ရန်ကုန်၊ နိဝင်ဘာ ၂၆-၂၀၁၉ အောင်ထူးနိုင်(VOM) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ မြို့မဈေးကြီးထဲက ဆိုင်ခန်းပိုင်ရှင် (၂၄) ဦးဟာ ဆိုင်ခန်း(၃၄) ခန်းကို တရားဝင်မှတ်ပုံတင်မပေးတာနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိတဲ့အတွက် နိုဝင်ဘာ ၂၅ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဈေးသည်တွေက မြို့မဈေးကြီးထဲမှာ နှစ်ပေါင်းများစွာ ရောင်းချခဲ့ကြပြီး စည်ပင်သာယာကိုလည်း ဈေးကောက်ပုံမှန်ပေးနေရပေမယ့် ဒီနေ့အထိ တရားဝင်ဈေးရောင်းချခွင့်(မှတ်ပုံတင်) မရရှိတာကြောင့် အခုလို ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာ ဖြစ်တယ်လို့သိရပါတယ်။ #voiceofmyanmar #ရန်ကုန် #တောင်ကုတ် #ဈေးဆိုင် Unicode တောင်ကုတ်မြို့မဈေးက ဈေးသည်အချို့ တရားဝင်ဈေးရောင်းချခွင့်မရဖြစ်နေ ရန်ကုန်၊ နိဝင်ဘာ ၂၆-၂၀၁၉ အောင်ထူးနိုင်(VOM) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ မြို့မဈေးကြီးထဲက ဆိုင်ခန်းပိုင်ရှင် (၂၄) ဦးဟာ ဆိုင်ခန်း(၃၄) ခန်းကို တရားဝင်မှတ်ပုံတင်မပေးတာနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိတဲ့အတွက် နိုဝင်ဘာ ၂၅ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ…
Read More
နေပြည်တော်၊ နိုဝင်ဘာ ၂၆-၂၀၁၉ ကိုထွန်း(VOM) နေပြည်တော်မှာ ဒီကနေ့မနက်ပြုလုပ်တဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ အဌမနေ့မှာ စက်မှုဝန်ကြီးဌာန နဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကိစ္စကို လွှတ်တော်က သဘောတူအတည်ပြုခဲ့ပါတယ်။ ခုလိုအတည်ပြုခဲ့တာကို စက်ခလုပ်အသုံးပြု ဆန္ဒပြုနည်းလမ်းနဲ့ ဆောင်ရွက်ခဲ့ပြီး ထောက်ခံမဲ(၃၄၉)မဲ၊ ကန့်ကွက်မဲ(၂၂၂)မဲ၊ ကြားနေမဲ(၂)မဲဖြစ်ကာ ထောက်ခံဆန္ဒမဲများတဲ့အတွက် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာန နဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးနဲ့ ပက်သက်ပြီး ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ရှင်းလင်းပြောကြားကာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူပြီး ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကိစ္စကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #နေပြည်တော် #၀န်ကြီးဌာန Unicode စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းရေး ပြည်ထောင်စုလွှတ်တော် အတည်ပြု နေပြည်တော်၊ နိုဝင်ဘာ ၂၆-၂၀၁၉ ကိုထွန်း(VOM) နေပြည်တော်မှာ ဒီကနေ့မနက်ပြုလုပ်တဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊…
Read More
နှစ်နိုင်ငံနယ်စပ်အနီး မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှု တောင်ကိုရီးယားဝေဖန်
ဆိုးလ်၊ နိုဝင်ဘာ-၂၆-၂၀၁၉ မျိုးဆက် (VOM) နှစ်နိုင်ငံအကြားရှိ ရေကြောင်းနယ်နိမိတ်အနီးမှာ မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခြင်းဟာ ကိုရီးယားနှစ်နိုင်ငံရဲ့ စစ်ရေးသဘောတူညီချက်တစ်ရပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ တောင်ကိုရီးယားက ဝေဖန်ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ နယ်စပ်အနီးပင်လယ်ဝါမှာရှိတဲ့ ချန်ဂရင်ကျွန်းကိုသွားရောက်တဲ့ ခရီးစဉ်အတွင်း စစ်ရေးလေ့ကျင့်မှုတွေကို အမိန့်ပေးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက နိုဝင်ဘာ ၂၅ ရက်မှာ ဖော်ပြထားပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ မလိုလားအပ်တဲ့ ကိစ္စသာဖြစ်ပြီး ၊တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ လက်ရှိအချိန်ထိ လိုက်နာကျင့်သုံးခဲ့တဲ့ သဘောတူညီမှုတစ်ရပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။ ရရှိထားခဲ့တဲ့ သဘောတူစာချုပ်ကို အပြည့်အဝလိုက်နာဖို့နဲ့ နယ်စပ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့ မြောက်ကိုရီးယားကို တောင်းဆိုထားတယ်လို့ သူကပြောပါတယ်။ ၂၀၁၈ ခုနှစ်စက်တင်ဘာလအတွင်းမြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမှာ ပြုလုပ်တဲ့ နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ အဲ့ဒီစစ်ရေးသဘောတူညီချက်ကို ချိုးဖောက်ခြင်းအတွက် မြောက်ကိုရီးယားအပေါ် တောင်ကိုရီးယားရဲ့ ပထမဆုံးအကြိမ် ပြစ်တင်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ Ref :…
Read More
Read More
တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ Design Drawing၊ Estimate တွေကို အစိုးရဌာန ဝက်ဘ်ဆိုဒ်တွေမှာ တင်ပြထားပေးဖို့အဆို ပြည်သူ့လွှတ်တော်ကို တင်သွင်း
နေပြည်တော်၊ နိုဝင်ဘာ ၂၅-၂၀၁၉ သီရိ(VOM) တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီနဲ့ လုပ်ငန်းရဲ့ Design Drawing တွေ၊ Estimate တွေကိုပူးတွဲပြီး အစိုးရဌာန ဝက်ဘ်ဆိုဒ်တွေမှာ တင်ပြထားပေးမယ်ဆိုရင် တင်ဒါအောင်မြင်တဲ့ဈေးနှုန်းနဲ့ ခွင့်ပြုဘက်ဂျက်ကွာဟချက် တွေကို သိရှိနိုင်ပြီး တင်ဒါဆိုင်ရာကိစ္စရပ်များကို အခုထက်ပိုမို ထိန်းကြောင်းနိုင်မယ်လို့ နမ္မတူမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ “တည်ဆောက်မှုနဲ့ ပက်သက်ပြီးတော့ တင်ဒါစည်းမျဉ်း၊ စည်းကမ်း လိုက်နာမှုအားနည်းတဲ့အတွက် ကြောင့် နိုင်ငံ့အတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်နေတဲ့ သာဓကတွေကို သက်သေအထောက်အထားနဲ့ တင်ပြ ဆွေးနွေးနိုင်ပါတယ်။ အဲ့ဒီလို ဆွေးနွေးလိုက်ခြင်းအားဖြင့် ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဆက်စပ်တဲ့ မြို့နယ်မှာရှိတဲ့ ဝန်ထမ်းတွေ၊ ဆွေးနွေးတဲ့အကြောင်းအရာမှာ ပါဝင်တဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ဝန်ထမ်းတွေကို ဖိအားပေးခြင်း၊ ပြောင်းရွှေ့စေခြင်းဖြင့် အရေးယူပြီး လုပ်ငန်းကတော့ ပြောင်းလဲမှုမရှိဘဲ ပုံမှန်ဆက်လက်လည် ပတ်နေပါတယ်။ တင်ဒါဖွင့်လှစ်ပြီးတဲ့နောက်…
Read More
ဝီဂါမွတ်စလင်တွေကို တရုတ်အစိုးရက Brainwashes လုပ်နေတယ်လို့ သတင်းပေါက်ကြား
လန်ဒန်၊ နိုဝင်ဘာ-၂၅-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံရှိ လုံခြုံရေးတင်းကြပ်တဲ့ အကျဉ်းစခန်းကွန်ရက်တစ်ခုမှာ ထိန်းသိမ်းထားတဲ့ သောင်းနဲ့ ချီတဲ့မွတ်စလင်တွေဟာ တရုတ်နိုင်ငံရဲ့ စနစ်တကျအယူအဆသစ်ရိုက်သွင်းခြင်း (Brainwashes) ခံနေရတယ်လို့ ပထမဆုံးအကြိမ်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ ရှင်ကျန်းပြည်နယ်အနောက်ဖျားပိုင်းရှိ စခန်းပညာရေးနှင့် လေ့ကျင့်ရေးတွေကို မိမိဆန္ဒအလျောက် သင်ယူလေ့လာနေတဲ့ နေရာဖြစ်တယ်လို့ တရုတ်အစိုးရက အစဉ်တစ်စိုက် အခိုင်အမာပြောဆိုထားပါတယ်။ ဒါပေမယ့် အကျဉ်းသားတွေကို ပိတ်လှောင်ထားခြင်း၊ အယူအဆသစ်တွေသင်ကြားပေးခြင်းနဲ့ ပြစ်ဒါဏ်ပေးခြင်းတွေ ပြုလုပ်နေတယ်လို့ ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ယင်းစာရွက်စာတမ်းတွေဟာ အမှားတွေဖြစ်တယ်လို့ ပယ်ချထားပါတယ်။ အဲဒီစာရွက် စာရွက်စာတမ်းတွေဟာ ဗြိတိန်ရှိ ဘီဘီစီမြင်ကွင်းကျယ်အစီအစဉ်၊ ဂါဒီယန်သတင်းစာတို့အပါအ၀င် သတင်းဌာန ၁၇ ခုနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ စုံစမ်းထောက်လှမ်း သတင်းထောက်များဆိုင်ရာ နိုင်ငံတကာအဖွဲ့ ကနေရရှိခဲ့တာဖြစ်ပါတယ်။ ရှင်ကျန်းပြည်နယ်က စခန်းတွေမှာ ၀ီဂါမွတ်စလင်အသိုင်းအ၀ိုင်းမှ လူအများစုအပါအဝင် လူဦးရေတစ်သန်းခန့် တရားစီရင်ခြင်းမခံရပဲ ထိန်းသိမ်းခံထားရတယ်လို့…
Read More
Read More
ထိုင်း-မြန်မာ နံရံဆေးရေးပန်းချီတွေရှိတဲ့ ရှေးဟောင်းသမိုင်းဝင် မဟာသိမ်တော်ကြီး ပျက်စီးမှုများဖြစ်ပေါ်နေ
စစ်ကိုင်း၊နိုဝင်ဘာ ၂၅-၂၀၁၉ ရှိုင်းအောင် (VOM) စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးတိုက်နယ်၊ သမိုင်းဝင် ဝေဠုဝန်ငါးထပ်ကြီးဘုရားအနီးက မဟာသိမ်တော်ကျောင်းတိုက်ရှိ ထိုင်း ၊မြန်မာ နံရံဆေးရေးပန်းချီ လက်ရာများစွာရှိတဲ့ ရှေးဟောင်း မဟာသိမ်တော်ကြီးရဲ့ အပြင်ဘက်နံရံတွေ ပျက်စီးမှုဖြစ်နေတယ်လို့ မဟာသိမ်တော်ကျောင်းတိုက်ကနေ သိရပါတယ်။ ရှေးဟောင်းမဟာသိမ်တော်ကြီး တည်နေရာက ဧရာဝတီမြစ်ရေ မြင့်တက်ချိန်မှာ နှစ်စဉ်ရေဝင်ရောက်မှုတွေ ရှိနေတဲ့အတွက် နှစ်ကာလကြာလာတဲ့အခါ အမိုးတွေရဲ့ကြံခိုင်မှုအားနည်းပြီး ရေများစိမ့်ဝင်ကာ နံရံဆေးရေးပန်းချီတွေကို ပျက်စီးနိုင်တဲ့ အခြေအနေရှိနေတာ ဖြစ်ပါတယ်။ ”အုတ်နံရံ့အချို့ကွာကျပျက်စီးနေတာ ဒီနေ့မနက်မှာတွေ့ခဲ့တယ်။ ထိန်းသိမ်းမှုတွေ အမြန်မလုပ်ဘူးဆို ရေရှည်ကျ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမယ်။ အရင်တုန်းကတော့ ဦးဇင်းက ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။ အခု သက်ဆိုင်ရာ၊ဌာနဆိုင်ရာက တာဝန်ရှိသူတွေပါဝင်တဲ့ ပြုပြုင်ထိန်းသိမ်းရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ ဘယ်လိုလုပ်ဆောင်မယ်။ ဘာတွေလုပ်မယ်ဆိုတာ ဦးဇင်းကို ဘာမှတော့လာမပြောသေးဘူး။ အခုလက်ရှိက အလှူရှင်တွေနဲ့ သိမ်တော်ကြီး အပြင်ဘက် ပတ်ပတ်လည်ကို အုတ်တံတိုင်းခတ်နေပါတယ် “လို့ မဟာသိမ်တော်ကြီးကျောင်းတိုက် ဆရာတော်မှ…
Read More
လမ်းတွေပေါ် ကျူးကျော်ပြီး အခိုင်အမာအုတ်မြစ်ချဆောက်ထားတဲ့ အိမ်တွေကိုစတင်ဖျက်
ရန်ကုန် နိုဝင်ဘာ ၂၅-၂၀၁၉ သိဂီ င်္(VOM) ရန်ကုန်မြို့က ပြည်သူပိုင်လမ်းမတွေပေါ်ထိ ကျူကျော်ပြီး အခိုင်အမာအုတ်မြစ်ချ တည်ဆောက်ထားတဲ့ နေအိမ်တွေကို သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီက နို့တစ်စာပို့ပြီး မနေ့နိုဝင်ဘာ(၂၄)ရက်က စတင်ဖျက်ဆီးနေပြီဖြစ်ပါတယ်။ ကမာရွတ်မြို့နယ် နဲ့ လှိုင်မြို့နယ်ထဲက ရပ်ကွက်တွေမှာ ပြည်သူပိုင်ဧရိယာလမ်းတွေပေါ် အစွန်းထွက် ကျူးကျော်ပြီး အုတ်မြစ်ချကာ အခိုင်အမာအိမ်နဲ့တစ်တွဲတည်း ဆောက်ထားတဲ့နေအိမ်တွေကို အဓိကထား ဖြိုဖျက်ရှင်းလင်းခိုင်းနေတာ ကိုတွေ့ရပါတယ်။ ” ပြည်သူပိုင်လမ်းပေါ် အဆောက်အဦးဆောက်တာ ဈေးဆိုင်ဖွင့်တာ လမ်းပိတ် လုပ်နေတာကို လုံးဝခွင့်မလွတ်ပါဘူး။ သူတို့အတွက်ဘာမှလည်းစဉ်းစားပေးစရာမရှိပါဘူး။ဈေးသည်ဆိုရင် လူပါးဝတဲ့ဈေးသည် ဖြစ်တယ်။ သူတို့က ချောင်ရင်ချောင်သလိုလုပ်နေတာဖြစ်တယ်။ အိမ်ဆိုလည်း ဆိုင်ဖွင့်ထားပြီး ချောင်ရင်ချောင်သလို လမ်းမပေါ် အဖီထွက်တာ ခုံခင်းတာရှီတယ်။လူသွားလမ်းပိတ်လုပ် တယ်။ ” လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောပြီးနောက် ခုလို ကျူးကျော်ဆောက်ထားတဲ့အိမ်တွေကို ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။ ခုလို လမ်းပေါ်ကျူးကျော်တည်တောက်ထားတဲ့အဆောက်အဦးတွေ ဖြိုဖျက် ဖယ်ရှားရှင်း လင်းတဲ့လုပ်ငန်းကို ရန်ကုန်မြို့စည်ပင်သာယာရေးနယ်နမိတ်အတွင်းက မြို့နယ်တိုင်းမှာ…
Read More
သိုးကောင်ရေ ၁၄၀၀၀ ကျော်တင်လာတဲ့ ကုန်တင်သင်္ဘောကြီး ရိုမေးနီးယားကမ်းလွန်မှာ တိမ်းမှောက်
ဘူခါရက်၊ နိုဝင်ဘာ-၂၅-၂၀၁၉ မျိုးဆက် (VOM) သိုးကောင်ရေ ၁၄၀၀၀ကျော်တင်ဆောင်လာတဲ့ အလွန်ကြီးမားတဲ့ ကုန်တင်သင်္ဘောတစ်စင်းဟာ ရိုမေးနီးယားကမ်းလွန်မှာ တိမ်းမှောက်သွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက တိရိစ္ဆာန်တွေကို ကယ်တင်ဖို့ ကြိုးစားနေကြပါတယ်။ ကွင်းဟိုက်ကုန်တင်သင်္ဘောဟာ ပင်လယ်နက်ကမ်းရိုးတမ်းပေါ်ရှိ ကွန်စတန်တာမြို့အရှေ့တောင်ပိုင်းအနီး မီဒီယာဆိပ်ကမ်းကနေ ထွက်ခွါလာပြီးနောက် နိုဝင်ဘာ၂၄ရက်မှာ နစ်မြုပ်သွားတာဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံသားတွေဖြစ်တဲ့ သင်္ဘောသား ၂၂ဦးလုံးကို ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သိုးတွေကို ကယ်တင်ဖို့လုပ်ဆောင်ရာမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရိုမေးနီးယား ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ လက်ရှိအချိန်ထိ သိုးကောင်ရေ ၃၂ကောင်ကို ကယ်ဆယ်ထားပြီးဖြစ်ပေမယ့် အများစုဟာ ရေနစ်သွားတာတွေ သင်္ဘောပေါ်ကနေ ရေထဲကျသွားပြီလို့ ယူဆရပါတယ်။ သိုးတွေကို ကယ်ဆယ်တဲ့လုပ်ငန်းတွေကို ဒီနေ့ညပိုင်းမှာ ရပ်နားထားပြီး နောက်တစ်နေ့မနက်မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။ သင်္ဘောတိမ်းမှောက်ရတဲ့အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။ သိုးတွေကို ကယ်တင်ပြီးချိန်နဲ့ သင်္ဘောကို ပြန်လည်ဆယ်တင်ပြီးချိန်မှာတော့ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်သွားမယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ Ref :…
Read More
VOM News
FREE
VIEW