အီရတ္ရိွ အီရန္ေကာင္စစ္ဝန္ရံုးကို ဆႏၵျပသူေတြကမီးရိႈ႕

ဘဂၢဒက္၊ နို၀င္ဘာ-၂၈-၂၀၁၉
မ်ိဳးဆက္ (VOM)

အီရတ္နိုင္ငံမွာ အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြ ဆက္လက္ျဖစ္ပြားေနခ်ိန္မွာ ဆႏၵျပအဖြဲ႔တစ္ဖြဲ႔က နာဂ်က္ဖ္ျမိဳ႔မွာရိွတဲ႔ အီရန္ေကာင္စစ္၀န္ရံုးကို မီးတင္ရိႈ႕ခဲ႔ၾကပါတယ္။

အေဆာက္အဦးကို မီးေလာင္ကြ်မ္းေနစဥ္မွာ ‘အီရတ္နိုင္ငံကေန အီရန္ထြက္သြား’ဆိုျပီး ဆႏၵျပသူေတြက ေၾကြးေက်ာ္ခဲ႔ၾကပါတယ္။

ဆႏၵျပသူေတြဟာ အီရန္ေကာင္စစ္ဝန္ရံုးထဲကို ခ်ိဳးေဖာက္ဝင္ေရာက္မလာမွီ အေဆာက္အဦးထဲကဝန္ထမ္းေတြ ေဘးလြတ္ရာကို ထြက္ေျပးနုိင္ခဲ႔တယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

လြန္ခဲ႔တဲ႔သီတင္းသံုးပတ္က ရွီးယိုက္တို႔အထြဋ္အျမစ္ထားရာ ကာဘာလာျမိဳ႕ရိွ ရံုးကိုပစ္မွတ္ထား တိုက္ခိုက္ျပီးေနာက္ ယခုလအတြင္း အီရတ္ရိွ အီရန္ေကာင္စစ္ဝန္ရံုးတိုက္ခိုက္ခံရမႈဟာ ဒုတိယအၾကိမ္ျဖစ္ပါတယ္။

နိုင္ငံအတြင္းျဖစ္ပြားေနတဲ႔ နွစ္လနီးပါးၾကာ မျငိမ္မသက္မႈေတြအတြင္း လူ ၃၄၄ ဦးထက္မနည္း ေသဆံုးခဲ႔ပါတယ္။

ဆႏၵျပသူေတြဟာ အစိုးရရဲ႕ အက်င္႔ပ်က္ခ်စားမႈ အဆံုးသတ္ေရး၊ အလုပ္အကိုင္ပိုမိုရရိွေရးနဲ႔ ျပည္သူ၀န္ေဆာင္မႈေတြ ပိုမိုေကာင္းမြန္လာေစေရးတို႔ကို ေတာင္းဆိုေနၾကပါတယ္။

ဒါ႔အျပင္ အီရန္ဟာ အီရတ္နိုင္ငံရဲ႕ ျပည္တြင္းေရးကို ၀င္ေရာက္စြက္ဖက္ေနေၾကာင္းနဲ႔ အီရတ္အစိုးရကို က်ားကန္ေပးထားတယ္လို႔ ဆႏၵျပသူေတြက စြပ္စြဲထားပါတယ္။

Ref : BBC Photo : AFP
#voiceofmyanmar #အီရန္ #ဆႏၵျပ #မီးရိွဳ႕

Unicode

အီရတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို ဆန္ဒပြသူတွေကမီးရှို့

ဘဂ္ဂဒက်၊ နိုဝင်ဘာ-၂၈-၂၀၁၉
မျိုးဆက် (VOM)

အီရတ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ ဆန္ဒပြအဖွဲ့တစ်ဖွဲ့က နာဂျက်ဖ်မြို့မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို မီးတင်ရှို့ခဲ့ကြပါတယ်။

အဆောက်အဦးကို မီးလောင်ကျွမ်းနေစဉ်မှာ ‘အီရတ်နိုင်ငံကနေ အီရန်ထွက်သွား’ဆိုပြီး ဆန္ဒပြသူတွေက ကြွေးကျော်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အီရန်ကောင်စစ်ဝန်ရုံးထဲကို ချိုးဖောက်ဝင်ရောက်မလာမှီ အဆောက်အဦးထဲကဝန်ထမ်းတွေ ဘေးလွတ်ရာကို ထွက်ပြေးနိုင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့သီတင်းသုံးပတ်က ရှီးယိုက်တို့အထွဋ်အမြစ်ထားရာ ကာဘာလာမြို့ရှိ ရုံးကိုပစ်မှတ်ထား တိုက်ခိုက်ပြီးနောက် ယခုလအတွင်း အီရတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ နှစ်လနီးပါးကြာ မငြိမ်မသက်မှုတွေအတွင်း လူ ၃၄၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရရဲ့ အကျင့်ပျက်ချစားမှု အဆုံးသတ်ရေး၊ အလုပ်အကိုင်ပိုမိုရရှိရေးနဲ့ ပြည်သူဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာစေရေးတို့ကို တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် အီရန်ဟာ အီရတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်းနဲ့ အီရတ်အစိုးရကို ကျားကန်ပေးထားတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။

Ref : BBC Photo : AFP
#voiceofmyanmar #အီရန် #ဆန္ဒပြ #မီးရှို့

Related posts

Leave a Comment

VOM News

FREE
VIEW