တင္ဒါေအာင္ၿမင္တဲ့ ကုမၸဏီေတြရဲ႕ Design Drawing၊ Estimate ေတြကုိ အစုိးရဌာန ဝက္ဘ္ဆုိဒ္ေတြမွာ တင္ၿပထားေပးဖုိ႔အဆုိ ၿပည္သူ႔လႊတ္ေတာ္ကို တင္သြင္း

ေနၿပည္ေတာ္၊ နုိဝင္ဘာ ၂၅-၂၀၁၉
သီရိ(VOM)

တင္ဒါေအာင္ၿမင္တဲ့ ကုမၸဏီနဲ႔ လုပ္ငန္းရဲ့ Design Drawing ေတြ၊ Estimate ေတြကုိပူးတြဲၿပီး အစုိးရဌာန ဝက္ဘ္ဆုိဒ္ေတြမွာ တင္ၿပထားေပးမယ္ဆုိရင္ တင္ဒါေအာင္ၿမင္တဲ့ေစ်းႏႈန္းနဲ႔ ခြင့္ၿပဳဘက္ဂ်က္ကြာဟခ်က္ ေတြကို သိရွိနုိင္ၿပီး တင္ဒါဆုိင္ရာကိစၥရပ္မ်ားကုိ အခုထက္ပုိမုိ ထိန္းေၾကာင္းနုိင္မယ္လုိ႔ နမၼတူမဲဆႏၵနယ္က ၿပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚနန္းခမ္းေအးက ဒီကေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ ၿပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ အဆုိတင္သြင္းခဲ့တာျဖစ္ပါတယ္။

“တည္ေဆာက္မႈနဲ႔ ပက္သက္ၿပီးေတာ့ တင္ဒါစည္းမ်ဥ္း၊ စည္းကမ္း လုိက္နာမႈအားနည္းတဲ့အတြက္ ေၾကာင့္ နုိင္ငံ့အတြက္ ထိခိုက္နစ္နာမႈမ်ားၿဖစ္ေပၚေနတဲ့ သာဓကေတြကုိ သက္ေသအေထာက္အထားနဲ႔ တင္ၿပ ေဆြးေႏြးနုိင္ပါတယ္။ အဲ့ဒီလုိ ေဆြးေႏြးလုိက္ၿခင္းအားၿဖင့္ ေဆြးေႏြးတဲ့ လႊတ္ေတာ္ကုိယ္စားလွယ္နဲ႔ ဆက္စပ္တဲ့ ၿမိဳ႕နယ္မွာရွိတဲ့ ဝန္ထမ္းေတြ၊ ေဆြးေႏြးတဲ့အေၾကာင္းအရာမွာ ပါဝင္တဲ့ လုပ္ငန္းနဲ႔ သက္ဆုိင္တဲ့ဝန္ထမ္းေတြကုိ ဖိအားေပးၿခင္း၊ ေၿပာင္းေရႊ႕ေစၿခင္းၿဖင့္ အေရးယူၿပီး လုပ္ငန္းကေတာ့ ေၿပာင္းလဲမႈမရွိဘဲ ပံုမွန္ဆက္လက္လည္ ပတ္ေနပါတယ္။ တင္ဒါဖြင့္လွစ္ၿပီးတဲ့ေနာက္ တင္ဒါေအာင္ၿမင္တဲ့ ကုမၸဏီကုိ လုပ္ငန္းရဲ့ Design Drawing နဲ႔ Estimate ေတြကုိ ပူးတြဲၿပီး Website မွာ တင္ၿပထားၿခင္းၿဖင့္ Estimate ေတြကုိ ၿပန္လည္ၿပင္ဆင္ေရးဆြဲေနပါတယ္ဆိုတဲ့ သံသယေတြ ေမွးမွိန္ၿပီး တင္ဒါေအာင္ၿမင္တဲ့ေစ်းႏႈန္းနဲ႔ ခြင့္ၿပဳဘက္ဂ်က္ကြာဟခ်က္ေတြကိုလည္း သိရွိနုိင္မွာၿဖစ္ ပါတယ္”လို႔ ေဒၚနန္းခမ္းေအးကေၿပာပါတယ္။

ေဒၚနန္းခမ္းေအး တင္သြင္းလိုက္တဲ့အဆုိက ျပည္ေထာင္စုတိုင္းေဒသၾကီးနဲ႔ ျပည္နယ္အစိုးရဌာန အဖြဲ႔အစည္းေတြရဲ့ တည္ေဆာက္ၿခင္း၊ ပစၥည္းဝယ္ယူၿခင္း၊ ဝန္ေဆာင္မႈရယူၿခင္း၊ ငွားရမ္းၿခင္းနဲ႔ ေရာင္းခ်ၿခင္းတုိ႔ အတြက္ တင္ဒါေတြကို ဖိတ္ေခၚရာမွာ သက္ဆုိင္ရာလုပ္ငန္းမ်ားရဲ့ တည္ေနရာ၊ Design Drawing နဲ႔ Estimate ေတြကုိ ေဖာ္ၿပၿပီး သက္ဆိုင္ရာဌာနမ်ားရဲ့ Websiteေတြမွာ စတင္ဖိတ္ေခၚသည္သာမက တင္ဒါ ေအာင္ၿမင္သြားတဲ့ ကုမၸဏီေတြကိုပါ အတူယွဥ္တြဲၿပီး လုပ္ငန္းၿပီးစီးသည္အထိ သက္ဆုိင္ရာဌာနမ်ားရဲ့ Website ေတြမွာ တရားဝင္ေဖာ္ၿပေပးဖို႔ နုိင္ငံေတာ္အစုိးရကို တုိက္တြန္းေၾကာင္းအဆုိ တင္သြင္းခဲ့တာၿဖစ္ပါတယ္။

ဒီအဆုိဟာ ေဆာက္လုပ္ေရးဝန္ၾကီးဌာနတစ္ခုတည္းကုိ ဆုိလုိတာမဟုတ္ဘဲ ဒီနုိင္ငံမွာရွိေနတဲ့ ဝန္ၾကီး ဌာနတုိင္းကို ဆုိလုိၿခင္းၿဖစ္တယ္လုိ႔ ေၿပာပါတယ္။

နုိင္ငံေတာ္သမၼတရံုးရဲ့ ညြန္ၾကားခ်က္အမွတ္ ၁ / ၂၀၁၇ မွာ အစုိးရဌာန အဖြဲ႔အစည္းမ်ားရဲ့ တည္ေဆာက္ၿခင္း၊ ပစၥည္းဝယ္ယူၿခင္း၊ ဝန္ေဆာင္မႈရယူၿခင္း၊ ငွားရမ္းၿခင္းနဲ႔ ေရာင္းခ်ၿခင္းမ်ား ေဆာင္ရြက္ရာမွာ လိုက္နာရမယ့္ တင္ဒါလုပ္ထံုးလုပ္နည္းက မည္သုိ႔ပင္ညႊန္ၾကားထားေစကာမူ ကြဲလြဲစြာေဆာင္ရြက္ေနၾကတာကုိ ၿဖတ္ သန္းခဲ့တဲ့ ဘ႑ာေရးႏွစ္ေတြကုိ ၿပန္လည္သံုးသပ္ၿခင္းၿဖင့္ ၿငင္းပယ္လုိ႔ မရနုိင္ဘူးလုိ႔ သိရပါတယ္။

နုိင္ငံ့အက်ိဳးထက္ ကုိယ္အက်ိဳးကုိ ပိုအေလးထားတဲ့ အတၱၾကီးသူေတြေၾကာင့္ ညြန္ၾကားခ်က္၊ လုပ္ထံုး လုပ္နည္းေတြကုိ ဘယ္ေလာက္ပဲေကာင္းေအာင္ ၿပင္ဆင္ေရးသား ၿပဌာန္းထားေစကာမူ ထိန္းေက်ာင္းမႈက ေတာ့ အားနည္းေနဦးမွာၿဖစ္တယ္လို႔ ေဒၚနန္းခမ္းေအးကေၿပာပါတယ္။

“ ထိန္းေက်ာင္းမႈအားေကာင္းေစဖုိ႔ ျပည္သူေတြပါဝင္မႈဟာ အဓိကၿဖစ္ေနပါတယ္။ ျပည္သူေတြ တာဝန္သိစြာ ပါဝင္နုိင္ဖို႔အတြက္ တင္ဒါန႔ဲ ပက္သက္တာေတြကုိ ပြင့္လင္းၿမင္သာစြာၿဖင့္ ဝက္ဘ္ဆုိဒ္ေတြမွာ တင္ၿပထား ဖုိ႔ လိုအပ္ေနပါတယ္။ အခ်ိဳ႕ေသာလုပ္ငန္းေတြမွာ အရည္အေသြး၊ စံခ်ိန္၊ စံညြန္းျပည့္မွီေရး စစ္ေဆးဖုိ႔အတြက္ Third Partyကို က်င့္သံုးေပမယ့္၊ တစ္ခ်ိဳ႕ေသာလုပ္ငန္းေတြမွာ ေငြမလံုေလာက္တဲ့အတြက္ေၾကာင့္မုိ႔လုိ႔ Estimate မွာ အရည္အေသြးစစ္ေဆးမႈအတြက္ ထည့္တြက္ထားၿခင္းမရွိပါဘူး။ ပံုမွန္အားၿဖင့္ ၿမိဳ႕နယ္တည္ေဆာက္ေရးေကာ္မတီမွ လုပ္ငန္းရဲ့ ၂၅ ရာခုိင္ႏႈန္း၊ ၿပီးတဲ့အခါအတုိင္းမွာ ကြင္းဆင္းစစ္ေဆးပါတယ္။ အဲ့ဒါေၾကာင့္ အရည္အေသြးစစ္ေဆးဖုိ႔အတြက္ သက္ဆုိင္ရာက ကြင္းဆင္းစစ္ေဆး မႈ မၿပဳနုိင္ခင္ၾကားမွာ ၿပည္သူေတြက ၾကည့္ရႈၿပီး သတင္းေပးပုိ႔ၿခင္းၿဖင့္ ပူးေပါင္းပါဝင္နိင္ဖုိ႔ လိုအပ္ေနပါတယ္” လုိ႔ ေဒၚနန္းခမ္းေအးက အဆုိတင္သြင္းရာမွာ ထည့္သြင္းတင္ၿပသြားတာ ျဖစ္ပါတယ္။

ဒီအဆုိကို လက္ခံေဆြးေႏြးဖုိ႔ ၿပည္သူ႔လႊတ္ေတာ္ကလည္း သေဘာတူညီခဲ့တာေၾကာင့္ ေဆြးေႏြးလိုတဲ့ ကုိယ္စားလွယ္ေတြကို ၂၆.၁၁.၂၀၁၉ ေန႔ ညေန ၄ နာရီေနာက္ဆံုးထားၿပီး ၿပည္သူ႔လႊတ္ေတာ္ ညြန္ၾကားေရးမႈးခ်ဳပ္ရံုးမွာ အမည္စာရင္းေပးသြင္းဖို႔ လႊတ္ေတာ္ဥကၠဌ ဦးတီခြန္ၿမတ္က ေၾကၿငာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #တင္ဒါ #ကုမၸဏီ

Unicode

တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ Design Drawing၊ Estimate တွေကို အစိုးရဌာန ဝက်ဘ်ဆိုဒ်တွေမှာ တင်ပြထားပေးဖို့အဆို ပြည်သူ့လွှတ်တော်ကို တင်သွင်း

နေပြည်တော်၊ နိုဝင်ဘာ ၂၅-၂၀၁၉
သီရိ(VOM)

တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီနဲ့ လုပ်ငန်းရဲ့ Design Drawing တွေ၊ Estimate တွေကိုပူးတွဲပြီး အစိုးရဌာန ဝက်ဘ်ဆိုဒ်တွေမှာ တင်ပြထားပေးမယ်ဆိုရင် တင်ဒါအောင်မြင်တဲ့ဈေးနှုန်းနဲ့ ခွင့်ပြုဘက်ဂျက်ကွာဟချက် တွေကို သိရှိနိုင်ပြီး တင်ဒါဆိုင်ရာကိစ္စရပ်များကို အခုထက်ပိုမို ထိန်းကြောင်းနိုင်မယ်လို့ နမ္မတူမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

“တည်ဆောက်မှုနဲ့ ပက်သက်ပြီးတော့ တင်ဒါစည်းမျဉ်း၊ စည်းကမ်း လိုက်နာမှုအားနည်းတဲ့အတွက် ကြောင့် နိုင်ငံ့အတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်နေတဲ့ သာဓကတွေကို သက်သေအထောက်အထားနဲ့ တင်ပြ ဆွေးနွေးနိုင်ပါတယ်။ အဲ့ဒီလို ဆွေးနွေးလိုက်ခြင်းအားဖြင့် ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဆက်စပ်တဲ့ မြို့နယ်မှာရှိတဲ့ ဝန်ထမ်းတွေ၊ ဆွေးနွေးတဲ့အကြောင်းအရာမှာ ပါဝင်တဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ဝန်ထမ်းတွေကို ဖိအားပေးခြင်း၊ ပြောင်းရွှေ့စေခြင်းဖြင့် အရေးယူပြီး လုပ်ငန်းကတော့ ပြောင်းလဲမှုမရှိဘဲ ပုံမှန်ဆက်လက်လည် ပတ်နေပါတယ်။ တင်ဒါဖွင့်လှစ်ပြီးတဲ့နောက် တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီကို လုပ်ငန်းရဲ့ Design Drawing နဲ့ Estimate တွေကို ပူးတွဲပြီး Website မှာ တင်ပြထားခြင်းဖြင့် Estimate တွေကို ပြန်လည်ပြင်ဆင်ရေးဆွဲနေပါတယ်ဆိုတဲ့ သံသယတွေ မှေးမှိန်ပြီး တင်ဒါအောင်မြင်တဲ့ဈေးနှုန်းနဲ့ ခွင့်ပြုဘက်ဂျက်ကွာဟချက်တွေကိုလည်း သိရှိနိုင်မှာဖြစ် ပါတယ်”လို့ ဒေါ်နန်းခမ်းအေးကပြောပါတယ်။

ဒေါ်နန်းခမ်းအေး တင်သွင်းလိုက်တဲ့အဆိုက ပြည်ထောင်စုတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းတွေရဲ့ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနဲ့ ရောင်းချခြင်းတို့ အတွက် တင်ဒါတွေကို ဖိတ်ခေါ်ရာမှာ သက်ဆိုင်ရာလုပ်ငန်းများရဲ့ တည်နေရာ၊ Design Drawing နဲ့ Estimate တွေကို ဖော်ပြပြီး သက်ဆိုင်ရာဌာနများရဲ့ Websiteတွေမှာ စတင်ဖိတ်ခေါ်သည်သာမက တင်ဒါ အောင်မြင်သွားတဲ့ ကုမ္ပဏီတွေကိုပါ အတူယှဉ်တွဲပြီး လုပ်ငန်းပြီးစီးသည်အထိ သက်ဆိုင်ရာဌာနများရဲ့ Website တွေမှာ တရားဝင်ဖော်ပြပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီအဆိုဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ ဒီနိုင်ငံမှာရှိနေတဲ့ ဝန်ကြီး ဌာနတိုင်းကို ဆိုလိုခြင်းဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်အမှတ် ၁ / ၂၀၁၇ မှာ အစိုးရဌာန အဖွဲ့အစည်းများရဲ့ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနဲ့ ရောင်းချခြင်းများ ဆောင်ရွက်ရာမှာ လိုက်နာရမယ့် တင်ဒါလုပ်ထုံးလုပ်နည်းက မည်သို့ပင်ညွှန်ကြားထားစေကာမူ ကွဲလွဲစွာဆောင်ရွက်နေကြတာကို ဖြတ် သန်းခဲ့တဲ့ ဘဏ္ဍာရေးနှစ်တွေကို ပြန်လည်သုံးသပ်ခြင်းဖြင့် ငြင်းပယ်လို့ မရနိုင်ဘူးလို့ သိရပါတယ်။

နိုင်ငံ့အကျိုးထက် ကိုယ်အကျိုးကို ပိုအလေးထားတဲ့ အတ္တကြီးသူတွေကြောင့် ညွန်ကြားချက်၊ လုပ်ထုံး လုပ်နည်းတွေကို ဘယ်လောက်ပဲကောင်းအောင် ပြင်ဆင်ရေးသား ပြဌာန်းထားစေကာမူ ထိန်းကျောင်းမှုက တော့ အားနည်းနေဦးမှာဖြစ်တယ်လို့ ဒေါ်နန်းခမ်းအေးကပြောပါတယ်။

“ ထိန်းကျောင်းမှုအားကောင်းစေဖို့ ပြည်သူတွေပါဝင်မှုဟာ အဓိကဖြစ်နေပါတယ်။ ပြည်သူတွေ တာဝန်သိစွာ ပါဝင်နိုင်ဖို့အတွက် တင်ဒါနဲ့ ပက်သက်တာတွေကို ပွင့်လင်းမြင်သာစွာဖြင့် ဝက်ဘ်ဆိုဒ်တွေမှာ တင်ပြထား ဖို့ လိုအပ်နေပါတယ်။ အချို့သောလုပ်ငန်းတွေမှာ အရည်အသွေး၊ စံချိန်၊ စံညွန်းပြည့်မှီရေး စစ်ဆေးဖို့အတွက် Third Partyကို ကျင့်သုံးပေမယ့်၊ တစ်ချို့သောလုပ်ငန်းတွေမှာ ငွေမလုံလောက်တဲ့အတွက်ကြောင့်မို့လို့ Estimate မှာ အရည်အသွေးစစ်ဆေးမှုအတွက် ထည့်တွက်ထားခြင်းမရှိပါဘူး။ ပုံမှန်အားဖြင့် မြို့နယ်တည်ဆောက်ရေးကော်မတီမှ လုပ်ငန်းရဲ့ ၂၅ ရာခိုင်နှုန်း၊ ပြီးတဲ့အခါအတိုင်းမှာ ကွင်းဆင်းစစ်ဆေးပါတယ်။ အဲ့ဒါကြောင့် အရည်အသွေးစစ်ဆေးဖို့အတွက် သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေး မှု မပြုနိုင်ခင်ကြားမှာ ပြည်သူတွေက ကြည့်ရှုပြီး သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်နိင်ဖို့ လိုအပ်နေပါတယ်” လို့ ဒေါ်နန်းခမ်းအေးက အဆိုတင်သွင်းရာမှာ ထည့်သွင်းတင်ပြသွားတာ ဖြစ်ပါတယ်။

ဒီအဆိုကို လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်ကလည်း သဘောတူညီခဲ့တာကြောင့် ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေကို ၂၆.၁၁.၂၀၁၉ နေ့ ညနေ ၄ နာရီနောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော် ညွန်ကြားရေးမှုးချုပ်ရုံးမှာ အမည်စာရင်းပေးသွင်းဖို့ လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ကြေငြာခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #တင်ဒါ #ကုမ္ပဏီ

Related posts

Leave a Comment

VOM News

FREE
VIEW