
ချမ်းငြိမ်း(VOM)





Unicode

ဘယ်ပါတီကိုမှ မဲဆွယ်ပေးတော့မှာ မဟုတ်ဘူးလို့ သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၃၀-၂၀၁၉
ချမ်းငြိမ်း(VOM)

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမှ မဲဆွယ်ပေးတော့မှာမဟုတ်တော့ဘူးလို့ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ Maliaဟိုတယ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) စတင်မိတ်ဆက်တဲ့ အခမ်းအနားမှာ ဖိတ်ကြားခံရတဲ့သူအဖြစ်နဲ့ရော လာရောက်လေ့လာသူအဖြစ်နဲ့ တက်ရောက်လာချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲမှာ အပေါင်းအလဲကို လိုချင်တဲ့အတွက် NLD ပါတီက မဲဆွယ်တဲ့အတွက် USDP ပါတီဝင်များက မုန်းပါတယ်။ ဒီ ၂၀၂၀မှာ PPP ကမဲဆွယ်ရင် NLD ကသူတွေကမုန်းမယ်။ အဲဒီအတွက် လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမဲမဲဆွယ်ပေးတော့မှာမဟုတ်ပါဘူး” လို့ ထွန်းအိန္ဒြာဗိုလ်ကပြောပါတယ်။

ထွန်းအိန္ဒြာဗိုလ်ဟာ သူ့ရဲညီမဖြစ်သူ ဒေါ်သက်သက်ခိုင်ရဲ့PPPပါတီကို လေ့လာနေတာဖြစ်ပြီး ကောင်းတဲ့အချက်တွေကိုလည်း တွေ့ရှိထားကာ အဲ့ဒီပါတီကိုလည်း မဲဆွယ်ပေးဖို့လုပ်ဆောင်တာတွေလည်း မလုပ်ဖြစ်တော့ဘူးလို့ ထွန်းအိန္ဒြာဗိုလ်ကပြောခဲ့ပါတယ်။

#voiceofmyanmar #ရန်ကုန် #ထွန်းအိန္ဒြာဗိုလ် #PPPပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW