
ပြည်၊ နိုဝင်ဘာ ၃၀-၂၀၁၉
လမင်း(VOM)





Unicode

ပျောက်‌ဆုံးနေတဲ့ ရဲတပ်ကြပ်အောင်ကိုဝင်းနဲ့ဇနီးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်

ပြည်၊ နိုဝင်ဘာ ၃၀-၂၀၁၉
လမင်း(VOM)

ရခိုင်ပြည်နယ် ၊ ကျောက်တောင်စခန်းမှာတာဝန်ကျနေတဲ့ ရဲတပ်ကြပ်အောင်ကိုဝင်းနှင့်ဇနီးသည် မဇာခြည်လင်းတို့ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မနက်က ကျောက်တောင်စခန်းကနေ ဈေးကိုအသွားမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ဒီလိုပျောက်ဆုံးသွားခဲ့တဲ့အတွက် သူတို့ရဲ့မိသားစုဝင်‌တွေနဲ့ ပရဟိတအဖွဲ့တွေစြုပီး နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ပြည်မြို့၊ ခေတ္တရာဧရာ ကမ်းနားပန်းခြံမှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။

ဒီဆုတောင်းပွဲကို ဟိန္ဒူဘာသာဝင်များ ၊ အစ္စလာမ်ဘာသာဝင်များ ၊ခရစ်စယာန်ဘာသာဝင်များ ၊ လူမှု့အဖွဲ့အစည်းများ ၊ ပရဟိတအဖွဲ့အစည်းများ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆီမီးထွန်းပြီးဆုတောင်းမေတ္တာပို့သခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #ပြည် #ဆုတောင်းပွဲ #ရဲတပ်ကြပ်ပျောက်ဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW