်ဆိုင်ရာ၊ဌာနဆိုင်ရာက တာဝန်ရှိသူတွေပါဝင်တဲ့ ပြုပြုင်ထိန်းသိမ်းရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ ဘယ်လိုလုပ်ဆောင်မယ်။ ဘာတွေလုပ်မယ်ဆိုတာ ဦးဇင်းကို ဘာမှတော့လာမပြောသေးဘူး။ အခုလက်ရှိက အလှူရှင်တွေနဲ့ သိမ်တော်ကြီး အပြင်ဘက် ပတ်ပတ်လည်ကို အုတ်တံတိုင်းခတ်နေပါတယ် “လို့ မဟာသိမ်တော်ကြီးကျောင်းတိုက် ဆရာတော်မှ မိန့်ပါတယ်။

ထိုင်း၊မြန်မာ နံရံဆေးရေးပန်ချီလက်ရာများစွာရှိတဲ့ ရှေးဟောင်းမဟာသိမ်တော်ကြီးကို သဘာဝဘေး အန္တရာယ်ကာကွယ်ဖို့ ရေကာတာ နဲ့ အမိုး တည်ဆောက်ခြင်းလုပ်ငန်းတွေလုပ်ဖို့အတွက် ထိုင်းနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့က ၂၀၁၈ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က မဟာသိမ်တော်ကျောင်းတိုက်မှာ အလှူငွေအပ်ခြင်းအခမ်းအနား တစ်ရပ်ပြုလုပ်ကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က စစ်ကိုင်းမြို့၊ ဟိုတယ်စစ်ကိုင်း မှာ ရှေးဟောင်းသိမ်တော်ကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားမှာ ရှေးဟောင်း မဟာသိမ်တော်ကြီးပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ထိုင်း ရုပ်သံလိုင်းတစ်ခုက ဘတ်ငွေခြောက်သိန်း ကို သိမ်တော်ကြီးပြုပြင်ထိန်းသိမ်းရေးကော်မတီကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

”မိုးရွာတဲ့အခါ မိုးရေမဝင်အောင် အမိုးလုပ်ဖို့၊ နောက် ရေကြီးတဲ့အခါ အဲ့နေရာက ဧရာဝတီမြစ်ရေဝင်တာဖြစ်တဲ့အတွက် မြစ်ရေမဝင်အောင် လုပ်ဖို့ပေါ့နော် ၊ အဲဒါက ပထမအဆင့်ပေါ့နော် ။အဲဒါတွေလုပ်ဖို့ ထိုင်းနိုင်ငံက ရုပ်သံဌာနတစ်ခုက ကျွန်တော်တို့ကော်မတီကို အလှူငွေတွေ လှူပေးမှာပါ။ အလှူငွေလှူမယ်လို့ အစည်းအဝေးမှာ သဘောတူထားတာရှိတာ အလှူငွေက မရသေးပါဘူး။ အဲဒါတွေလုပ်ဖို့က အလှူငွေရမှ လုပ်လို့ရမှာပါ။ ဒုတိယအဆင့်က ထိုင်းနိုင်ငံက ရှေးဟောင်းပညာရှင်တွေနဲ့ မြန်မာနိုင်ငံက ရှေးဟောင်းကလူတွေနဲ့ ပူးပေါင်းပြီး၊ နံ့ရံ့ဆေးရေးပန်းချီတွေ ပြန်ပြီး ထိန်းသိမ်းတာတို့ လုပ်ဆောင်သွားပါမယ် ” လို့ ရှေးဟောင်း မဟာသိမ်တော်ကြီး ပြုပြင်ရေးကော်မတီဝင် ဦးဌေးရွှေ က ပြောပါတယ်။

နှစ်စဉ် ဧရာဝတီမြစ် ရေဝင်နစ်မြုပ်မှုဖြစ်ခြင်း၊ လေဒဏ် မိုးဒဏ်ကြောင့် အမိုးပျက်စီးကာမိုးရေဝင်ခြင်း၊ ရေငွေ့ ရိုက်တာတွေကြောင့် သိမ်တော်ကြီးအတွင်းက နံရံဆေးရေးပန်းချီတွေ ပျက်စီးမှုဖြစ်ခဲ့တဲ့အတွက် ရေကာတာ တစ်ခုနဲ့ မဟာသိမ်တော်ကြီးအပေါ်မိုးမယ့် ပေ (၈၀) အကျယ်ရှိ အမိုးတစ်ခုကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။

”တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးပါဝင်တဲ့ ကော်မတီကိုဖွဲ့စည်းပြီး၊ ဝန်ကြီးရဲ့ လမ်းညွန်ချက်ကို ယူပြီး ကျွန်မတို့ ဆောင်ရွက်နေပါတယ်။ အခုက အလှူငွေလက်ခံထားပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးတာ ကျွန်မတို့က ပူးပေါင်းဆောင်ရွက်ပေးတာပါ”လို့ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်းသုသေတန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မို့မို့သိန်း ကပြောပါတယ်။

ထိုင်းမြန်မာ နံရံဆေးရေးပန်းချီတွေရှိတဲ့ မဟာသိမ်တော်ကြီးကို အင်းဝခေတ်က တည်ဆောက်ခဲ့တာဖြစ်ပြီး နှစ်သက်တမ်း ၄၀၀ ခန့်ရှိကာ သိမ်တော်အတွင်းက ထိုင်း၊မြန်မာ နံရံဆေးရေးပန်းချီတွေဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅၀ ကျော်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #စစ်ကိုင်း #မဟာသိမ်တော်ကြီး #ပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW