မကၠဆီကို မူးယစ္ဂိုဏ္းေတြကို အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ အေမရိကန္သတ္မွတ္ေတာ႔မည္

ဝါရွင္တန္၊ နိုဝင္ဘာ ၂၇-၂၀၁၉
မ်ိဳးဆက္ (VOM)

မကၠဆီကိုမူးယစ္ေဆးဝါးဂိုဏ္းေတြကို အၾကမ္းဖက္အဖြဲ႔ေတြအျဖစ္ အေမရိကန္က တရားဝင္ သတ္မွတ္သြားေတာ႔မယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔က ေျပာပါတယ္။

သူ႔အေနနဲ႔ ျပီးခဲ႔တဲ႔ သံုးလေလာက္ကတည္းက လုပ္ေဆာင္ေနခဲ႔ျပီး ဒီကိစၥနဲ႔ပတ္သက္လို႔ အေမရိကန္နိုင္ငံျခားေရးဝန္ၾကီးဌာန တာဝန္ရိွသူေတြကို အေရးေပၚေတြ႔ဆံုဖို႔ မကၠဆီကို နိုင္ငံျခားေရးဝန္ၾကီးဌာနက ေတာင္းဆိုထားတယ္လို႔ သူကေျပာပါတယ္။

အမ်ိဳးသမီးသံုးဦးနဲ႕ ကေလးငယ္ေျခာက္ဦးေသဆံုးခဲ႔တဲ႔ မကၠဆီကိုမွာ အေမရိကန္နိုင္ငံသားေတြ တိုက္ခိုက္ခံရမႈျပီးေနာက္ မူးယစ္ဂိုဏ္းေတြနဲ႔ စစ္ဆင္ႏႊဲသြားမယ္လို႔ ေဒၚနယ္ထရန္႔က ယခုလအတြင္း ေျပာၾကားခဲ႔ပါတယ္။

အဲဒီတိုက္ခိုက္ခံရမႈအတြင္း ေသဆံုးသူေတြဟာ အေမရိကန္-မကၠဆီကိုနွစ္နုိင္ငံသား ခံယူထားသူေတြျဖစ္ျပီး နို၀င္ဘာ ၄ ရက္မွာ မကၠဆီကိုေျမာက္ပိုင္း ေဝးလံေခါင္သီတဲ႔ေဒသကို ျဖတ္သန္းသြားစဥ္ ျခံဳခိုတိုက္ခိုက္ခံရတာျဖစ္ပါတယ္။

မူးယစ္ဂိုဏ္းေတြကို အၾကမ္းဖက္အဖြဲ႔အစည္းသတ္မွတ္သြားမွာျဖစ္ျပီ ျပီးခဲ႔တဲ႔ သံုးလကတည္းက လုပ္ေဆာင္ခဲ႔ေၾကာင္း၊ ဒီကိစၥဟာ လြယ္ကူတဲ႔ကိစၥမဟုတ္ပဲ လုပ္ငန္းစဥ္တစ္ခုကို ျဖတ္သန္းရမွာျဖစ္ကာ မိမိတို႔ဟာ လုပ္ငန္းစဥ္အတြင္း ေကာင္းမြန္စြာေရာက္ရိွေနတယ္လို႔ ေဒၚနယ္ထရန္႔က ေျပာပါတယ္။

နွစ္နိုင္ငံအက်ိဳးတူကိစၥအတြက္ အလြန္အေရးၾကီးတဲ႔ ကိစၥနဲ႔ပတ္သက္ျပီး ေဆြးေႏြးဖို႔ အေမရိကန္နုိင္ငံျခားေရးဝန္ၾကီး မိုက္ပြန္ပီယိုနဲ႔ ဆက္သြယ္ေဆာင္ရြက္သြားမယ္လို႔ မၾကာေသးမီက ထုတ္ျပန္တဲ႔ မကၠဆီကို နုိင္ငံျခား၀န္ၾကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Ref : BBC Photo : Reuters
#voiceofmyanmar #အေမရိကန္ #မကၠဆီကို #မူးယစ္ဂိုဏ္း

Unicode

မက္ကဆီကို မူးယစ်ဂိုဏ်းတွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်သတ်မှတ်တော့မည်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၇-၂၀၁၉
မျိုးဆက် (VOM)

မက္ကဆီကိုမူးယစ်ဆေးဝါးဂိုဏ်းတွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် အမေရိကန်က တရားဝင် သတ်မှတ်သွားတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။

သူ့အနေနဲ့ ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက လုပ်ဆောင်နေခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို အရေးပေါ်တွေ့ဆုံဖို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားတယ်လို့ သူကပြောပါတယ်။

အမျိုးသမီးသုံးဦးနဲ့ ကလေးငယ်ခြောက်ဦးသေဆုံးခဲ့တဲ့ မက္ကဆီကိုမှာ အမေရိကန်နိုင်ငံသားတွေ တိုက်ခိုက်ခံရမှုပြီးနောက် မူးယစ်ဂိုဏ်းတွေနဲ့ စစ်ဆင်နွှဲသွားမယ်လို့ ဒေါ်နယ်ထရန့်က ယခုလအတွင်း ပြောကြားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူတွေဟာ အမေရိကန်-မက္ကဆီကိုနှစ်နိုင်ငံသား ခံယူထားသူတွေဖြစ်ပြီး နိုဝင်ဘာ ၄ ရက်မှာ မက္ကဆီကိုမြောက်ပိုင်း ဝေးလံခေါင်သီတဲ့ဒေသကို ဖြတ်သန်းသွားစဉ် ခြုံခိုတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

မူးယစ်ဂိုဏ်းတွေကို အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်သွားမှာဖြစ်ပြီ ပြီးခဲ့တဲ့ သုံးလကတည်းက လုပ်ဆောင်ခဲ့ကြောင်း၊ ဒီကိစ္စဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ပဲ လုပ်ငန်းစဉ်တစ်ခုကို ဖြတ်သန်းရမှာဖြစ်ကာ မိမိတို့ဟာ လုပ်ငန်းစဉ်အတွင်း ကောင်းမွန်စွာရောက်ရှိနေတယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

နှစ်နိုင်ငံအကျိုးတူကိစ္စအတွက် အလွန်အရေးကြီးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ မကြာသေးမီက ထုတ်ပြန်တဲ့ မက္ကဆီကို နိုင်ငံခြားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref : BBC Photo : Reuters
#voiceofmyanmar #အမေရိကန် #မက္ကဆီကို #မူးယစ်ဂိုဏ်း

Related posts

Leave a Comment

VOM News

FREE
VIEW